Thursday, July 23, 2015

ရေတိုက်စားသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်လျက်ရှိ ==========================================

ရေတိုက်စားသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်လျက်ရှိ ========================================== ကနီ ဇူလိုင် ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်၌ ဇူလိုင်လ တတိယပတ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကနီ-ချောင်းမ-မုံရွာကားလမ်းပေါ်တွင် မိုင်တိုင် အမှတ် (၂၂/၇)နှင့် (၂၃/ဝ) အကြား မုဋ္ဌောချောင်းပေါ်ရှိ တံတားအမှတ် (၂/၂၃) တံတားမှာ ရေတိုက်စားမှု ကြောင့် ချဉ်းကပ်လမ်း ပျက်စီးခဲ့သည်။ အဆိုပါ တံတားမှာ ကနီမြို့နယ်မှ ပြည်သူများ မုံရွာသို့ သွားလာရာတွင် အရေးပါသော တံတားဖြစ်၍ ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ချောင်းရေပြတ်ချိန်တွင် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန္တာအောင်က ကြီးကြပ်၍ အဆိုပါတံတားဘေးမှ ယာယီမြေသားလမ်းခင်းခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ယင်းနောက် ကနီ-မင်းကင်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၆/၂)နှင့် (၆/၃) အကြားတွင် မြေသားလမ်း ပြတ်သွားပြီး (၆/၆)နှင့် (၆/၇)အကြား တောင်ဖြူ ချောင်းပေါ်ရှိ တံတားအမှတ် (၁/၇)တံတားကိုလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်းသိရသည်။ သန်းဌေးအောင်(ကနီ) ရေတိုက်စားသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်လျက်ရှိ ========================================== ကနီ ဇူလိုင် ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်၌ ဇူလိုင်လ တတိယပတ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကနီ-ချောင်းမ-မုံရွာကားလမ်းပေါ်တွင် မိုင်တိုင် အမှတ် (၂၂/၇)နှင့် (၂၃/ဝ) အကြား မုဋ္ဌောချောင်းပေါ်ရှိ တံတားအမှတ် (၂/၂၃) တံတားမှာ ရေတိုက်စားမှု ကြောင့် ချဉ်းကပ်လမ်း ပျက်စီးခဲ့သည်။ အဆိုပါ တံတားမှာ ကနီမြို့နယ်မှ ပြည်သူများ မုံရွာသို့ သွားလာရာတွင် အရေးပါသော တံတားဖြစ်၍ ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ချောင်းရေပြတ်ချိန်တွင် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန္တာအောင်က ကြီးကြပ်၍ အဆိုပါတံတားဘေးမှ ယာယီမြေသားလမ်းခင်းခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ယင်းနောက် ကနီ-မင်းကင်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၆/၂)နှင့် (၆/၃) အကြားတွင် မြေသားလမ်း ပြတ်သွားပြီး (၆/၆)နှင့် (၆/၇)အကြား တောင်ဖြူ ချောင်းပေါ်ရှိ တံတားအမှတ် (၁/၇)တံတားကိုလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်းသိရသည်။ သန်းဌေးအောင်(ကနီ)

No comments: