မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
တပ်မတော်နယ်လှည့် အခမဲ့ဆေးကုသရေးအဖွဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက် ==================
တပ်မတော်နယ်လှည့် အခမဲ့ဆေးကုသရေးအဖွဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်
==========================================
ဒေါ့ဖုန်းယန် ဇူလိုင် ၂၂
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့ ဒေသခံပြည်သူများ ကျန်းမာရေး ကောင်းမွန်စေရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ အထွေထွေရောဂါကုသမှု ပါရဂူဗိုလ်ကြီး ရဲလှိုင်ဘွား ဦးစီးသောအဖွဲ့သည် ပြည်သူ့ဆေးရုံ၌ ဇူလိုင်တတိယပတ်မှစ၍ ဒေသခံ ပြည်သူများကို အအေးမိချောင်းဆိုးရောဂါ၊ သွေတိုးရောဂါ၊ မျက်စိရောဂါ များ၊ သွားနှင့်ခံတွင်းရောဂါများ၊ ဆီးချိုရောဂါ၊ ငှက်ဖျားရောဂါနှင့် အထွေထွေ ရောဂါများ ရှာဖွေကုသပေးခဲ့ကြသည်။
အအေးမိချောင်းဆိုးရောဂါဖြစ်ပွားသူ ၄ဝ၊ သွေးတိုးရောဂါဖြစ်ပွားသူ ၂ဝ၊ ဆီးချိုရောဂါဖြစ်ပွားသူ ၁၂ ဦး၊ ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်ဦး နှင့် အထွေထွေရောဂါဖြစ်ပွားသူ ၂၈ ဦးတို့ကို အခမဲ့ဆေးကုသပေးခဲ့ကြပြီး ဖာကေကျေးရွာအုပ်စုနှင့် သိန်လုံကျေးရွာအုပ်စုများတွင်လည်း ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment