မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
တောင်ပြိုကျမှုကြောင့် ၀န်းသိုမြို့နယ်မှ နမ်းခမ်း-ဘုံချောင်းရထားလမ်းပိုင်း ပိတ်ထားရ ======================================
တောင်ပြိုကျမှုကြောင့် ၀န်းသိုမြို့နယ်မှ နမ်းခမ်း-ဘုံချောင်းရထားလမ်းပိုင်း ပိတ်ထားရ
======================================
ကသာ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသို မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘုံချောင်းဘူတာကြားနှင့် နမ်းခမ်းဘူတာအကြား မိုင်တိုင်အမှတ်(၅၆၂/၁)နှင့်(၅၆၂/၂)တွင် ဇူလိုင် ၂ဝ ရက် နံနက် ၉ နာရီခန့်က တောင်ပြိုကျခဲ့ သဖြင့် အဆိုပါလမ်းပိုင်းကို နံနက် ၉ နာရီခွဲခန့်မှ စတင်ပိတ်ထားကြောင်း သိရသည်။
ဘုံချောင်း-နမ်းခမ်းလမ်းပိုင်းကြားမှ အလျား ပေ ၈ဝ၊ အနံ ၁၅ ပေ၊ အမြင့် ၂၅ ပေခန့်ရှိ တောင်ပြိုကျခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းကို ပြုပြင် ရန်အတွက် နမ်းခမ်းရုံပိုင်ကြီး ဦးဝင်းရွှေနှင့် လမ်း ဗိုလ်ဦးကျော်မျိုးထွန်းတို့ဦးဆောင်သော ဝန်ထမ်း များ၊ မီးရထားရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် သန်းစိုး အောင်နှင့် မီးရထားရဲတပ်ဖွဲ့ဝင်များ၊ နမ်းခမ်း ရဲကင်းစခန်းမှ ရဲတပ်ကြပ်မြင့်သူနှင့် တပ်ဖွဲ့ဝင် များက နံနက် ၁၂ နာရီခန့်တွင် သွားရောက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တောင် ပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
ဦးရဲ(ကသာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment