Thursday, July 23, 2015

သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေစိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ရောက်နိုင် ====================================

သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေစိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ရောက်နိုင် ==================================== နေပြည်တော် ဇူလိုင် ၂၂ စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့အတွင်း မိုးရွာသွန်းမှုမရှိသော်လည်း ကန့်ဘလူမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေမှုနှင့် ကျွန်းလှ မြို့နယ် သဖန်းဆိပ်ဆည်တို့မှ ရေလွှတ်မှုများကြောင့် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မူးမြစ်ရေသည် ဇူလိုင် ၂ဝ ရက်မှစတင်၍ သိသိသာသာ မြစ်ရေတိုးလာသည်။ ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းမှ ဇူလိုင် ၂၂ ရက် နံနက် ၆ နာရီအထိ စိုးရိမ်ရေမှတ် ၂၅ ပေအထက် တစ်ပေကျော်လွန်၍ ၂၆ ပေအထိ တက်ရောက်ခဲ့ခြင်းကြောင့် ညောင်ပင်ဝန်းရွာ၊ ရွာသစ်ရွာ၊ တံတားဦးရွာ၊ ဒီပဲယင်းတွဲရွာ၊ သဖန်းသာရွာ၊ လက်ပံသာရွာ၊ တောင်မြို့ရွာ၊ သပြေသာရွာ၊ ညောင်ပင်ရှည်ရွာ၊ တလိုင်း ကျွန်းရွာများ စသည့် ရွာကိုးရွာတွင် ရေဝင်ရောက်မှု ရှိခဲ့သော်လည်း ညောင်ပင်ဝန်းကျေးရွာမှ အိမ်ထောင်စု သုံးစု၊ အိမ်ထောင်စုဝင် ၁၄ ဦးသာ ရေလွတ်ရာ ၎င်းတို့၏မိဘနေအိမ်များသို့ ပြောင်းရွှေ့မှုရှိသော်လည်း ကျန် ရွာများမှာမူ ပြောင်းရွှေ့ရသည့် အခြေအနေမရှိကြောင်း သိရသည်။ ရေ ဝင်သည့် စိုက်ပျိုးဧရိယာများမှာလည်း ထယ်ရေးပြင်ထားသည့် ဧရိယာ များသာ ဖြစ်သည်။ ယနေ့ နံနက် ၁ဝ နာရီတွင် မူးမြစ်ရေသည် မူလစိုးရိမ်ရေအမှတ် ၂၅ ပေမှ တစ်ပေကျော်သို့ ကျဆင်းနေသည်။ သို့သော်လည်း သဖန်းဆိပ် ဆည်ရေပိုလွှဲမှ ယနေ့နံနက် ၈ နာရီက ရေဧက ပေ ၂၂ဝဝဝ ထပ်မံရေလွှတ် ကြောင်း တာဝန်ရှိသူအဆင့်ဆင့်သို့ အကြောင်းကြားလာကြောင်း သိရ သည်။ အဆိုပါသဖန်းဆိပ်ဆည်မှ လွှတ်လိုက်သော ဆည်ရေဧကပေ ၂၂ဝဝဝ သည် ညောင်ပင်ဝန်းကျေးရွာသို့ ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီခန့်တွင် ရောက်ရှိနိုင်မည်ဖြစ်ရာ စိုးရိမ်ရေအမှတ် ၂၅ ပေအထက် နှစ်ပေခန့်ရောက်ရှိနိုင်ကြောင်း သိရသည်။ (စစ်ကိုင်းခရိုင် ပြန်/ဆက်)

No comments: