Thursday, July 23, 2015

ရေဘေးသင့်ပြည်သူများအား ၀ိုင်းဝန်းလှူ ဒါန်း =============================

ရေဘေးသင့်ပြည်သူများအား ၀ိုင်းဝန်းလှူ ဒါန်း ============================= ကသာ ဇူလိုင် ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်း မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ရေဘေးကြောင့် ဒုက္ခရောက် ကြရသူများ အများအပြားရှိလာခဲ့ သဖြင့် ရေဘေးသင့်ပြည်သူများကို စေတနာရှင် ပြည်သူများက ဝိုင်းဝန်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ကသာမြို့နယ်အတွင်းမှ လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင် ပြည်သူများက ရေဘေးသင့်ပြည်သူ များအတွက် အစားအသောက်နှင့် ဆေးဝါးများ၊ ခြုံစောင်နှင့် ခြင် ထောင်များ၊ အသက်ကယ်အင်္ကျီများ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ် အထည်များ၊ အလှူငွေများ စသည်တို့ ကို ကသာမြို့နယ်ရှိ စေတနာရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်း များမှ လှူဒါန်းကူညီခဲ့ကြသည်။ ကသာခရိုင် ကောလင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လှူဒါန်းကူညီကြရန် ကသာမြို့နယ် မီးသတ်ဦးစီးရုံးရှေ့၌ အလှူခံစခန်း ဖွင့်လှစ်ထားပြီး လှူဒါန်းငွေနှင့်ပစ္စည်း မျိုးစုံတို့ကို ကသာမီးသတ်ဦးစီးမှူး၊ ကသာခရိုင်နှင့် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စာရင်းဖြင့် လက်ခံဆောင်ရွက် ကာ ဇူလိုင်၂ဝ ရက် နှင့်၂၁ရက်တို့တွင် သွားရောက်၍ ရေဘေးသင့် ပြည်သူ များကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဖိုးနိုင်(ကသာ) ရေဘေးသင့်ပြည်သူများအား ၀ိုင်းဝန်းလှူ ဒါန်း ============================= ကသာ ဇူလိုင် ၂၂ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်း မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ရေဘေးကြောင့် ဒုက္ခရောက် ကြရသူများ အများအပြားရှိလာခဲ့ သဖြင့် ရေဘေးသင့်ပြည်သူများကို စေတနာရှင် ပြည်သူများက ဝိုင်းဝန်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ကသာမြို့နယ်အတွင်းမှ လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင် ပြည်သူများက ရေဘေးသင့်ပြည်သူ များအတွက် အစားအသောက်နှင့် ဆေးဝါးများ၊ ခြုံစောင်နှင့် ခြင် ထောင်များ၊ အသက်ကယ်အင်္ကျီများ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ် အထည်များ၊ အလှူငွေများ စသည်တို့ ကို ကသာမြို့နယ်ရှိ စေတနာရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်း များမှ လှူဒါန်းကူညီခဲ့ကြသည်။ ကသာခရိုင် ကောလင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လှူဒါန်းကူညီကြရန် ကသာမြို့နယ် မီးသတ်ဦးစီးရုံးရှေ့၌ အလှူခံစခန်း ဖွင့်လှစ်ထားပြီး လှူဒါန်းငွေနှင့်ပစ္စည်း မျိုးစုံတို့ကို ကသာမီးသတ်ဦးစီးမှူး၊ ကသာခရိုင်နှင့် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စာရင်းဖြင့် လက်ခံဆောင်ရွက် ကာ ဇူလိုင်၂ဝ ရက် နှင့်၂၁ရက်တို့တွင် သွားရောက်၍ ရေဘေးသင့် ပြည်သူ များကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဖိုးနိုင်(ကသာ)

No comments: