Thursday, July 23, 2015

နိုင်ငံရေးလုပ်တဲ့နေရာမှာ လွှတ်တော်တွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုပြီးလုပ်ကြတာရှိတယ်

နိုင်ငံရေးလုပ်တဲ့နေရာမှာ လွှတ်တော်တွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုပြီးလုပ်ကြတာရှိတယ် လွှတ်တော်တွင်းနိုင်ငံရေး လုပ်မယ်ဆိုရင်ပါတီမူဝါဒ ပါတီလမ်းစဉ်ကို ပါတီစည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ကြတာဖြစ်တဲ့အတွက် ပညာရှင်ထက် ပါတီရဲ့နိုင်ငံရေးလုပ်ဆောင်ချက် တွေကိုထဲထဲဝင်ဝင် အောက်ခြေကနေ အတွေ့အကြုံများစုဆောင်း၍ ကိုယ့်ကျွမ်းကျင်မှုကို တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အများအတွက်အကျိုးပြု လုပ်ငန်းဖြစ်တယ် လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုတာ မိမိတတ်ကျွမ်းတဲ့ပညာရပ် တွေကိုပညာရှင်တစ်ယောက် အနေနဲ့အကျိုးအမြတ်မမျှော်ကိုး ဘဲ နိုင်ငံအကျိုးပြည်သူအကျိုးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ လုပ်ငန်းဖြစ်ပါတယ် ဒီနှစ်မျိုးကို သွားပြီးရောစပ်နှိုင်းယှဉ်ခိုင်းရင် ဆိုးကျိုးများပါတယ် ပါတီဝင်နဲ့ ပညာရှင်ကြားတွေမှာ ယုံကြည်မှုပျောက်ဆုံးပြီး စည်းလုံးမှုပျက်ဆီး၍ ပါတီရေရည်တည်တံခိုင်မြဲ အောင်မြင်မှုမရှိနိုင်ဘဲ တစ်ပွဲတိုးအနေနဲ့ မလုပ်သင့်ပေ ပါတီလူကြီးရာဂဏန်းအနေနဲ့ လက်အောက်ပါတီ သိန်းဂဏန်းရဲ့ အနာဂတ် ပြည်သူတွေရဲ့အနာဂတ်ကို ရေရည်စဉ်းစားပေးတာ ပိုကောင်းပါတယ် မိမိခြံပေါက်ပါတီဝင်တွေကိုဘဲ ကိုယ်စားလှယ်လောင်းအနေနဲ့ ပြိုင်ခိုင်းပြီး ပညာရှင်တွေကို အစိုးရအကြံပေး သမ္မတအကြံပေးအဖွဲ့တွေအနေနဲ့ တာဝန်ခွဲဝေစီမံပေးတာက အားလုံးအတွက် အကောင်းဆုံးလို့ မြင်ပါတယ်

No comments: