Wednesday, July 22, 2015

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးခဲ့ပြီးနောက် ရထားလမ်းများပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိ ========================================

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးခဲ့ပြီးနောက် ရထားလမ်းများပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိ ========================================= နေပြည်တော် ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုဖြစ်စဉ်၌ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ အထက်မြန်မာ ပြည်နှင့် တိုင်းတာဝန်ခံ တိုင်း(၂) စစ်ကိုင်းတိုင်း ဒေသကြီးတို့က ကောလင်းမြို့တွင် အခြေပြု၍လည်း ကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ(မြို့ပြ)နှင့် ဒုတိယ အထွေထွေမန်နေဂျာ (စက်မှု) တို့က ကန့်ဘလူမြို့တွင် အခြေပြု၍လည်းကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ (ခရီးသည်)က ရွှေဘိုမြို့တွင် အခြေပြု၍လည်းကောင်း၊ အထွေထွေမန်နေဂျာ(မြို့ပြ) မန္တလေးမြို့တွင် အခြေပြု၍ လည်းကောင်း၊ ရေကြီးမှုဖြစ်စဉ်အပေါ် ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကံကြီးဘူတာ နှင့် ဇော်ချောင်းဘူတာကြား မိုင်တိုင် ၅၂ဝ/ ၆-၁၅ ၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် သံလမ်း ပေါ် ရေတစ်ပေခန့် ကျော်နေခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီအထိ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရေကျော်နေမှုအခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်သည်- - ကံကြီး-ဇော်ချောင်းကြားသံလမ်းပေါ် ရေလုံးဝမရှိ တော့ပါ။ လမ်းပိုင်းပြုပြင်ခြင်းအား အင်ဂျင်နီယာ အထူးရထား (DF-2014) ဖြင့် လမ်းပိုင်းအတွင်း ဝင်ရောက်၍မိုင်တိုင်-၅၂၁/၁၅-၁၇ ၌ (၆ဓx၉ဒ ) ကျောက်ကြီးများ (၄)တွဲချခြင်း လုပ်ငန်းဆောင် ရွက်ပြီးဖြစ်သည်။ ဆက်လက်၍ ကျောက်ချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ - မြန်မာ့မီးရထား တိုင်း(၂) စစ်ကိုင်းတိုင်းဒေသ ကြီးနယ်မြေတွင် ရေကြီးမှုဖြစ်စဉ်ကြောင့် မန္တလေး-မြစ်ကြီးနား ရထားများ ပြေးဆွဲခြင်း မပြုနိုင်သေးချိန်တွင် ခရီးသွားပြည်သူများ အဆင် ပြေစေရေးအတွက် ဇူလိုင် ၂ဝ ရက် မှစတင်၍ မိုးညှင်း-မြစ်ကြီးနား-မိုးညှင်း နေ့စဉ် အစုန် အဆန်အထူးရထားပြေးဆွဲလျက်ရှိသည်။ အဆန် လော်ကယ်အထူးရထားသည် မိုးညှင်းမှ နံနက် ၆ နာရီ ထွက်ခွာပြီး မြစ်ကြီးနားသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိမည်။ အစုန်လော်ကယ် အထူးရထားသည် မြစ်ကြီးနားမှ ညနေ ၃ နာရီ ထွက်ခွာပြီး မိုးညှင်းသို့ ည ၈ နာရီ ၂၃ မိနစ်တွင် ရောက်ရှိမည်။ ရိုးရိုးတန်း ခြောက်တွဲ၊ အထက်တန်း နှစ်တွဲ၊ ဘရိတ်တစ်တွဲပါသည့် တွဲဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ ဇူလိုင် ၂၁ ရက်တွင် အမှတ်(၅၆) အစုန်ရထားသည် မဲဇာဘူတာသို့ ရောက်ရှိနေပြီး ခရီးသည် ဦးရေ ၃၅ဝ ပါရှိသည်။ မဲဇာ-ဆယ်ရွာ လမ်းပိုင်းစစ်ဆေးပြီးဖြစ်ပါက မဲဇာ၌ ရပ်တန့်ထားသော အဆိုပါ မှတ်(၅၆) အစုန်ရထား အား အမှတ်(၅၅) အဆန်ရထားအဖြစ် မြစ်ကြီးနားသို့ ပြန်လှည့်ပြေးဆွဲရန် စီစဉ်ထားသည်။ အမှတ် (၅၈) အစုန်၊ အမှတ်(၄၂) အစုန်ရထားများ ကောလင်းဘူတာသို့ ရောက်ရှိထားပြီးဖြစ်သည်။ ခရီး သည် ၁၅၁ ဦးပါရှိပြီး ခရီးသည်များအား ကောလင်းမှ ကန့်ဘလူသို့ နံနက် ၆ နာရီိ ၁၅ မိနစ်တွင် ယာဉ်အမှတ် (၂ခ/၃၄၈၂)ယာဉ်ကြီးဖြင့် ခရီးသည် ၇၅ ဦး၊ ယာဉ် အမှတ်(ဝ/ ၆၃၅၄) ယာဉ်ကြီးဖြင့် ခရီးသည် ၇၆ ဦး၊ စုစုပေါင်း ၁၅၁ အား မြန်မာ့မီးရထားမှ လက်ထောက် ကြီးကြပ်ရေးမှူး(လက်မှတ်စစ်) သုံးဦးအဖွဲ့ဖြင့် လိုက်ပါ ကြီးကြပ်ပို့ဆောင်ပေးလျက်ရှိသည်။ ကန့်ဘလူဘူတာ သို့ရောက်ရှိပါက မန္တလေးသို့ အစုန်အထူးလော်ကယ် ရထားဖြင့် ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားပြီးဖြစ် သည်။ အမှတ်(၃၈) အစုန်၊ အမှတ်(၃၄) အစုန်ရထားများ သည် ကိုးထောင်ဘို့ဘူတာသို့ ရောက်ရှိထားသည်။ ခရီးသည် ၃၄၉ ဦးပါရှိသည်။ ကောလင်း-ကိုးထောင် ဘို့လမ်းပိုင်းရေကျ၍ ထိုလမ်းပိုင်းကို စစ်ဆေးပြီးစီးပါက အဆိုပါရထားများအား ကိုးထောင်ဘို့မှ ကောလင်းသို့ ပြန်လှည့်ကာ ကောလင်းမှ ကားဖြင့် ကန့်ဘလူသို့ပို့ဆောင် ပြီး ကန့်ဘလူမှ မန္တလေးသို့ အစုန် အထူးလော်ကယ်ရထား ဖြင့် လက်ဆက်ပို့ဆောင်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်သည်။ လမ်းပြုပြင်ရန် ကျောက်ရထားတွဲများ သံပေါင်များ၊ ဘေလီများ၊ တင်ဆောင်သောရထားတွဲများ စုဆောင်းသယ် ပို့ ဆောင်ရွက်လျက်ရှိမှုအခြေအနေမှာ (၁"× ၁.၅")၊ (၆"x၉") စသည့် ကျောက်အမျိုးအစားများကို ကျောက်တင်ရထားတွဲ လေးတွဲဖြင့်လည်းကောင်း၊ သံပေါင်နှင့် ဘေလီများတင်ဆောင်လျက် အင်ဂျင်နီယာ အထူး DE-1314 ရထားတွဲဖြင့် လည်းကောင်း၊ အမှတ်(၃၃၄) ကျောက်ရထား၊ စက်ခေါင်း DD -969 သည် ဇူလိုင် ၂ဝ ရက် နံနက် ၈ နာရီ မိနစ် ၄ဝ တွင် လယ်ဝေးမှ ထွက်ခွာပြီး ပျဉ်းမနားမှ ဘက်ဟိုးတင် ထားသော ရထားတွဲပါချိတ်ဆွဲ၍ ပို့ဆောင်ပေးခဲ့ရာ ထုံးဖို ရေကျော်လမ်းပိုင်းသို့ ယနေ့ နံနက် ၃ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိသည်။ ယနေ့ညနေ ၄ နာရီ မိနစ် ၂ဝ နောက်ဆုံးရရှိသတင်းမှာ မဲဇာနှင့် ဘုံချောင်းကြားလမ်းပိုင်းအား ညနေ ၃ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ရထားဖြတ်သန်းနိုင်ပြီဖြစ်သည်။ ဘုံချောင်းနှင့် နမ်းခမ်းဘူတာကြားမိုင်တိုင်အမှတ် (၅၆၂/ ၂-၃) ၌ အလျား ပေ ၈ဝ၊ အနံ ၁၅ ပေ၊ အမြင့် ပေ ၂ဝရှိ ကျောက်ရောမြေများ ပြိုကျနေသဖြင့် နံနက် ၈ နာရီမှ စတင်ရှင်းလင်းရာ မွန်းတည့် ၁၂ နာရီတွင် ပြီးစီးသဖြင့် ၄င်းလမ်းပိုင်းအား မွန်းလွဲ ၁၂ နာရီ ၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးခဲ့ပြီးနောက် ရထားလမ်းများပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိ ========================================= နေပြည်တော် ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုဖြစ်စဉ်၌ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ အထက်မြန်မာ ပြည်နှင့် တိုင်းတာဝန်ခံ တိုင်း(၂) စစ်ကိုင်းတိုင်း ဒေသကြီးတို့က ကောလင်းမြို့တွင် အခြေပြု၍လည်း ကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ(မြို့ပြ)နှင့် ဒုတိယ အထွေထွေမန်နေဂျာ (စက်မှု) တို့က ကန့်ဘလူမြို့တွင် အခြေပြု၍လည်းကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ (ခရီးသည်)က ရွှေဘိုမြို့တွင် အခြေပြု၍လည်းကောင်း၊ အထွေထွေမန်နေဂျာ(မြို့ပြ) မန္တလေးမြို့တွင် အခြေပြု၍ လည်းကောင်း၊ ရေကြီးမှုဖြစ်စဉ်အပေါ် ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကံကြီးဘူတာ နှင့် ဇော်ချောင်းဘူတာကြား မိုင်တိုင် ၅၂ဝ/ ၆-၁၅ ၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် သံလမ်း ပေါ် ရေတစ်ပေခန့် ကျော်နေခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီအထိ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရေကျော်နေမှုအခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်သည်- - ကံကြီး-ဇော်ချောင်းကြားသံလမ်းပေါ် ရေလုံးဝမရှိ တော့ပါ။ လမ်းပိုင်းပြုပြင်ခြင်းအား အင်ဂျင်နီယာ အထူးရထား (DF-2014) ဖြင့် လမ်းပိုင်းအတွင်း ဝင်ရောက်၍မိုင်တိုင်-၅၂၁/၁၅-၁၇ ၌ (၆ဓx၉ဒ ) ကျောက်ကြီးများ (၄)တွဲချခြင်း လုပ်ငန်းဆောင် ရွက်ပြီးဖြစ်သည်။ ဆက်လက်၍ ကျောက်ချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ - မြန်မာ့မီးရထား တိုင်း(၂) စစ်ကိုင်းတိုင်းဒေသ ကြီးနယ်မြေတွင် ရေကြီးမှုဖြစ်စဉ်ကြောင့် မန္တလေး-မြစ်ကြီးနား ရထားများ ပြေးဆွဲခြင်း မပြုနိုင်သေးချိန်တွင် ခရီးသွားပြည်သူများ အဆင် ပြေစေရေးအတွက် ဇူလိုင် ၂ဝ ရက် မှစတင်၍ မိုးညှင်း-မြစ်ကြီးနား-မိုးညှင်း နေ့စဉ် အစုန် အဆန်အထူးရထားပြေးဆွဲလျက်ရှိသည်။ အဆန် လော်ကယ်အထူးရထားသည် မိုးညှင်းမှ နံနက် ၆ နာရီ ထွက်ခွာပြီး မြစ်ကြီးနားသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိမည်။ အစုန်လော်ကယ် အထူးရထားသည် မြစ်ကြီးနားမှ ညနေ ၃ နာရီ ထွက်ခွာပြီး မိုးညှင်းသို့ ည ၈ နာရီ ၂၃ မိနစ်တွင် ရောက်ရှိမည်။ ရိုးရိုးတန်း ခြောက်တွဲ၊ အထက်တန်း နှစ်တွဲ၊ ဘရိတ်တစ်တွဲပါသည့် တွဲဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ ဇူလိုင် ၂၁ ရက်တွင် အမှတ်(၅၆) အစုန်ရထားသည် မဲဇာဘူတာသို့ ရောက်ရှိနေပြီး ခရီးသည် ဦးရေ ၃၅ဝ ပါရှိသည်။ မဲဇာ-ဆယ်ရွာ လမ်းပိုင်းစစ်ဆေးပြီးဖြစ်ပါက မဲဇာ၌ ရပ်တန့်ထားသော အဆိုပါ မှတ်(၅၆) အစုန်ရထား အား အမှတ်(၅၅) အဆန်ရထားအဖြစ် မြစ်ကြီးနားသို့ ပြန်လှည့်ပြေးဆွဲရန် စီစဉ်ထားသည်။ အမှတ် (၅၈) အစုန်၊ အမှတ်(၄၂) အစုန်ရထားများ ကောလင်းဘူတာသို့ ရောက်ရှိထားပြီးဖြစ်သည်။ ခရီး သည် ၁၅၁ ဦးပါရှိပြီး ခရီးသည်များအား ကောလင်းမှ ကန့်ဘလူသို့ နံနက် ၆ နာရီိ ၁၅ မိနစ်တွင် ယာဉ်အမှတ် (၂ခ/၃၄၈၂)ယာဉ်ကြီးဖြင့် ခရီးသည် ၇၅ ဦး၊ ယာဉ် အမှတ်(ဝ/ ၆၃၅၄) ယာဉ်ကြီးဖြင့် ခရီးသည် ၇၆ ဦး၊ စုစုပေါင်း ၁၅၁ အား မြန်မာ့မီးရထားမှ လက်ထောက် ကြီးကြပ်ရေးမှူး(လက်မှတ်စစ်) သုံးဦးအဖွဲ့ဖြင့် လိုက်ပါ ကြီးကြပ်ပို့ဆောင်ပေးလျက်ရှိသည်။ ကန့်ဘလူဘူတာ သို့ရောက်ရှိပါက မန္တလေးသို့ အစုန်အထူးလော်ကယ် ရထားဖြင့် ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားပြီးဖြစ် သည်။ အမှတ်(၃၈) အစုန်၊ အမှတ်(၃၄) အစုန်ရထားများ သည် ကိုးထောင်ဘို့ဘူတာသို့ ရောက်ရှိထားသည်။ ခရီးသည် ၃၄၉ ဦးပါရှိသည်။ ကောလင်း-ကိုးထောင် ဘို့လမ်းပိုင်းရေကျ၍ ထိုလမ်းပိုင်းကို စစ်ဆေးပြီးစီးပါက အဆိုပါရထားများအား ကိုးထောင်ဘို့မှ ကောလင်းသို့ ပြန်လှည့်ကာ ကောလင်းမှ ကားဖြင့် ကန့်ဘလူသို့ပို့ဆောင် ပြီး ကန့်ဘလူမှ မန္တလေးသို့ အစုန် အထူးလော်ကယ်ရထား ဖြင့် လက်ဆက်ပို့ဆောင်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်သည်။ လမ်းပြုပြင်ရန် ကျောက်ရထားတွဲများ သံပေါင်များ၊ ဘေလီများ၊ တင်ဆောင်သောရထားတွဲများ စုဆောင်းသယ် ပို့ ဆောင်ရွက်လျက်ရှိမှုအခြေအနေမှာ (၁"× ၁.၅")၊ (၆"x၉") စသည့် ကျောက်အမျိုးအစားများကို ကျောက်တင်ရထားတွဲ လေးတွဲဖြင့်လည်းကောင်း၊ သံပေါင်နှင့် ဘေလီများတင်ဆောင်လျက် အင်ဂျင်နီယာ အထူး DE-1314 ရထားတွဲဖြင့် လည်းကောင်း၊ အမှတ်(၃၃၄) ကျောက်ရထား၊ စက်ခေါင်း DD -969 သည် ဇူလိုင် ၂ဝ ရက် နံနက် ၈ နာရီ မိနစ် ၄ဝ တွင် လယ်ဝေးမှ ထွက်ခွာပြီး ပျဉ်းမနားမှ ဘက်ဟိုးတင် ထားသော ရထားတွဲပါချိတ်ဆွဲ၍ ပို့ဆောင်ပေးခဲ့ရာ ထုံးဖို ရေကျော်လမ်းပိုင်းသို့ ယနေ့ နံနက် ၃ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိသည်။ ယနေ့ညနေ ၄ နာရီ မိနစ် ၂ဝ နောက်ဆုံးရရှိသတင်းမှာ မဲဇာနှင့် ဘုံချောင်းကြားလမ်းပိုင်းအား ညနေ ၃ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ရထားဖြတ်သန်းနိုင်ပြီဖြစ်သည်။ ဘုံချောင်းနှင့် နမ်းခမ်းဘူတာကြားမိုင်တိုင်အမှတ် (၅၆၂/ ၂-၃) ၌ အလျား ပေ ၈ဝ၊ အနံ ၁၅ ပေ၊ အမြင့် ပေ ၂ဝရှိ ကျောက်ရောမြေများ ပြိုကျနေသဖြင့် နံနက် ၈ နာရီမှ စတင်ရှင်းလင်းရာ မွန်းတည့် ၁၂ နာရီတွင် ပြီးစီးသဖြင့် ၄င်းလမ်းပိုင်းအား မွန်းလွဲ ၁၂ နာရီ ၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments: