Wednesday, July 22, 2015

ကျွန်းလှမြို့၌ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့၊ အဝေးပြေးကားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ် =================================

ကျွန်းလှမြို့၌ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့၊ အဝေးပြေးကားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ် ================================= ကျွန်းလှ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ဇူလိုင် ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်း ကြကြောင်း သိရသည်။ ယင်းကဲ့သို့ လှူဒါန်းကြရာတွင် မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ဘာသာ ရေး အသင်းအဖွဲ့ကြီးက ငွေကျပ် ၁ဝ သိန်းကိုလည်းကောင်း၊ ရွှေဘိုမြို့ မြတောင်ရပ် စိန်ကမ္ဘာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးနှင့် သစ်စက်လုပ်ငန်း ဦးစိန်မြင့်- ဒေါ်နွယ်နွယ်ဦး မိသားစုတို့က မားမားခေါက်ဆွဲနှင့်ရေသန့်ဘူးများကို လည်းကောင်း၊ ရွှေဘိုမြို့ လူမှုဝန်ထမ်းဦးစီးဌာန/မူလတန်းကြိုကျောင်းမှ ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် သေဆုံးသူအတွက် အလှူငွေတို့ကို လှူဒါန်းကြ ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ-ကန့်ဘလူ အကြားရှိ ကားလမ်း များ ရေကျော်ခဲ့ရာ ကျွန်းလှမြို့သို့ အဝေးပြေးကားများ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း ဇူလိုင် ၂ဝရက်မှစ၍ ကျွန်းလှ-ကန့်ဘလူ-ရွှေဘို-မန္တလေး-ရန်ကုန် အဝေးပြေးကားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ ''ကျွန်းလှမှာ ကားလမ်းတွေရေကျော်နေလို့ ဇူလိုင် ၁၆ ရက်ကစပြီး ကားလိုင်းငါးလိုင်းစလုံး တစ်စီးမှမဝင်နိုင်ဘဲ ကန့်ဘလူမြို့မှာပဲ ရပ်ထား ရပါတယ်။ ဇူလိုင် ၁၉ ရက် ညနေမှာတော့ ရေကျသွားတဲ့အတွက် မြို့တွင်း ဝင်ရောက်လာနိုင်ပါတယ်၊ အခုအချိန်မှာတော့ ပုံမှန်ချိန်အတိုင်း ပြန်လည် ပြေးဆွဲနေပါပြီ''ဟု အောင်ရတနာဂိတ်မှူးက ပြောသည်။ မျိုးဝင်းညို-ကျွန်းလှ ကျွန်းလှမြို့၌ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့၊ အဝေးပြေးကားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ် ================================= ကျွန်းလှ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ဇူလိုင် ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်း ကြကြောင်း သိရသည်။ ယင်းကဲ့သို့ လှူဒါန်းကြရာတွင် မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ဘာသာ ရေး အသင်းအဖွဲ့ကြီးက ငွေကျပ် ၁ဝ သိန်းကိုလည်းကောင်း၊ ရွှေဘိုမြို့ မြတောင်ရပ် စိန်ကမ္ဘာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးနှင့် သစ်စက်လုပ်ငန်း ဦးစိန်မြင့်- ဒေါ်နွယ်နွယ်ဦး မိသားစုတို့က မားမားခေါက်ဆွဲနှင့်ရေသန့်ဘူးများကို လည်းကောင်း၊ ရွှေဘိုမြို့ လူမှုဝန်ထမ်းဦးစီးဌာန/မူလတန်းကြိုကျောင်းမှ ယမ်ယမ်ခေါက်ဆွဲထုပ်နှင့် သေဆုံးသူအတွက် အလှူငွေတို့ကို လှူဒါန်းကြ ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ-ကန့်ဘလူ အကြားရှိ ကားလမ်း များ ရေကျော်ခဲ့ရာ ကျွန်းလှမြို့သို့ အဝေးပြေးကားများ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း ဇူလိုင် ၂ဝရက်မှစ၍ ကျွန်းလှ-ကန့်ဘလူ-ရွှေဘို-မန္တလေး-ရန်ကုန် အဝေးပြေးကားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ ''ကျွန်းလှမှာ ကားလမ်းတွေရေကျော်နေလို့ ဇူလိုင် ၁၆ ရက်ကစပြီး ကားလိုင်းငါးလိုင်းစလုံး တစ်စီးမှမဝင်နိုင်ဘဲ ကန့်ဘလူမြို့မှာပဲ ရပ်ထား ရပါတယ်။ ဇူလိုင် ၁၉ ရက် ညနေမှာတော့ ရေကျသွားတဲ့အတွက် မြို့တွင်း ဝင်ရောက်လာနိုင်ပါတယ်၊ အခုအချိန်မှာတော့ ပုံမှန်ချိန်အတိုင်း ပြန်လည် ပြေးဆွဲနေပါပြီ''ဟု အောင်ရတနာဂိတ်မှူးက ပြောသည်။ မျိုးဝင်းညို-ကျွန်းလှ

No comments: