Wednesday, July 22, 2015

အင်းတော်အင်းရေ မြင့်တက်မှုကြောင့် အင်းဘေးရှိ မိုးစပါးစိုက်လယ်ယာမြေများ နစ်မြုပ်နေ ================================

အင်းတော်အင်းရေ မြင့်တက်မှုကြောင့် အင်းဘေးရှိ မိုးစပါးစိုက်လယ်ယာမြေများ နစ်မြုပ်နေ ================================ အင်းတော် ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီးအင်းတော် မြို့နယ်တွင် စဉ်ဆက်မပြတ်ရွာသွန်း လျက်ရှိသော မိုးကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ အင်းတော်အင်း ထဲသို့ စီးဝင်နေသော ချောင်းများ ရေကြီးရေလျှံပြီး အင်းရေများ မြင့်တက်ကာ အင်းဘေးရှိ စပါး စိုက်လယ်ကွင်းမြေများ နစ်မြုပ်လျက် ရှိကြောင်း သိရသည်။ ''အင်းဘေးကမိုးစပါးစိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမားများမှာ အင်းရွာ၊လက်ပန်ကုန်း၊သက္ကယ်ကျင်း၊ အင်းတော်၊နတ်မဟုတ်ကလေး၊ပေပင် ကျေးရွာများကတောင်သူဖြစ်ပါတယ်၊ အခုအင်းရေနစ်နေတာက ငါးရက် လောက်ရှိပါပြီ''ဟု အင်းရွာက ဦးစံဝင်းကပြောကြားခဲ့သည်။ အင်းရေမြင့်တက်ပြီး ရေလွှမ်း နေသောလယ်ဧကများသည် ယခု ရက်ပိုင်း တိုင်းတာ၍ မသိရသေး သော်လည်း အတော်များကြောင်း သိရသည်။ ''အင်းဘေးက လယ်တွေက မြစ်ဘေး၊ ချောင်းဘေးက လယ်တွေလို စိုးရိမ်စရာတော့မရှိပါဘူး။ ဒါပေမယ့် ရေကတော့ တော်တော်နဲ့ပြန်မကျ လွယ်ဘူး။ စောင့်ရတာတော့ကြာ တယ်''ဟု နတ်မဟုတ်ကလေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။ အင်းရေ မြင့်တက်မှုကြောင့် နစ်မြုပ်နေသောလယ်သမားများ၏ လယ်ယာများမှာ ချောင်းဘေး၊ မြစ်ဘေးကလယ်များလောက် စိုးရိမ် စရာမရှိသော်လည်း အင်းရေအကျကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရ သည်။ သန်းမောင်လေး အင်းတော်အင်းရေ မြင့်တက်မှုကြောင့် အင်းဘေးရှိ မိုးစပါးစိုက်လယ်ယာမြေများ နစ်မြုပ်နေ ================================ အင်းတော် ဇူလိုင် ၂၁ စစ်ကိုင်းတိုင်းဒေသကြီးအင်းတော် မြို့နယ်တွင် စဉ်ဆက်မပြတ်ရွာသွန်း လျက်ရှိသော မိုးကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ အင်းတော်အင်း ထဲသို့ စီးဝင်နေသော ချောင်းများ ရေကြီးရေလျှံပြီး အင်းရေများ မြင့်တက်ကာ အင်းဘေးရှိ စပါး စိုက်လယ်ကွင်းမြေများ နစ်မြုပ်လျက် ရှိကြောင်း သိရသည်။ ''အင်းဘေးကမိုးစပါးစိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမားများမှာ အင်းရွာ၊လက်ပန်ကုန်း၊သက္ကယ်ကျင်း၊ အင်းတော်၊နတ်မဟုတ်ကလေး၊ပေပင် ကျေးရွာများကတောင်သူဖြစ်ပါတယ်၊ အခုအင်းရေနစ်နေတာက ငါးရက် လောက်ရှိပါပြီ''ဟု အင်းရွာက ဦးစံဝင်းကပြောကြားခဲ့သည်။ အင်းရေမြင့်တက်ပြီး ရေလွှမ်း နေသောလယ်ဧကများသည် ယခု ရက်ပိုင်း တိုင်းတာ၍ မသိရသေး သော်လည်း အတော်များကြောင်း သိရသည်။ ''အင်းဘေးက လယ်တွေက မြစ်ဘေး၊ ချောင်းဘေးက လယ်တွေလို စိုးရိမ်စရာတော့မရှိပါဘူး။ ဒါပေမယ့် ရေကတော့ တော်တော်နဲ့ပြန်မကျ လွယ်ဘူး။ စောင့်ရတာတော့ကြာ တယ်''ဟု နတ်မဟုတ်ကလေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။ အင်းရေ မြင့်တက်မှုကြောင့် နစ်မြုပ်နေသောလယ်သမားများ၏ လယ်ယာများမှာ ချောင်းဘေး၊ မြစ်ဘေးကလယ်များလောက် စိုးရိမ် စရာမရှိသော်လည်း အင်းရေအကျကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရ သည်။ သန်းမောင်လေး

No comments: