Wednesday, July 22, 2015

နမ္မတီးမြို့၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ တပ်မတော်နှင့် ဒေသခံများပူးပေါင်းဆောင်ရွက် ==============================

နမ္မတီးမြို့၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ တပ်မတော်နှင့် ဒေသခံများပူးပေါင်းဆောင်ရွက် ============================== နမ္မတီး ဇူလိုင် ၂၁ ကချင်ပြည်နယ် နမ္မတီးမြို့၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ မိုးရွာသွန်းခြင်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်မှုကြောင့် နန့်ကောင်းချောင်း နှင့်နန့်ရင်းချောင်း နမ္မတီးချောင်းများ ဖြစ်သည့် ချောင်း သုံးချောင်း ပေါင်း ဆုံကာရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသည်။ မြို့တွင်း လေးရပ်ကွက်မှာ ရေလွှမ်းနစ်မြုပ်ကာ ရေဘေးဒုက္ခ ရောက်နေသောကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများကို ဇူလိုင် ၂၁ ရက် နံနက် ၁ဝ နာရီမှ စတင်ကာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူးနှင့် အမှတ်(၃၉ဝ) ခြေမြန်တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများနှင့် နမ္မတီးမြို့အုပ်ချုပ်ရေးမှူး ဦးရန်နောင် စိုးနှင့်မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရွှေလင်းသောက်ရေသန့် မှ ရေအလှူရှင်များက ပူးပေါင်းဆောင် ရွက်ကာ စက်လှေအစင်း၂ဝ ကျော် အသုံးပြုပြီး အိမ်တိုင်ရာရောက် ထမင်းထုပ်များဝေငှခြင်း၊ ရေသန့်ဘူး များ ဝေပေးခြင်းနှင့်ကျန်းမာရေး စောင့်ရှောက်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ''အခုဆိုရင် ကျွန်တော်နမ္မတီးမြို့ မှာ ရေလွှမ်းနစ်မြုပ်နေတဲ့ သစ္စာ ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ အရှေ့ ရပ်ကွက်၊ ရွှေဝါရပ်ကွက်တွေကအိုးအိမ် တွေမှာရှိနေတဲ့ရေဘေးဒုက္ခသည်တွေ ကို ကယ်ဆယ်ရေးတွေ အမြန်ဆောင် ရွက်နေကြပါတယ်''ဟု နမ္မတီးမြို့ခံ သတင်းထောက်ကပြောကြားခဲ့သည်။ နမ္မတီးတွင် ရေလွှမ်းခြင်းခံရ သော ရပ်ကွက်များရှိ လူနေအိမ်များကိုနယ်မြေခံတပ်မတော်စစ်သည်များ၊ ဒေသခံလူမှုကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့များနှင့် ဌာနပေါင်းစုံ စုပေါင်းကာ ရေဘေးကယ်ဆယ်ရေးများဆောင်ရွက်ကြောင်း သိရသည်။ သို့သော်လည်းချောင်းရေကြီးခြင်းများ မှာမလျော့သေးသဖြင့်ကယ်ဆယ်ရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် နေကြောင်းသိရသည်။ (လ/ဝဝ၂)

No comments: