Wednesday, July 22, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေကြီးရေလျှံမှုအခြေအနေများ လှည့်လည်ကြည့်ရှု ပြည်လည်ထူထောင်ရေးအတွက် ရေတို၊ရေရှည်လုပ်ငန်းများခွဲခြားပြီး ဆောင်ရွက် ================================================

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေကြီးရေလျှံမှုအခြေအနေများ လှည့်လည်ကြည့်ရှု ပြည်လည်ထူထောင်ရေးအတွက် ရေတို၊ရေရှည်လုပ်ငန်းများခွဲခြားပြီး ဆောင်ရွက် ================================================= နေပြည်တော် ဇူလိုင် ၂၁ ကန့်ဘလူမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့ အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကန့်ဘလူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဝင်များ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။ ထိုသို့ တွေ့ဆုံစဉ် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက မြို့နယ် ဆိုင်ရာ အချက်အလက်များ၊ မြို့နယ် အတွင်း ရေကြီးရေလျှံမှုအခြေအနေ များနှင့် မြို့နယ်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှုများကို ရှင်း လင်းတင်ပြသည်။ ယင်းနောက် ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်တမံများ၌ ရေကြီးရေလျှံဖြစ်ပွား ခဲ့မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ ပြန်လည်ပြုပြင်တည် ဆောက်နေမှု၊ ရေဘေးသင့်ပြည်သူ များ နေထိုင်စားသောက်ရေးနှင့် သဘာဝဘေး ကာကွယ်တားဆီးရေး အစီအမံများဆောင်ရွက်ခဲ့မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရပါ ကြောင်း၊ သဘာဝဘေးအန္တရာယ် များကို တားဆီး၍မရသော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင် ရွက်နိုင်ပါကြောင်း။ မိမိတို့အစိုးရတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အတွေ့အကြုံများ ရှိပြီးဖြစ်ပါကြောင်း၊ သဘာဝဘေး ကြုံတွေ့လာပါက ရှေးဦးစွာ အသက် ရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေ ရေးအတွက် လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းများခွဲခြားပြီး ဦးစား ပေးအလိုက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ် ပါကြောင်း။ ကန့်ဘလူမြို့နယ်အတွင်း ဖြစ် ပွားခဲ့သည့် ရေကြီးရေလျှံမှုကို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ခြင်းဖြစ်ပါကြောင်း၊ နောင် တွင်လည်း သဘဝဘေးအန္တရာယ် ကြုံတွေ့လာပါက စာနာစိတ်၊ ညှာတာ စိတ်၊ ကူညီလိုစိတ်များဖြင့် တက်ညီ လက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် အလှူရှင်များ က ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် မဟာရွှေစည် ကြီး စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကာ ဧည့်သည်တော်မှတ် တမ်းတွင် လက်မှတ်ရေးထိုးပြီး အလှူ ငွေများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ကန့်ဘလူမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ အုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်အနေဖြင့် ကျန်းမာရေး အတွက် အသုံးစရိတ်များကို ပိုမို တိုးမြှင့် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိနိုင် ရေး ကြိုးစားဆောင်ရွက်ပေးကြရန် နှင့် မိမိတို့နိုင်ငံ၏ ကျန်းမာရေးအဆင့် အတန်းမြင့်မားလာစေရန် ဆရာ၊ ဆရာမများအနေဖြင့် ရောဂါပျောက် ကင်းအောင် ကုသပေးသည့်အပြင် ကျေးရွာများသို့ ကိုယ်တိုင်သွား ရောက်၍ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအသိပညာ ဗဟုသုတ တိုးပွားလာစေရန် ပညာပေးလုပ်ငန်း များ ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ကလေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသည့် ကလေး ငယ်များအား ကြည့်ရှုပြီး အာဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေ များကို ပေးအပ်ကြသည်။ ယင်းနောက် ရဟတ်ယာဉ်များ ဖြင့် ဝန်းသိုမြို့သို့ ရောက်ရှိသည်။ ထိုမှ တစ်ဆင့် ကောလင်းမြို့သို့ မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာပြီး ကောလင်းမြို့ ဒက္ခိဏာရာမ အလယ် ကျောင်းတိုက်ရှိ သာသနာ့ဓဇ ဓမ္မာ စရိယ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ အမှူးပြုသော ဆရာတော် သံဃာ တော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ အဆိုပါကျောင်း တိုက် ဓမ္မာရုံ၌ ကျင်းပသည့် ကောလင်းမြို့နယ်အတွင်းရှိ ရေဘေး သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ သို့ တက်ရောက်သည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတက အားပေးစကားပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် နိုင်ငံ တော်သမ္မတက ပြန်လည်ပြောကြား ရာတွင် ပျက်စီးသွားသည့်လယ်များ အတွက် မျိုးစေ့၊ ထွန်ယက်စိုက်ပျိုး စရိတ်များ၊ ရေနစ်မြုပ်ခဲ့သည့် စာသင် ကျောင်း ၁၆ ကျောင်းအတွက် လိုအပ် သည့် ဖတ်စာအုပ်နှင့် စာရေးကိရိယာ များ၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ပေးမည့် အစီအမံများနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း။ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်အောင် စာရင်း ကောက်ယူသွားရန်နှင့် ဖြည့်ဆည်း ပေးရန်လိုအပ်ချက်များကို ပြည် ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တပ်မတော်တို့က ပေါင်းစပ်ညှိနှိုင်းပြီး အချိန်မီ ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဒုတိယဝန်ကြီးများက ဌာန အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေး မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် အလှူရှင်များ က ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ သည် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး ၎င်းမှတစ်ဆင့် ကောလင်းမြို့နှင့် ဝန်းသိုမြို့များ အတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့မှု အခြေအနေများကို မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့မှ အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညနေ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။ (သတင်းစဉ်)

No comments: