မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 22, 2015
ကန့်ဘလူနှင့် ကောလင်း မြို့နယ်များအတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့မှုများအား ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး
ကန့်ဘလူနှင့် ကောလင်း မြို့နယ်များအတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့မှုများအား ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး
နေပြည်တော် ၊ ဇူလိုင် - ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူနှင့် ကောလင်းမြို့နယ်များအတွင်း ဇူလိုင် ၁၆ ရက် ညနေပိုင်းမှစ၍ အဆက်မပြတ် မိုးရွာသွန်းခဲ့မှုကြောင့် ချောင်းများ ရေလျှံခြင်း ၊ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာ အနီးရှိ မင်းမြင်ဆည်ရေ မြင့် တက်ပြီး ရေပိုလွှဲမှရေများ လွှင့်ထုတ်ပစ်ရခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားရာနေရာများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေး နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် တို့က အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ အနီးကပ် ကြည့်ရှု စစ်ဆေးပြီး တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ ထို့အပြင် တပ်မတော် ရဟတ်ယာဉ် များဖြင့် အသက်ကယ်လှေများ ၊ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို အလျင်အမြန် သယ်ယူ ပို့ဆောင်ပေးကြသည်။
ထို့နောက် ဇူလိုင် ၂၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ကန့်ဘလူနှင့် ကောလင်းမြို့နယ် များရှိ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် နေရာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်း ၊ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း၊ မင်းမြင်ရေလှောင်တမံ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်သွားရန်များ လမ်းညွှန်မှာကြားခြင်း ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော တပ်မတော်သားများအား အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်တို့ ညှိနှိုင်း၍ ရေဘေးသင့် ဒေသများတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဦးစီးအခြေပြု တပ်မတော် ရဟတ်ယာဉ်များ ၊ ဖိုက်ဘာစက်လှေများ၊ တပ်မတော်သားများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment