Saturday, July 18, 2015

ကန့်ဘလူ မြို့နယ်တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ် ============================================

ကန့်ဘလူ မြို့နယ်တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ် ============================================ မုံရွာ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်၌ ဇူလိုင် ၁၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဆပ်ပြာ ချောင်းရေတိုက်စားမှုကြောင့် မလယ်- ဇီးကုန်း မိုင်တိုင်အမှတ် (၁/၆) ရှိ တံတားအမှတ် (၄/၁) တံတားအရှည် ၁ဝ ပေခန့်ရှိ ကွန်ကရစ် အမျိုးအစား တံတားချဉ်းကပ်မြေပြိုကျမှု ဖြစ်ပွားခဲ့ သော်လည်း အဆိုပါတံတား ချဉ်းကပ် လမ်း မြေပြိုကျမှုကြောင့် ယာဉ်များ သွားလာမှု ထိခိုက်ခြင်းမရှိဘဲ ဆက်လက်သွားလာလျက်ရှိသည်။ ယမန်နေ့က မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ကန့်ဘလူမြို့နယ် ဇော်ချောင်း ဘူတာနှင့် ကံကြီးဘူတာ အကြား မိုင်တိုင်အမှတ် (၅၂ဝ/၄) နှင့် (၅၂ဝ/၂ဝ) ကြားတွင် မိုးရေ ၁ ပေခန့် မီးရထားသံလမ်းပေါ်တွင် ရေကျော်နေသောကြောင့် မန္တလေး ဘက်မှလာသော အမှတ်(၅၅) အဆန် လူစီး အမြန်ရထားနှင့် အမှတ် (၄၅) အဆန်လူစီး ကောလင်းရထားတို့သည် ချပ်သင်း ဘူတာတွင် လည်းကောင်း အမှတ်၃၉ အဆန်လူစီး မိုးညှင်းရထား နှင့် အမှတ် (၄၃) အဆန် ကုန်ရထား တို့သည် ချပ်ကြီးဘူတာတွင်လည်း ကောင်း ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီက စ၍ ရပ်တန့်ထားရသဖြင့် ချပ်ကြီးဘူတာတွင် ရဲတပ်ကြပ် မြင့်နိုင်နှင့်အဖွဲ့၊ ချပ်သင်းဘူတာတွင် ရဲအုပ်လှိုင်ဝင်းအောင်နှင့် အဖွဲ့တို့က ခရီးသွားပြည်သူများအတွက် လုံခြုံ ရေးဆောင်ရွက်လျက်ရှိသည်။ အလားတူ ကောလင်း-ကျွန်းလှ-ကန့်ဘလူနတလလမ်း ကောလင်း မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ဒေါင်းမြူးချောင်းတံတားတောင်ဘက် ကန့်ဘလူမြို့နယ်အတွင်း မိုင်တိုင် အမှတ် (၃၄) နှင့် (၃၅) အကြား ကားလမ်းပေါ်တွင် အကျယ် ၁ ဖာလုံ ခန့် အနက် ၄ ပေခန့် ရေကျော် ခြင်း၊ ကောလင်း-ကျွန်းလှ-ကန့်ဘလူ နတလလမ်း မိုင်တိုင်အမှတ် (၂၄/ ၃) နှင့် (၄)အကြား ကိုးတောင်ဘို့ ကျေးရွာ နှင့် သင်တောကျေးရွာ အကြားရှိ ဇော်ချောင်းတံတား၏ မြောက်ဘက် ကပ်လျက်မြေသားလမ်း ၏ အရှေ့ဘက်ခြမ်းတွင် အကျယ် ၁ဝ ပေခန့်၊ အရှည် ပေ ၂ဝ ခန့် ရေတိုက်စားခဲ့ခြင်း၊ ကောလင်း-ကျွန်းလှ-ကန့်ဘလူ နတလလမ်း မိုင်တိုင် အမှတ်(၄/၂)နှင့်(၃)အကြား ချောင်းခြားကျေးရွာနှင့် ပေကုန်း(တ)ကျေးရွာအကြားရှိ ချောင်းကြားရေမှာ အနက် ၁၃ပေခန့် ရှိသဖြင့် ယာဉ်များ သွားလာ၍ မရကြောင်းနှင့် ဖြစ်စဉ် များဖြစ်ပွားရာသို့ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများသွားရောက်ပြီး အချိန် နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ (တိုင်းဒေသကြီး ပြန်/ဆက်)

No comments: