Saturday, July 18, 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရ၀အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် =============================================

(၆၈)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရ၀အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ============================================= နေပြည်တော် ဇူလိုင် ၁၇ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုမည်ဖြစ်သည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပမည့် (၆၈)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား News Channel ၊ Entertainment Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ နံနက် ၇ နာရီ ၄၅ မိနစ် မှစတင်ပြီး တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် နံနက် ၁ဝ နာရီ ၃၆ မိနစ်မှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား စစ်ခရာဖြင့် အလေးပြုဂါရဝအစီအစဉ် ကို ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး အဆိုတော် မေလှမြိုင်၏''အလေးပြုပါ တယ်'' ဂုဏ်ပြုတေးကိုလည်း ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments: