Wednesday, July 22, 2015

အပြောင်းအလဲ တွေ ပြည်သူက လိုချင်တယ်ဆိုတာ သဘာဝ ကျ ပါတယ်။ဝက်သားနေတိုင်းစားရရင် အမဲသားကိုပြောင်းစားချင် သလိုတခါတခါမှာ အသီး အရွက် လေးတော့ စားချင်ကြတာ သဘာဝ ပါ။ဒါပေမဲ့အပြောင်းအလည်း ဆိုတာကို တိုက်ရိုက်ချက်ခြင်း လုပ် ရင်လည်း ထိခိုက်မှု ရှိနိုင်ပါတယ်

အပြောင်းအလဲ တွေ ပြည်သူက လိုချင်တယ်ဆိုတာ သဘာဝ ကျ ပါတယ်။ဝက်သားနေတိုင်းစားရရင် အမဲသားကိုပြောင်းစားချင် သလိုတခါတခါမှာ အသီး အရွက် လေးတော့ စားချင်ကြတာ သဘာဝ ပါ။ဒါပေမဲ့အပြောင်းအလည်း ဆိုတာကို တိုက်ရိုက်ချက်ခြင်း လုပ် ရင်လည်း ထိခိုက်မှု ရှိနိုင်ပါတယ်။ကျနော် တို့ နိုင်ငံရဲ့အခြေအနေက ဝက်သားကနေ အမဲသား ပြောင်းစား ဖို့ပါ။ဒီလိုဆိုရင် ဝက်သားရောင်းတဲ့တရုတ်နဲ့ချက်ခြင်း အဆက်ဖြတ်နိုင် ပါ့လား? မိတ်ဖက်နိုင်ငံ ကိုအပြောင်းအလဲ လုပ်လို့ရပါတယ်။အိမ်နီးနားချင်းနိုင်ငံဆိုတာက အပြောင်းအလဲလုပ်လို့မရဘူးဆိုတာ ကို လည်း သတိထားရမှာပါ။ဝက်သားသည် ကြီးကလည်း ၂၀၁၁ ဒီမိုကရေစီနိုင်ငံပါလို့ ပြော လိုက်တာနဲ့ သူ့ရဲ့ဝက်သားခုတ်တဲ့ ဓါးကို သွေးပြ နေတာ တွေ့ရပါလိမ့်မယ်။မြန်မာနိုင်ငံ ရဲ့ အရှေ့နဲ့အရှေ့မြောက်ကလက်နက်ကိုင် သောင်းကျန်းသူ တွေ ထကြွလာတာ ဟာ ဝက်သားသည်ကြီးနဲ့ မဆိုင်ဘူးလို့ဘယ်သူ များ ပြော ရဲ မလဲ ။အမဲသားသည် ကလည်း သူသာ ဖောက်သည်သူမရှိရင် စားစရာ မရှိအောင် ကို လုပ်ချင်တာပါ။အတိုက်အခံပါတီ ကြီး ကို လက်ခုပ်ထဲ မှာထည့်ပြီး ရွေးကောက်ပွဲကြီးတရားမျှတရမယ်။စောင့်ကြည့်နေမယ် ပေါ့ ဗျာ ။ကျနော် တို့က အပြောင်းအလဲတွေ လိုချင်နေပါလိမ့်မယ် ဒါပေမဲ့လတ်တလောအခြေအနေရအမဲတလှဲ့ ဝက် တလှဲ့ တော့ စားသင့်ပါသေးတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံ ဟာ နိုင်ငံရေး စီးပွားရေးက အခိုင်အမာမရှိ သေး ဘူးလေ ။ကျနော် တို့ အိမ်နီးနားချင်းနိုင်ငံ တွေက စေတနာမှန်သည်ဖြစ် စေ မှားသည်ဖြစ်စေ ကျနော်တို့ဆက်ဆံနေ ရ မှာပါ။ဒါ က မပြောင်းလဲနိုင်တဲ့ပထဝီ နိုင်ငံ ရေးနဲ့ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေပါ။ကျနော်တို့က ပြောင်းလဲစေချင်သူ ပါ။ ဒါပေမဲ့ကျနော် တို့ မြန်မာလူမျိုးတွေ နဲ့သင့်တော်တဲ့အပြောင်းအလဲပါ။ အမျိုးသားရေးရပ်တည်ချက်အခိုင်အမာ မရှိပဲ နိုင်ငံကို အုပ်ချုပ်ဖို့ ဖြစ်နိုင်မလား? အဖက်ဖက်က ခြိမ်းခြောက်ခံနေရတာကို မျက်ကွယ်ပြုပြီးတပ်မတော်သားတွေလွှတ်တော်ထဲ ကထွက်သွား အော်နေရင်တော့အာ ချောင်လို့အော်တာပဲ ဖြစ်ပါလိမ့်မယ်။လာသမျှကို တံခါးဖွင့်ပေးပြီး လူ့အခွင့်အရေးနဲ့အုပ်ချုပ် မဲ့ သူတွေကို အမျိုးသားရေးစိတ်နဲ့ထိန်းသိမ်းနိုင်ဖို့က အခိုင်အမာအင်အားစုဟာတပ်မတော် ပဲ ရှိပါတယ် ။ မည်သည့် နိုင်ငံရေးစီးပွားရေး ကို မှ အုပ်ချုပ် ရေးကိစ္စတွေ ကို ဝင်ရောက် စွတ် ဖက် မှာ မဟုတ် ပေမဲ့ တိုင်းပြည်ရဲ့ အမျိုးသားရေး အတွက် တပ်မတော် ပါဝင်နေ ရ အုံးမှာ ဖြစ် ပါတယ်။တပ်မတော်ရဲ့ပါဝင်မှု ဟာ ဘယ်သူ့ အတွက်လည်း ဆိုတာ ၁၃၅ မျိုးသော နိုင်ငံသားတို့မြင်အောင်ကြည့် ဖို့လိုပါတယ်။ ဒီနေ့အထိလည်းတပ်မတော်ကို အမျိုးရေးအတွက်ပြည်သူကထောက်ခံ နေတုန်းပဲ ဖြစ်ပါတယ်။ဒါဟာအပြောင်းအလဲတွေ ကြားထဲက မပြောင်းလဲ တဲ့ တပ်မတော်ရဲ့တာဝန်

No comments: