မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 22, 2015
သစ်ခိုးထုတ်မှုဖြင့် တရားစွဲခံထားရသော တရုတ်နိုင်ငံသားအချို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျ "
သစ်ခိုးထုတ်မှုဖြင့် တရားစွဲခံထားရသော တရုတ်နိုင်ငံသားအချို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျ "
သစ်ခိုးထုတ်မူဖြင့်တရားစွဲခံရသော တရုတ်နိုင်ငံသား ၁၅၀ ကျော်အနက် ၈၅ ဦးကို ယနေ့ (ဇူလိုင်-၂၂)နံနက်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။
၈၃ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရန် အမိန့်ချလိုက်ခြင်း ဖြစ်ပြီး ကျန် နှစ်ဦးမှာမူ အရွယ်မရောက်သေးများ ဖြစ်နေ၍ ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ကြောင်း မြစ်ကြီးနားမြို့နယ်တရားရုံးသို့ရောက်ရှိနေသည့် ဝိုင်းမော်မြို့နယ်သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမိန့်ချရန် ကျန်ရှိနေသေးသည့်သူများကိုမူ ညနေပိုင်းတွင် ဆက်လက်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- မရန်)
နောက်ဆက်တွဲ သတင်း=> သစ်ခိုးထုတ်မူတွင်ပါဝင်သူ ကျန်တရုတ်နိုင်ငံသား ၇၀ ကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ် ထပ်မံချမှတ်လိုက်သည်။ တရုတ်နိုင်ငံသား ၁၅၅ ယောက်အနက် ၁၅၃ ယောက်မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရပြီး နှစ်ယောက်မှာ ဆယ်နှစ် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
7day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment