မိုးကောင်းမြို့တွင် ရေကြီးရေလျှံ ဆက်လက်ဖြစ်ပွားပြီး စာသင်ကျောင်းများနှင့် မိုးကောင်းစည်ပင်သာယာဈေး ပိတ်ထားရ===========================
၂၂..၇..၁၅-
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဇူလိုင် ၁၇ ရက်မှစတင်ကာ ရေကြီးရေလျှံခြင်း စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ ရေလွှမ်းဆဲဖြစ်ကြောင်း သိရသည်။-မိုးကောင်းမြို့ပြည်သူ့ဆေးရုံကြီးသည် ရေနစ်မြုပ်ခြင်းကြောင့် မိုးကောင်းသာသနာ့ဗိမာန်နှစ်ထပ်ကျောင်းဆောင်သို့လူနာများကိုပြောင်းရွှေ့ကာ ကုသမှုများပြုလုပ်နေသည်ဟု သိရသည်။လက်ရှိအချိန်တွင် မိုးကောင်းမြို့၏ အဓိကသွားလာရေးဖြစ်သော မန္တလေး-မြစ်ကြီးနားရထားလမ်းသည် ရေကြီးရေလျှံမှုနှင့် တံတားကျိုးကျမှုများကြောင့် ယာယီရပ်ဆိုင်းထားပြီး မြစ်ကြီးနားမှ-နဘားမြို့အထိသာ ခေါက်ပြန်ရထားပြေးဆွဲလျက်ရှိသည်။-"မဲဇာနှင့် ကောလင်းကြားက တံတားတစ်ခုခု ကျိုးသွားတယ်ထင်တယ်" ဟု မိုးကောင်းမှ မန္တလးသို့အသွား ရေကြီးသဖြင့် လမ်းမှလှည့်ပြန်ခဲ့ရသူတစ်ဦးက ပြောကြားသည်။မန္တလေး-မိုးကောင်း-မြစ်ကြီးနား ကားလမ်းများ ရေလျှံခြင်းနှင့် ပျက်စီးနေခြင်းကြောင့် ကားလမ်းများပိတ်နေခဲ့ပြီး ယနေ့တွင် ကားအနည်းငယ်သာ အ၀င်အထွက်ရှိသည်ဟု သိရသည်။-"ရေကျသွားပြီးနောက်ပိုင်း ဖြစ်လာနိုင်သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ပြန်လည်သန့်ရှင်းစေရေးပြုလုပ်ရာတွင်လိုအပ်သော ဆေးဖျန်းမှုများ၊ဆေးခတ်မှုများကိုပြုလုပ်ရန်အတွက်လည်း တတ်နိုင်သမျှ စုံစမ်းဆက်သွယ်ကာ ပြင်ဆင်ဆောင်ရွက်နေပါတယ်" ဟု ရေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မျိုးဝင်းကပြောကြားသည်။
============Eleven Media Group
No comments:
Post a Comment