Sunday, July 5, 2015

အခုနှစ်ပိုင်းအတွင်းမှာ
စနစ်တကျ အကွက်ချပြီးလိမ်နေတဲ့
ကုမ္ပဏီတွေကိုတွေ့လာရပါတယ်
ငယ်ငယ်ကအမေကပြောသလို

ဟဲ့!သူခိုးဆိုတာဂျိုမပါဘူးတဲ့။

ဒီနေ့လိမ်လည်နေတဲ့အဖွဲ့တွေဟာ
အထက်တန်းကြကြလိမ်လည်နေတာဖြစ်
ပါတယ်

လူတွေရဲ့mild setကိုပါပြောင်းပေးနိုင်သ
လိုနဲ့စိတ်ပိုင်းဆိုင်ရာတွေနဲ့ပါလူတွေကို
ချည်နှောင်ထားနေတာဖြစ်ပါတယ်

အပြောလည်းကောင်း
ရှိုးအပြလည်းကောင်း
စိတ်ပိုင်းဆိုင်ရာကအစဟန်ဆောင်
ပန်ဆောင်တွေနဲ့တည်ဆောက်ထားတာ
ကိုတွေ့ရပါတယ်

ဒါ့ကြောင့်

မိတ်ဆွေများအတွက်စိုးရိမ်မိပါသည်...

အလှကုန် ဆေးဝါးနဲ့ပတ်သက်တဲ့ကုမ္ပဏီ
တွေအခုတလောအတော်များလာပါတယ်

၂၀၁၄ဒီဇင်ဘာလတုန်းက
အလှကုန်ကုမ္ပဏီတခုကနေအစုရှယ်ရာတွေ
ခေါ်တဲ့အကြောင်းလေးပြောချင်ပါသေး
တယ်။

အစုတစုတသိန်းတဲ့
အုပ်စုတစုရဲ့ခေါင်းဆောင်ကနေ
A Bအဖွဲ့ထားပြီးလူရှာပေးရတယ်
တယောက်ရှာပေးနိုင်ရင်၂၀၀၀၀ရမယ်
ရတဲ့ငွေကိုစစခြင်းအလှကုန်ချပေးမယ်ပြော
ပါတယ်

ရောင်းယူရမယ်ပေါ့
ဒီအကြောင်းအရာကိုသေခြာသိရအောင်
သူတို့ကုမ္ပဏီကချပေးတဲ့စာအုပ်တောင်း
ထားပါတယ်

အဓိကပြောချင်တာက
အစကတည်းက
ဒီကလေးမကိုမူမမှန်တဲ့ကုမ္ပဏီကိုအစုမ
ထည့်ဖို့ပြောခြင်းပါ။

ငွေတသိန်းထည့်ရုံနဲ့၁၀%အဆင်ပြေမယ်
ဆိုတာရယ်

အစုရှယ်ရာလူရှာခိုင်းတာရယ်

ငွေအစားအလှကုန်ချပေးမယ်ဆိုတာရယ်

လူတန်းစားပညာအရည်အချင်းမရွေး
သူ့လုပ်ရည်ကိုင်ရည်အလိုက်ဘယ်လိုနေ
ရာအဆင့်ကိုရောက်သွားနိုင်တယ်ဆိုတာ
တွေကိုပါ။

ကျွန်မဆီငွေလာရှာတဲ့သူကိုမလုပ်ဖို့အတန်
တန်တားခဲ့ပါတယ်။

တားမရရုံမက တဆွေလုံး
တမျိုးလုံးအပြင် ရွာကလူတွေပါစည်းရုံးပြီး
ကားတစီးငှားပြီးရန်ကုန်ကိုထွက်သွားလိုက်
ကြတာ
ပြန်လာတော့လည်းပျော်လို့မော်လို့
သူတို့ရဲ့ကုမ္ပဏီဘယ်လောက်ကြီးကျယ်
ကြောင်းနဲ့မစားရဝခမန်းအမြတ်ငွေတွေ
တွက်ကြရင်းနဲ့ပေါ့။

ဖေဖေါ်ဝါရီမှာအမြတ်ငွေရမယ်လို့ပြောတဲ့
အဲ့ဒီညီမလေး…

ဒီနေ့မနက်လာလို့မေးကြည့်တော့

မမေးပါနဲ့တော့မမရယ်))

ရေထဲပြစ်ချလိုက်ရင်တောင် ပလုံ"လို့မြည်
အုန်းမယ်မမရေတဲ့။

အခုတော့ဒေဝါရီပဲခံသလိုလိုဘာမှန်းကိုမသိတော့ဖူးတဲ့။

တယောက်တသိန်းနဲ့ရွာပေါင်းများစွာက
တောင်သူများစွာရဲ့ငွေတွေမနည်းလှပါဘူး
အတော်ဒုက္ခရောက်သွားကြရတယ်
အလိမ်ခံရတာတောင်ရဲရဲမပြောရဲကြဘူး

ဟော…အခုရက်သတင်းကကြားရပြန်ပါပြီ

ဆေးကုမဏီတခုသတင်း

သူကစစချင်းငွေနဲ့မခင်းပါ

အဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရသောနည်းဖြစ်ပါသည်...

.ဒါပေမဲ့
.
ထိုမျှနှင့်မပြီးပါ
အဖွဲ့ ဝင်ဖြစ်သွားသည့်အလျှောက် အလုပ်တခုပါလက်ခံလိုက်ရသလိုဖြစ်ပါ
သည်။

ထိုအဖွဲ့ အစည်းအတွက် လူသစ်ထပ်မံရှာဖွေပေးရေးအလုပ်ဖြစ်ပါသည်
လူသားဘဝတွေကျန်းကျန်းမာမာနဲ့
ပျော်ရွှင်စွာရပ်တည်နိုင်ရေးဖြစ်တဲ့အတွက်
သင်ကြေကြေနပ်နပ် လုပ်ဖြစ်ပါလိမ့်မယ်
.
ဘာကြောင့်လည်းဆိုတော့
လူတွေကို

ယုံကြည်လောက်အောင်
စည်းရုံးပြီးဖြစ်နေသောကြောင့်ဖြစ်ပါတယ်

.ဘာကြောင့်ယုံကြည်ကြသလည်းဆိုတော့
လောဘကြောင့်ပင်ဖြစ်ပါတယ်

လူသစ်များများရှာနိုင်သော် လစဉ် ပုံမှန်
မည်ရွေ့ မည်မျှဝင်ငွေရှိကြောင်းနဲ့

အထောက် အထားများ..ငွေစာရင်များ ဘဏ်စာအုပ်များ ပြသတာကြောင့်ဖြစ်ပါ
တယ်။

သူတို့ရဲ့ပစ်မှတ်တွေကတော့
အလုပ်ကိုကောင်းကောင်းမလုပ်ချင်ပဲ
ငွေအချောင်ရလွယ်တာကိုသဘောကျတတ်
တဲ့လူငယ်လူရွယ်တွေ

ပညာအရည်အချင်းမရှိပေမဲ့ငွေရှိပြီးဆင်ခြင်
တုံတရားနည်းသူတွေ

လူနေခြုံကြားစိတ်နေဘုံဖြားရောက်နေသူ
တွေ

စီးပွားရေးအဆင်မပြေလို့စိတ်ဓါတ်ကျနေသူ
တွေ
အပြင်
လူများစွာရဲ့ယုံကြည်ခြင်းကိုခံကြရတဲ့
ရဟန်းသံဃာ
ဆရာဝန် ဆရာမ ကျောင်းဆရာ ဆရာမ
ကအစပါပါတယ်။

   အခုတလော  ကုမ္ပဏီတွေဟာ
မြန်မာပြည်တခုတည်းကိုအခြေမခံပဲ
နိုင်ငံများစွာပါဝင်တဲ့အဖွဲ့အစည်းမျိုးပါ။
ရန်ကုန်လိုနေရာမျိုးဟာ
ပြည်ပနိုင်ငံတွေကိုအထင်တကြီးရှိမှုအတွက်
ရှေ့ကိုပေးထားတဲ့မျှော်လင့်ချက်တွေက
ဥယောပခရီးစဉ်တွေပဲဖြစ်ပါတယ်။
ဒါတွေကအပေါ်ယံလေ့လာရသလောက်
ပြောတာပါ။
နောက်ပိုင်းလေ့လာပြီးတင်ပြနိုင်အောင်
ကြိုးစားပါမယ်။

အလိမ်အညာခံရခြင်းဟာ

အားနာလို့အလိမ်ခံရတယ်
သနားတတ်လို့အလိမ်ခံရတယ်
လောဘကြီးလို့အလိမ်ခံရတယ်

အားနာတတ်တာ
သနားတတ်တာထက်ဆိုးတာက
လောဘပါပဲ။

ဒီစာလေရေးရခြင်းက
အခုတလောအလိမ်ခံရတော့မဲ့သူတွေကို
မြင်နေရလို့ပါ။

ဇတ်ရှိန်တက်နေတုန်းသွားပြောရင်လည်း
ယုံကြမယ်မဟုတ်ပါဘူး

ဒါတွေကိုအလိမ်အညာတွေဆိုတာ
ဘယ်လိုပြောရပါ့မလည်းနော်"

No comments: