Sunday, July 5, 2015

"တင့်ကားများဖြတ်သွားနိုင်ရန် လိုင်ဇာတံတားကို ကာချုပ်မင်းအောင်လှိုင်အမိန့်ဖြင့် ပြင်ဆင်"

မကြာခင်ရက်ပိုင်းအတွင်းက မိုးကောင်း-ဖားကန့်လမ်းရှိ ခရီးသည်ကားများကို KIAအဖွဲ့မှ အကြောင်းမဲ့ပြစ်ခတ်သဖြင့် ကာချုပ်မင်းအောင်လှိုင်က လိုင်ဇာမြို့ကိုပြာချပြစ်မည်ဟု ရာဇသံပေးထားကြောင်း မြ၀တီသတင်းမီဒီယာကဖော်ပြခဲ့သည်။

ဗန်းမော်-မြစ်ကြီးနားကားလမ်းရှိ လိုင်ဇာတံတားကိုလဲ တင့်ကားများဖြတ်သန်းနိုင်ရန် ပြုပြင်နေပြီဖြစ်ကြောင်း မပခတပ်ရင်းမှ အမည်မဖော်လိုသူစစ်ဗိုလ်တစ်ဦးက မြစ်ကြီးနားသတင်းအဖွဲ့ကို အခုလိုပြောခဲ့ပါတယ်။

"ပြည်သူတွေထိခိုက်အောင်ဆက်လုပ်နေရင်တော့ ကျွန်တော်တို့က KIAဌာနချုပ်ကို ထိုးစစ်ဆင်ရတော့မှာပဲ။ အခု တင့်ကားတပ်လဲမကြာခင်ရောက်လာတော့မှာပါ။ ၁၀၅မမ နဲ့လဲ ကျွန်တော်တို့လိုင်ဇာမြို့ကိုချိန်ထားပါတယ်။ ထပ်ဖြစ်ရင်သတိပေးတဲ့အနေနဲ့ ပြစ်မယ်လို့ တရားဝင်ပြောထားပါတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးပဲနေတာမှမဟုတ်တာ တိုင်းရင်းသားတွေအကုန်ရှိတာပဲ ..လူးပါးဝရင်တော့ အကုန်အမြစ်ဖြုတ်မှာပါ..ကချင်ပြည်နယ်အတွင်းက ကျန်တဲ့တိုင်းရင်းသားတွေကလည်း တောင်းဆိုနေကြပြီလေ" လို့ပြောကြားခဲ့ပါတယ်

မကြာခင် စစ်ရေးတင်းမာမှုတွေ ပိုမိုပြင်းထန်လာမှာကိုလည်း ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

No comments: