Sunday, July 5, 2015

"KIAလက်နက်ကိုင်အဖွဲ့ကိုတိုက်ထုတ်ရန် ရှမ်းနီများ ပြည်သူ့စစ်ဖွဲ့ပြီး မြန်မာ့တပ်မတော်နှင့်ပူးပေါင်း"
====================================
၂.၆.၂၀၁၅ ရက်နေ့က မိုးကောင်းမြို့တွင် ရှမ်းနီပြည်သူ့စစ်နှင့် မြန်မာ့တပ်မတော်တို့ လုံခြုံရေးတာဝန်ကို ပူးပေါင်းထမ်းဆောင်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့သည်ဟု mizzima news ကဖော်ပြခဲ့သည်။

ရှမ်းနီပြည်သူ့စစ်ကို တိုင်းလိုင်ရှမ်းနီ လူမျိုးများဖြင့်ဖွဲ့စည်းထားပြီး အင်အား၁၅၀ခန့်ရှိသည်။

ရှမ်းနီပြည်သူ့စစ်အဖွဲ့မှ ကိုစိုင်းပီး (နာမည်လွှဲ) ဆိုသူကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တပ်မတော်နှင့်ပူးပေါင်းရခြင်းနှင့်ပတ်သတ်၍ မြစ်ကြီးနားသတင်းအဖွဲ့က မေးမြန်းဖြစ်ခဲ့ပါတယ်-
"အဖွဲ့မှာတော့ အင်အား၁၅၀ကျော်ရှိပါတယ် ..မိုးကောင်း၊မိုးညှင်းနယ်မြေတွေမှာ လုံခြုံရေးတာဝန်ယူမှာပါ။ ဖွဲ့စည်းဖြစ်ခဲ့ပုံက လက်နက်မဲ့တိုင်းရင်းသားတွေကို KIAအဖွဲ့က ဆက်ကြေးကောက် ရိုက်နှက်နှိပ်စက်နေမှုမခံနိုင်တော့လို့ပဲ။ နန့်မီးလောင်အထက်က ရေပြာမှော်တွေမှာလဲ သူတို့(KIA)တွေ ကြီးစိုးနေတယ်..ရွာတွေမှာဆက်ကြေးကောက်တယ်..မပေးရင် သေနတ်ဒင်နဲ့ရိုက်တယ်...အပြစ်မဲ့ပြည်သူတွေ သူတို့ထောင်ထားတဲ့ မိုင်းတွေနင်းမိတယ်.. အကြောင်းမဲ့ခရီးသွားကားတွေကို ပြစ်ခတ်လို့ ပြည်သူတွေအသက်ဆုံးရှုံးရတယ်။ အဲ့ဒီကောင်တွေ(KIA) သူတို့လူမျိုးတွေ အများဆုံးရှိမဲ့ရွာတွေမြို့တွေမှာ အဲ့ဒီလိုလုပ်မယ်လို့ခင်ဗျားတို့ထင်လား... အခုလဲ တပ်မတော်ဘက်က ကျွန်တော်တို့ကို စစ်ရေးသင်တန်းတွေပေးထားပြီ လက်နက်တွေလဲထောက်ပံ့ထာတယ်...ဒီလိုပဲဆက်လုပ်နေရင်တော့ KIAအဖွဲ့ ဇာတ်သိမ်းကောင်းမှာမဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်"   လို့ ပြောကြားခဲ့ပါတယ်။

မိုးကောင်းမြိုနယ် ဆားမှော်ရွာမှာလည်း မြန်မာစစ်တပ်က ရှမ်းလူမျိုးများကို စစ်ရေးသင်တန်းပေးနေပါတယ်။
အချို့ဘုန်းတော်ကြီးများလည်း စစ်သင်တန်းကို တက်ရောက်နေပါတယ်။

KIA ရှေ့တန်းရှိအချို့စခန်းများမှာ အစာရေစာပြတ်လပ်မှုနှင့် အချင်းချင်းစိတ်ဝမ်းကွဲမှုတွေဖြစ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ KIOဆက်ဆံရေးရုံးကို မြစ်ကြီးနားသတင်းအဖွဲ့က ဖုန်းဆက်မေးသော်လည်း မဖြေကြားခဲ့ပါ။

No comments: