Sunday, July 5, 2015

ဗိုလ်ချုပ်ဂွမ်မော် တရုတ်ပြည်ထဲတိမ်းရှောင်နေစဉ် တရုတ်မီဒီယာတစ်ခုမှ အင်တာဗျူးလုပ်ထားသည့် ဗီဒီယိုဖိုင်ပြန့်နှံ့
==================================

လွန်ခဲ့သည့် ၂နှစ်ကျော်ခန့်က KIAတပ်များကို မြန်မာစစ်တပ်မှ တိုက်လေယာဉ်၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ထိုဖြစ်စဉ်အတွင်း KIAဘက်မှ အများအပြားကျဆုံးပြီး ဗိုလ်ချုပ်ဂွမ်မော်သည်လည်း ငှင်းပိုင်ဆိုင်သမျှကိုစွန့်ခွာပြီး တရုတ်ပြည်ထဲရှိ အသင်ဝ့ယ်ယူထားသောအိမ်၌ ၁၀ရက်ခန့်တိမ်းရှောင်နေခဲ့သည်။

ထိုသို့တရုတ်ပြည်ထဲသို့တိမ်းရှောင်နေစဉ်အတွင်း China daily newsမှ သတင်းထောက်တစ်ဦးက ဗိုလ်ချုပ်ဂွမ်မော်တိမ်းရှောင်နေသောအိမ်၌ အင်တာဗျူးပြုလုပ်ခဲ့သည်။

ထိုအင်တာဗျူးအစီအစဉ်၌ ဗိုလ်ချုပ်ဂွမ်မော်ကို မိမိ၏တပ်သားများအား စွန့်ခွာပြစ်ထားခဲ့မှုနှင့်ပတ်သတ်ပြီး လှောင်ပြောင်မေးမြန်းသည့် ဗီဒီယိုအင်တာဗျူးအစီအစဉ်သည် ၂နှစ်ကျော်ခန့်ကြာပြီးမှ လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ ပြန့်နှံ့လာခြင်းဖြစ်သည်။

KIO ရုံးမှ ဗိုလ်ချုပ်ဂွမ်မော်သည် တရုတ်ပြည်ထဲသို့တိမ်းရှောင်မနေကြောင်းငြင်းဆိုထားသော်လည်း ဗီဒီယိုဖိုင်များထွက်လာခဲ့ခြင်းအပေါ် ကချင်ပြည်သူများက ယင်းလုပ်ရပ်အတွက် အပြင်းအထန်ဝေဖန်လျက်ရှိသည်။

ယခုအခါ KIOရုံးမှ ကချင်ပြည်နယ်အတွင်းနေထိုင်သူများအား လူမှုကွန်ရက်စာမျက်နှာများ၌ ယင်းဗီဒီယိုဖိုင်ကို ဖြန့်ဝေခြင်းမပြုကြရန် ပြင်းပြင်းထန်ထန်သတိပေးထားတယ်လို့ သတင်းတွေထွက်နေပါတယ်။

No comments: