Sunday, July 5, 2015

ကချင်စစ်ဘေးရှောင်များ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်တောက်

ဇူလှိုင်လ ၅ ရက်၊ ၂၀၁၅

ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်း များတွင် UN အထောက်အပံများ ဖြတ်တောက်ခံရ မူ ကြောင့် စစ်ဘေးရှောင်များ ဆေးဝါးများနှင့် အစားအသောက်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

" လက်ရှိမှာ ကလေးတွေရဲ့ ပညာရေး ရန်ပံငွေလည်းမရောက် တော့ဘူး။ UNကလည်းထောက်ပံမူမလာဘူး။ပြည်ထောင်စုအစိုးရအဖွဲကထောက်ပံခွင့်ပေးပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုဘူး။ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းကလှူတာတွေတော့ရှိတယ်။လုံလောက်မူမရှိဘူ" ဟု နှစ်ခြင်းသင်းအုပ် ဆရာတစ်ဦးကပြောသည်။

ယခုလက်ရှိအချိန် တွင် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း စုစုပေါင်း ( ၁၅၃) ခုရှိပြီး အစိုးရထိန်းချုပ်ဧရိယာအတွင်း ( ၁၂၂ ) ခု နှင့် KIO ထိန်းချုပ်ဧရိယာအတွင်း ( ၃၁) ခရှိကာ KIO ထိန်းချုပ်နေမြေအတွင်း ဇွန်လအထိ နောက်ဆုံးရှိနေသည့် ဒုက္ခသည် အရေအတွက်မှာ (၅၁၅၁၇)ဦးရှိကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် မှသိရသည်။

ထိုအပြင် KIO ထိန်းချုပ်နယ်မြေမှ ဒုက္ခသည်နယ်မြေမှ ဒုက္ခ သည်များ
အနေဖြင့် ယခင်က ဆန်ခြောက်ပြည်ခြောက်လုံးနှင့် ဆီတစ်လီတာ ရသော်လည်း ယခုအခါ နိုင်တကာထောက်ပံရေးများကို ကချင်ပြည်
နယ်အစိုးရက ပိတ်ပင်မူများပြုလုပ်လာသောကြောင့် ဇူလိုင်လမှစ၍ ဆန်သုံးပြည် နှင့်ဆီတစ်လီတာ သာပေးတော့ကြောင်း သိရသည်။
"ပူတာမြို့ရှိစစ်ဘေးရှောင်စခန်းမှာက ဒုက္ခသည်တွေ တော်တော်ခက်ခဲတယ် လူဦးရေ စုစုပေါင်း၂၅၉ ယောက်ရှိတယ် အဲဒီမှာ အယောက် ၁၂၀ မှာ ငှက်ဖျားနဲ့ ဖျား နေတယ်သူတို့က UNHCR ကပေးတဲ့ ယာယီမိုးကာ
တဲ ထဲနေရတယ် မိုးအရမ်းဆိုးတော့ မခံနိုင်ဘူး အဲဒါကြောင့် ဖျားတဲ့လူများတယ်" ဟု KBC က ဆရာ လမာယော က ပြောသည်။
KIO ထိန်းချုပ်နေမြေထဲရှိ စစ်ဘေးရှောင်များမှာငှက်ဖျားရောဂါနဲ့ဝမ်း
လျှောရောဂါများ ခံစားနေရကြောင်း ကချင်ပြည်နယ်ငြိမ်းချမ်းရေးကွန်ရက်
မှ သိရသည်။

" မိုးရာသီဆိုတော့ ကလေးရော လူကြီးရော ငှက်ဖျားရောဂါဖြစ်နေကြတယ်။ ဝမ်းလျှောတာနဲ့ ဖျားတာနာတာတွေလည်းဖြစ်နေတယ်။ အစိုးရစစ်တပ် ထိန်းချုပ်ဒေသတွေက မြို့နဲ့နီးတဲ့ ဆေးရုံမှာ သွားရောက်ကုသလို့ရပေမယ့် KIO ထိန်းချုပ်နေမြေက ဒုက္ခသည်တွေကြတော့ လာခွင့်မပေးဘူး " ဟု ကချင်ပြည်နယ်ငြိမ်းချမ်းရေးကွန်ရက်မှ ညိုနှိုင်းရေးမူး ဒေါ်ခွန်ဂျာ ကပြောသည်။

ငှက်ဖျားနှင့် ဝမ်းရောဂါများ ကုသရန် ဆေးဝါး အခက်အခဲရှိနေခြင်းမှာ နိုင်ငံတကာအထောက်အပံများ လျော့ကြလာခြင်းဖြစ်သည် ဟု အဆိုပါ ကွန်ရက်မှ သိရသည်။

Popular Myanmar News Journal

No comments: