Sunday, July 5, 2015

ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ KIA အဖွဲ့ဆက်ကြေးကောက်ခံ

ဇူလှိုင်လ ၄ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးရွာများအတွင်း၌ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချနေသော အိမ် ဈေးဆိုင်များအား  KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံလျက်ရှိကြောင်း ဈေးဆိုင်ဖွင့်ထားသော ဒေသခံ များထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ လ၀ါးကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း နေအိမ်များတွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင် များမှ ဆက်ကြေးငွေ ၂၀၀၀၀ မှ ၄၀၀၀၀ အထိ ကောက်ခံထားကြောင်းနှင့် စားသောက်ဆိုင်သို့ KIA အဖွဲ့ဝင် များ လာရောက်စားသောက်သွားသည့်အပြင် ဆက်ကြေးငွေများလည်း ကောက်ခံသွားကြောင်း စားသောက် ဆိုင်ဖွင့်ထားသော ဒေသခံတစ်ဦးမှ ပြောပြခဲ့ပါ သည်။

အဆိုပါဆက်ကြေးငွေတောင်းခံမှုနှင့်ပတ်သက်၍ “ကျွန်တော်တို့က ဈေးဆိုင် ဆိုပေမယ့် ဆိုင်ကြီးဖွင့်ပြီး ရောင်းတာလည်းမဟုတ်ဘူး ကျွန်တော်တို့ ခြံထဲမှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ မုန့်ပဲသရေစာ လေးတွေ ကို ပိုက်ဆံတတ်နိုင်သလောက်လေး တင်ပြီးရောင်းကြတာပါ အဲဒါကို အခုလို ဆက်ကြေးတောင်း တယ်ဆိုတော့ လွန်လွန်းတာပေါ့ဗျာ။ ပြောပြပေမယ့်လည်း KIA အဖွဲ့က လက်မခံဘဲ ဆက်ကြေးမပေးချင်ရင် သူတို့အဖွဲ့ထဲကိုဝင်ရမယ် ခိုင်းတာလုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာ မျိုးတွေရှိတော့လည်း ရှိတာလေး တွေ ပေးကြရတာပေါ့။ ဒီလိုမျိုး KIA အဖွဲ့ရဲ့ ဆက်ကြေးကောက်ခံမှုတွေကနေ ဘယ်တော့များမှ လွတ်မြောက် မယ်မသိဘူး” ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။

ယခုရက်ပိုင်းအတွင်းတွင် KIA၊ TNLA အဖွဲ့တွေနဲ့ အစိုးရတပ်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် KIA အဖွဲ့မှ ဒေသခံများအား ဆက်ကြေး ကောက်၊ လူသစ်စုဆောင်းခြင်းများကို ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှလည်းပြောပြခဲ့ပါသည်။

နော်ဂျာ(ဖားကန့်)

No comments: