သင်းအုပ်ဆရာများအား ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံရန် KIA အဖွဲ့မှ တာဝန် ပေး
ဇူလှိုင်လ ၅ ရက်၊ ၂၀၁၅
ကာမိုင်းမြို့နယ်အတွင်းမှ သင်းအုပ်ဆရာများအား ရိက္ခာနှင့်ဆက်ကြေးငွေများ ကောက်ခံရန်အတွက် KIA အဖွဲ့က ဇူလိုင်လ၂ ရက်နေ့မှစတင်၍ တာဝန်ပေးအပ်ခဲ့ကြောင်း သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။
KIA အဖွဲ့ဝင်များ စားသောက်ရန်အတွက် အစားအသောက်များနှင့် ဆက်ကြေးငွေများအား ဒေသခံများထံမှ တောင်းခံရာတွင် မြို့နယ်ကျေးရွာများအလိုက် ဘာသာရေးသင်းအုပ်/ ဓမ္မဆရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် တောင်းခံခိုင်းသွားမည်ဖြစ်ကြောင်း KIA အဖွဲ့မှ ပြောကြားခဲ့သည်ဟု ကာမိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် KIA အဖွဲ့အနေဖြင့် ဇွန်လအတွင်းကလည်း လူသစ်စုဆောင်းရန်အတွက် ကျေးရွာများရှိ ကချင်လူငယ်များအား ဘာသာရေးအကြောင်းပြ၍ ဟောပြောစည်းရုံးခြင်းများပြုလုပ်ရန် သင်းအုပ်ဆရာများအား စေခိုင်းခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောသည်။
“ကျနော်တို့ ကချင်မျိုးနွယ်စုတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ဒီဘာသာရေး သင်းအုပ်ဆရာတွေကို KIA အဖွဲ့တွေက လက်နက်အားကိုးပြီး သူတို့ရဲ့ လက်အောက်ခံစစ်သားတွေလို စေခိုင်း နေတဲ့ လုပ်ရပ်တွေကို ကျနော့် အမြင်ပြောရမယ်ဆိုရင် ဒါဟာဘာသာရေးကို စော်ကားနေတာပဲဗျ… လုံးဝ မဖြစ်သင့်ပါဘူး” ဟု ၎င်းကဆိုသည်။
နော်ဂျာ(ဖားကန့်)
No comments:
Post a Comment