Friday, July 17, 2015

လယ်ယာလုပ်ကိုင်နေသော ရွာသားများအား KIA အဖွဲ့ဝင်များမှ အတင်းအကြပ် လူသစ်စုဆောင်း

လယ်ယာလုပ်ကိုင်နေသော ရွာသားများအား KIA အဖွဲ့ဝင်များမှ အတင်းအကြပ် လူသစ်စုဆောင်း ဇူလှိုင်လ ၁၇ ရက်၊ ၂၀၁၅ KIA အဖွဲ့ဝင်များအနေဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ညောင်တောကျေးရွာနှင့် ကဆုန့်ကျေးရွာကြားရှိ လယ်တောများတွင် လယ်ယာလုပ်ကိုင်နေကြသော ဒေသခံတိုင်းရင်းသားများအား ဆေးဝါးကုသရန် အကြောင်းပြပြီး အတင်းအကြပ် လူသစ်စုဆောင်းလျက်ရှိကြောင်း ယင်းဒေသခံ ရွာသားတစ်ဦးထံမှ ကြားသိရ သည်။ `` KIA အဖွဲ့တွေ ရွာထဲကို ၀င်လာတယ်၊ ဆေးကုပေးမယ်ပြောလို့ ရွာသူရွာသားတွေလည်း သွားကြတာပေါ့၊ ဟိုလည်း ရောက်ရော ကျန်းမာရေးမကောင်းတဲ့သူတချို့ ပြကြည့်တော့ တကယ်လည်း ဆေးမကုတတ်ပါဘူး၊ ဟန်ပြပါပဲ၊ အဲဒီကို လာတဲ့ လူငယ်တွေကို ဆေးကုပေးသလို ဘာလိုနဲ့ လူသစ်အဖြစ် အတင်းဖမ်းသွားတာ၊ နောက်တစ်ခါ ရွာကို သူတို့ အဖွဲ့လာရင် ရွာသားတွေက သွားကြမှာ မဟုတ်တော့ပါဘူး၊ သူတို့အကြောင်း မသိတဲ့လူတချို့သာ သွားရင် သွားကြမှာပေါ့၊ သူတို့အဖွဲ့ကို အယုံအကြည်မရှိတော့ပါဘူး၊ လူငယ်တွေကိုလည်း မိဘတွေက အခြားမြို့ရွာတွေကို ပို့ဖို့ စီစဉ်နေကြတယ်၊ ဆေးကုပေးမယ်လို့ အယောင်ဆောင်ပြီး လူသစ်စုနေတဲ့ KIA အဖွဲ့ရဲ့ လက်ကနေလွတ်အောင် ရွာသားတွေ သတိနဲ့ နေနေကြရတယ် ´´ ဟု ညောင်တောကျေးရွာမှ ရွာသားတစ်ဦးက ပြောကြားသွားပါသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆေးဝါးကုသပေးခြင်းကို အကြောင်းပြကာ လူသစ်များ မကြာခဏစုဆောင်း နေခြင်း များကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် လူငှားလိုက်လံရှာဖွေသော်လည်း လုပ်ကိုင်မည့်သူ မရှိသဖြင့် စပါးစိုက်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံလယ်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် KIA အဖွဲ့အနေဖြင့် အင်အားစုဆောင်းခြင်းဖြစ်နိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းကို မလုပ်နိုင်သဖြင့် မိသားစုစားဝတ် နေရေးအတွက် ဒုက္ခရောက်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်) လယ်ယာလုပ်ကိုင်နေသော ရွာသားများအား KIA အဖွဲ့ဝင်များမှ အတင်းအကြပ် လူသစ်စုဆောင်း ဇူလှိုင်လ ၁၇ ရက်၊ ၂၀၁၅ KIA အဖွဲ့ဝင်များအနေဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ညောင်တောကျေးရွာနှင့် ကဆုန့်ကျေးရွာကြားရှိ လယ်တောများတွင် လယ်ယာလုပ်ကိုင်နေကြသော ဒေသခံတိုင်းရင်းသားများအား ဆေးဝါးကုသရန် အကြောင်းပြပြီး အတင်းအကြပ် လူသစ်စုဆောင်းလျက်ရှိကြောင်း ယင်းဒေသခံ ရွာသားတစ်ဦးထံမှ ကြားသိရ သည်။ `` KIA အဖွဲ့တွေ ရွာထဲကို ၀င်လာတယ်၊ ဆေးကုပေးမယ်ပြောလို့ ရွာသူရွာသားတွေလည်း သွားကြတာပေါ့၊ ဟိုလည်း ရောက်ရော ကျန်းမာရေးမကောင်းတဲ့သူတချို့ ပြကြည့်တော့ တကယ်လည်း ဆေးမကုတတ်ပါဘူး၊ ဟန်ပြပါပဲ၊ အဲဒီကို လာတဲ့ လူငယ်တွေကို ဆေးကုပေးသလို ဘာလိုနဲ့ လူသစ်အဖြစ် အတင်းဖမ်းသွားတာ၊ နောက်တစ်ခါ ရွာကို သူတို့ အဖွဲ့လာရင် ရွာသားတွေက သွားကြမှာ မဟုတ်တော့ပါဘူး၊ သူတို့အကြောင်း မသိတဲ့လူတချို့သာ သွားရင် သွားကြမှာပေါ့၊ သူတို့အဖွဲ့ကို အယုံအကြည်မရှိတော့ပါဘူး၊ လူငယ်တွေကိုလည်း မိဘတွေက အခြားမြို့ရွာတွေကို ပို့ဖို့ စီစဉ်နေကြတယ်၊ ဆေးကုပေးမယ်လို့ အယောင်ဆောင်ပြီး လူသစ်စုနေတဲ့ KIA အဖွဲ့ရဲ့ လက်ကနေလွတ်အောင် ရွာသားတွေ သတိနဲ့ နေနေကြရတယ် ´´ ဟု ညောင်တောကျေးရွာမှ ရွာသားတစ်ဦးက ပြောကြားသွားပါသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆေးဝါးကုသပေးခြင်းကို အကြောင်းပြကာ လူသစ်များ မကြာခဏစုဆောင်း နေခြင်း များကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် လူငှားလိုက်လံရှာဖွေသော်လည်း လုပ်ကိုင်မည့်သူ မရှိသဖြင့် စပါးစိုက်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံလယ်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် KIA အဖွဲ့အနေဖြင့် အင်အားစုဆောင်းခြင်းဖြစ်နိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းကို မလုပ်နိုင်သဖြင့် မိသားစုစားဝတ် နေရေးအတွက် ဒုက္ခရောက်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: