Friday, July 17, 2015

ဖားကန့်ရေကြီးမှု နေအိမ်များနစ်မြှုပ်

ဖားကန့်ရေကြီးမှု နေအိမ်များနစ်မြှုပ် ဇူလှိုင်လ ၁၇ ရက်၊ ၂၀၁၅ ဇူလိုင် ၁၆ ရက် ညမှစ၍ ဥရုချောင်းရေ မြင့်တက်လာပြီး မြို့မ၊ ငှက်ပျောတော၊ မရှိကထောင်နှင့် အေးမြသာယာရပ်ကွက်များတွင် လူနေအိမ်များရေနစ်မြှုပ်သည်အထိ ရေကြီးနေခြင်းဖြစ်ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။ မိုးဆက်လက် ရွာနေဆဲဖြစ်ပြီး လက်ရှိရေမှတ်များထက် မြင့်တက်လာပါက ရေဘေးသင့်အိမ်ထောင်စုများကို ရေရာ ရွှေ့ပြောင်းရန် စီစဉ်ထားသည်ဟု ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နှင့် ၅ ရက်က ဥရုချောင်းရေ မြင့်တက်လာကာ ဖားကန့်မြို့တွင် ရေလွမ်းမိုးမှု နှစ်ရက်ကြာ ရင်ဆိုင်ခဲ့ရဖူးသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယခုရက်ပိုင်း နေရာကွက်၍ မိုးကြီးနိုင်ပြီး ဒေသတွင် မြစ်၊ချောင်းများ ရေ ရုတ်တရက် မြင့်တက်လာနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ တောင်တန်းဒေသများတွင် မိုးကြီးပါက ရေလွမ်းမိုးမှုအပြင် မြေပြိုမည့် အန္တရာယ်ပါ သတိပြုသင့်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ 7 Day

No comments: