Wednesday, July 22, 2015

မူဆယ်မြို့ လူနေရပ်ကွက်အတွင်း KIA အဖွဲ့မှ ဗုံးထောင်ဖောက်ခွဲခဲ့ ========================================

မူဆယ်မြို့ လူနေရပ်ကွက်အတွင်း KIA အဖွဲ့မှ ဗုံးထောင်ဖောက်ခွဲခဲ့ ======================================== ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရှိရ ပါသည်။ ဗုံးဖောက်ခွဲခံရ သည့်နေရာမှာ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ ဒေါ်အားယေ့ ပိုင်ဆိုင်သော ဆန်ဂိုဒေါင်ရှေ့ အုတ်တံတိုင်း အောက်ခြေတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်ပစ္စည်းများ ထိခိုက်မှုမရှိသော်လည်းအုတ်တံတိုင်း အောက်ခြေမှာ အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ “ ဒီလအစောပိုင်းက ဂိုဒေါင်ရှေ့မှာ စာတစ်စောင်တွေ့လို့ အလုပ်သမားလေး ကလာပေးတယ်၊ စာရွက်မှာ KIA တံဆိပ်တွေ တရုတ်ဖုန်းနံပါတ်တွေနဲ့အတူ ဒီလ ၁၇ ရက်နေ့မှာ သူတို့ဆီကို ဆက်သွယ်ဖို့ရေးထားတဲ့စာဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ လည်းမပြောရဲတာနဲ့ ရေမြောင်းထဲလွှင့်ပစ်လိုက်တာ၊ သူတို့ဆီ ဖုန်းမဆက်လို့ခြိမ်းခြောက် တာဖြစ်မှာပေါ့၊ ပြန်ဆက်လည်း မထူးပါဘူး၊ ဆက်ကြေးတောင်း တာနေမှာပေါ့၊ အလုပ်သမားတွေလည်းကြောက်လို့ အလုပ်ထွက်ကုန်ကြပြီ” ဟု ဆန်ဂို ဒေါင်ပိုင်ရှင် ဒေါ်အားယေ့က ပြောပါသည်။ ဟိုမွန်ရပ်ကွက်နေ ကုန်သည်တစ်ဦးမှလည်း “အရင်တုန်းကလည်း ဒီလိုမျိုးတွေရှိခဲ့ဖူးတယ်။ အခု လုပ်တာလည်း ကေအိုင်အေပဲ ဖြစ်မှာပါ။ ဒီကောင်တွေ လူမဆန်တော့ဘူး ” ဟု ထပ်လောင်းပြောကြားသွားသည်။ ယခုဗုံးပေါက်ကွဲမှုကြောင့် KIA ၏ ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်စာ လက်ခံရရှိထားသည့် မူဆယ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များမှာ ဗုံးဖောက်ခွဲမှုများထပ်မံဖြစ်ပေါ်လာမည်ကို ထိတ်လန့်မှုများရှိနေကြပြီး ၎င်းတို့၏ စီးပွားရေးအား ခေါင်းပုံ ဖြတ်နေသော ကေအိုင်အေအဖွဲ့များ ဒေသတွင်းရှိနေမှုကို လိုလားမှုမရှိကြောင်း သိရှိ ရသည်။ By Kachin Daily News မူဆယ်မြို့ လူနေရပ်ကွက်အတွင်း KIA အဖွဲ့မှ ဗုံးထောင်ဖောက်ခွဲခဲ့ ======================================== ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရှိရ ပါသည်။ ဗုံးဖောက်ခွဲခံရ သည့်နေရာမှာ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ ဒေါ်အားယေ့ ပိုင်ဆိုင်သော ဆန်ဂိုဒေါင်ရှေ့ အုတ်တံတိုင်း အောက်ခြေတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်ပစ္စည်းများ ထိခိုက်မှုမရှိသော်လည်းအုတ်တံတိုင်း အောက်ခြေမှာ အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ “ ဒီလအစောပိုင်းက ဂိုဒေါင်ရှေ့မှာ စာတစ်စောင်တွေ့လို့ အလုပ်သမားလေး ကလာပေးတယ်၊ စာရွက်မှာ KIA တံဆိပ်တွေ တရုတ်ဖုန်းနံပါတ်တွေနဲ့အတူ ဒီလ ၁၇ ရက်နေ့မှာ သူတို့ဆီကို ဆက်သွယ်ဖို့ရေးထားတဲ့စာဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ လည်းမပြောရဲတာနဲ့ ရေမြောင်းထဲလွှင့်ပစ်လိုက်တာ၊ သူတို့ဆီ ဖုန်းမဆက်လို့ခြိမ်းခြောက် တာဖြစ်မှာပေါ့၊ ပြန်ဆက်လည်း မထူးပါဘူး၊ ဆက်ကြေးတောင်း တာနေမှာပေါ့၊ အလုပ်သမားတွေလည်းကြောက်လို့ အလုပ်ထွက်ကုန်ကြပြီ” ဟု ဆန်ဂို ဒေါင်ပိုင်ရှင် ဒေါ်အားယေ့က ပြောပါသည်။ ဟိုမွန်ရပ်ကွက်နေ ကုန်သည်တစ်ဦးမှလည်း “အရင်တုန်းကလည်း ဒီလိုမျိုးတွေရှိခဲ့ဖူးတယ်။ အခု လုပ်တာလည်း ကေအိုင်အေပဲ ဖြစ်မှာပါ။ ဒီကောင်တွေ လူမဆန်တော့ဘူး ” ဟု ထပ်လောင်းပြောကြားသွားသည်။ ယခုဗုံးပေါက်ကွဲမှုကြောင့် KIA ၏ ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်စာ လက်ခံရရှိထားသည့် မူဆယ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များမှာ ဗုံးဖောက်ခွဲမှုများထပ်မံဖြစ်ပေါ်လာမည်ကို ထိတ်လန့်မှုများရှိနေကြပြီး ၎င်းတို့၏ စီးပွားရေးအား ခေါင်းပုံ ဖြတ်နေသော ကေအိုင်အေအဖွဲ့များ ဒေသတွင်းရှိနေမှုကို လိုလားမှုမရှိကြောင်း သိရှိ ရသည်။ By Kachin Daily News

No comments: