Wednesday, July 22, 2015

အစိုးရတပ်မှအင်အားတိုးချဲ့သည့်အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ်

အစိုးရတပ်မှအင်အားတိုးချဲ့သည့်အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ် ပူတာအိုခရိုင် ဆွမ်ပရီယန်ကျေးရွာမှ အနည်းငယ်သာ သွားရသည့် မဇီယန်ကျေးရွာအနီးရှိ ကေအိုင်အေ တပ်စခန်းဘက်သို့လည်း အစိုးရတပ်မှ ပြန်လည်အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသတင်းရရှိသည်။ ထိုဆွမ်ပရီယန်ကျေးရွာအနီးရှိ မဇီယန်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ အစိုးရနှင့် ကေအိုင်အေ တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ခလရ (၄၆)မှ ဒေသခံများအား ရွာတွင်စုထားကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။ ဒေသခံများအား နောက်တစ်ခါ အဆိုပါဒေသတွင် ကေအိုင်အေ ပြန်လာပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားပါက အကုန်းလုံးကို ပစ်သတ်မည်ဟုခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်းလည်း ဒေသခံများမှဆိုသည်။ ယခုအချိန်တွင် ဆွပ်ပရာဘွမ်မြို့နယ်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်လျှက်ရှိသည်။ အစိုးရတပ်မှအင်အားတိုးချဲ့သည့်အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ် ပူတာအိုခရိုင် ဆွမ်ပရီယန်ကျေးရွာမှ အနည်းငယ်သာ သွားရသည့် မဇီယန်ကျေးရွာအနီးရှိ ကေအိုင်အေ တပ်စခန်းဘက်သို့လည်း အစိုးရတပ်မှ ပြန်လည်အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသတင်းရရှိသည်။ ထိုဆွမ်ပရီယန်ကျေးရွာအနီးရှိ မဇီယန်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ အစိုးရနှင့် ကေအိုင်အေ တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ခလရ (၄၆)မှ ဒေသခံများအား ရွာတွင်စုထားကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။ ဒေသခံများအား နောက်တစ်ခါ အဆိုပါဒေသတွင် ကေအိုင်အေ ပြန်လာပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားပါက အကုန်းလုံးကို ပစ်သတ်မည်ဟုခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်းလည်း ဒေသခံများမှဆိုသည်။ ယခုအချိန်တွင် ဆွပ်ပရာဘွမ်မြို့နယ်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်လျှက်ရှိသည်။ Kachinwaves

No comments: