မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 17, 2015
တပ်ကြပ်ကြီး ဖိုးစီ ကချင်လူမျိုး အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေသော KIA
တပ်ကြပ်ကြီး ဖိုးစီ ကချင်လူမျိုး အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေသော KIA
ဇူလိုင်လ ၁၂ ရက်နေ့က မူဆယ်လမ်းပိုင်းရှိ ဒေသခံပြည်သူများ သွားလာနေသော သံဘောင်တံတားအား မိုင်းခွဲဖျက်ဆီးရန် အရပ်ဝတ်ဖြင့် လာသော KIA တပ်ဖွဲ့ဝင်တစ်ဦးကို ဒေသခံပြည်သူများ၏ ကြိုတင် သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းများမှ ကင်းပုန်းဝပ် ဖမ်းဆီးရခဲ့မိပါတယ် ...
ထိုသို့ စစ်တပ်သို့ သတင်းပေးခဲ့တဲ့ ရွာသားတစ်ဦးကို KIA အဖွဲ့မှ ဇူလိုင်လ ၁၄ ရက်နေ့ညနေ ၃ နာရီခန့်က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်....
ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိရပ်ဖများမှ KIA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးမရန်ဇော်လတ် ကို ပြန်လည် လွှတ်ပေးဖို့ သွားရောက်တောင်းဆိုစဉ် KIA အဖွဲ့မှ ဇူလိုင်လ ၁၃ ရက်နေ့က ပြန်လည် စေလွှတ်ပေးလိုက်တယ်လို့ လိမ်ညာပြောဆိုခဲ့ပါတယ် ...
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ ရွာသို့ ပြန်လာစဉ် လမ်းခရီး တစ်ဝက်၌ အပုပ်နံ့ ( လူသေပုပ်နံ့ ) ရရှိသဖြင့် ပတ်ဝန်းကျင်သို့ ရှာဖွေခဲ့ရာ လူသေမြှုပ်နှံထားသည်ဟု ယူဆရသည့် နေရာကို တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရန် ရွာမှ လူငယ်များနဲ့ ပေါက်တူး၊ ဂေါ်ပြားများကို ပြန်လည်ခေါ်ဆောင်ကာ အဆိုပါ နေရာသို့ တူးဖော်ကြည့်ခဲ့ပါတယ် ..
ထိုသို့ တူးဖော်ကြည့်ရာတွင် ရုပ်ပျက်နေပြီဖြစ်သော လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးသူ၏ အ၀တ်အစားများကို ကြည့်ရှုရာတွင် KIA အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ၀တ်ဆင်ထားတဲ့အတိုင်း တွေ့ရှိ ရတဲ့ အတွက် သေဆုံးသူမှာ ဦးမရန်ဇော်လတ် ဖြစ်တယ်လို့ သိရှိရပါတယ် ...
ကျေးရွာ ရပ်မိရပ်ဖများမှာ ဦးမရန်ဇော်လတ်ရဲ့ ရုပ်အလောင်းကို သယ်ဆောင် လာကာ သူ၏ယာခင်းအစပ်တွင် မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်...
ဇွန်လ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ မှ ဦးနော်ဆန့် အား စစ်ဆေးစဉ် ကချင်ဆရာမ ၂ ဦးကို သတ်သောသူများမှာ KIA တပ်ဖွဲ့ဝင် ၃ ဦး ဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့ အတွက် KIA အဖွဲ့မှ ကချင်လူမျိုး ဦးနော်ဆန့်အား ရက်စက်စွာ သတ်ဖြတ် နှုတ်ပိတ်ခဲ့ပါတယ်..
အဆိုပါ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး KIA ဘက်မှ မဟုတ်မမှန် ၀ါဒဖြန့်လျက် ရှိနေပါတယ် ...
တပ်ကြပ်ကြီး ဖိုးစီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment