မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
ဒေါ်စုကိုယ်တိုင် ဖုံးကွယ်ထားသော အမှန်တရား =========================
ဒေါ်စုကိုယ်တိုင် ဖုံးကွယ်ထားသော အမှန်တရား
=========================
၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းကို စည်းရုံးရေးဆင်းခဲ့ပါတယ်။ ၂/၈၈ ကို နိုင်ငံတော်ငြိမ်ဝတ်တည်ဆောက်ရေးအဖွဲ့ ထုတ်ပြန် ထားတဲ့ ကာလဖြစ်ပြီး တိုင်းမှုးက ဗိုလ်ချုပ်မြင့်အောင်ပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအတွင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို အဲဒီအချိန်က ပြိုင်ဘက် ပါတီကြီးဖြစ်လေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဒေသခံတွေကိုစည်းရုံးပြီး တန်ပြန်ဆန္ဒပြကြဘို့ စီစဉ်ထားကြတယ်လို့လည်း သတင်းရရှိထားပါတယ်။
အဲဒီခရီးစဉ်မှာ ပါတီကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံရာကနေ လူစုလူဝေးများမှတဆင့် ကြီးမားတဲ့လူအုပ်စုကြီးတွေ ဖြစ်ပေါ်လာပြီး မလိုလားအပ်တဲ့ ပြဿနာများ အဓိကရုန်းများ မဖြစ်ပေါ်လာအောင် ကြိုတင် တားဆီး ထိန်းသိမ်းရမဲ့တာဝန်ဟာ ထိုခေတ် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့မှာ ရှိလာခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် ထိုခတ်က ဧရာဝတီတိုင်းရဲ့ အစိုးရအဖွဲ့ဟာ ဧရာဝတီတိုင်းရဲ့ တိုင်းအဆင့်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုဂ္ဂိုလ်တွေကို လက်ရှိ ကြားသိရသော အခြေအနေတို့ကို အကြောင်းကြား အသိပေးပြီး ခရီးစဉ်လြုံခုံမှုရရှိရေးအတွက် နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ပူးပေါင်းတိုင်ပင် ဆွေးနွေး ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခရီးစဉ်များကို မိမိတို့သွားလိုသော မြို့ရွာများ မိမိတို့ အသုံးပြုလိုသောလမ်းများကို ရွေးချယ်ခဲ့ကြပြီး တိုင်းအစိုးရအဖွဲ့က ထိုလမ်းကြောင်းများအတိုင်း တိတိကျကျ လုံခြုံရေးပေးဘို့ သဘောတူခဲ့ပါတယ်။
ထို့အပြင် တိုင်းအဆင့်သာမက ခရိုင်အဆင့်နှင့် မြို့နယ် အဆင့်အထိ နှစ်ဘက်တွေ့ဆုံမှုများ ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီး သဘောတူညီချက်များ ရရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ မြို့နယ်စုဥက္ကဌ ကြည်း-၇၈၇၉ ဒုတိယဗိုလ်မှုးကြီးတင်ထွန်းက မအူပင်၊ပန်းတနော်၊ညောင်တုန်းနဲ့ ဓနုဖြူမြို့တွေကို ကြီးကြပ်ရပြီး သူ့အောက်မှာ ဧရိယာကွန်မန်ဒါအဖြစ် ခမရ(၁၀၈) တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီးတင်ထွန်း(နာမည်တူ)မှ ဓနုဖြူမြို့ကို တာဝန်ယူရပါတယ်။ အဲဒီအောက်ကနေ ဗိုလ်ကြီးမြင့်ဦးဟာ ခမရ(၁၀၈)ရဲ့ တပ်ခွဲတစ်ခွဲကိုဦးစီးပြီး ဓနုဖြူရဲ့ မြို့တွင်းလုံခြုံရေးကို သီးသန့် တာဝန်ယူရပါတယ်။
သူတို့ရဲ့အဓိကတာဝန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တန်ပြန်ဆန္ဒပြမဲ့ ပြိုင်ဘက်ပါတီနဲ့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်မှုတွေ ရုန်းရင်းဆန်ခတ်မှုတွေ အဓိကရုန်းတွေ မပေါ်ပေါက်လာစေရေးပါ။
အလားတူဘဲ (၂/၈၈) ဆိုတဲ့ အမိန့်ကြေငြာစာ အသက်ဝင်နေဆဲကာလပါ။ လူငါးယောက်ထက် ပိုမို စုဝေးလို့ မရပါဘူး။
အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုတင်စာရင်း ပေးထားခဲ့သော မြို့ရွာများ လမ်းများကို သက်ဆိုင်ရာမှ အဓိကထားပြီး အထူးလုံခြုံရေး တာဝန်ယူပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း နှစ်ဦးနှစ်ဘက် ကြိုတင်ညှိနိုင်းထားမှုများကို လေးစားသောအားဖြင့် မိမိတို့ကြိုတင်စာရင်းပေးထားသော လမ်းများကိုဘဲ အသုံးပြုရပါလိမ့်မယ်။
ထို့နောက်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမတို့ ကြိုတင်သတ်မှတ်ထားခဲ့သော ဓနုဖြူ စက္ကော လမ်းကြောင်းကို အသုံးပြုပြီး ဓနုဖြူမြို့ကို ဝင်လာခဲ့ပါတယ်။
ထိုသို့ဓနုဖြူကိုအလာမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ယာဉ်ဟာ စက်ချွတ်ယွင်းမှု ဖြစ်လာတဲ့အတွက် အနီးကပ်လိုက်ပါလာတဲ့ ဓနုဖြူမြို့နယ် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ သူ့ရဲ့ကားကို ဒေါ်အောင်ဆန်းစုကြည်အား ခရီးဆက်လက် အသုံးပြုဘို့ ပေးလိုက်ပါတယ်။
အကြောင်းကတော့...
ဒေါ်စုရဲ့ခရီးစဉ်ကို နှစ်ဘက်ကြိုတင် သတ်မှတ်ထားတဲ့ နေရာတွေမှလွဲပြီး ရပ်တန့်မှု မဖြစ်စေချင်လို့ပါဘဲ။
အဲဒီလို သတ်မှတ်နေရာမှာမဟုတ်ဘဲ ရပ်တန့်ရင်း ဒေါ်စုဟာ လူစုလူဝေးဖြစ်အောင်လုပ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ဗိုလ်မှုးတင်ဖေဟာ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်နိုင်ဘို့ သူ့ရဲ့ကားကို ပေးခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဓနုဖြူမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲကို အေးအေးချမ်းချမ်း မည်သည့်ပြသနာမှ မရှိဘဲ ရောက်ရှိသွားခဲ့ပါတယ်။
ထိုမှတဆင့် မြို့တွင်းစည်းရုံးရေးဆင်းခြင်း ဟောပြောပွဲ လုပ်ခြင်း အပြီးမှာ ရေလမ်းခရီးဖြင့် ဓနုဖြူမှနေ ကမ်းငူကြီး ဇကာကြီးဘက်ကို သွားခဲ့ပါတယ်။
ထိုသို့ ကမ်းငူကြီးနှင့် ဇကာကြီးဘက်သို့ စည်းရုံးရေးသွားသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမတို့သတ်မှတ်ထားခဲ့သော လမ်းကြောင်းများဖြစ်သော ဓနုဖြူမြို့၏ ပင်မဆိပ်ကမ်း မှနေ ထွက်ခွာပြီး ထိုပင်မှဆိပ်ကမ်း အတိုင်းသာ ပြန်လာရမည်ဖြစ်ပေသည်။
သို့ပေသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ဓနုဖြူသို့ အပြန်ခရီးတွင် ပင်မဆိပ်ကမ်းသို့ ပြန်မလာတော့ဘဲ နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ကြိုတင်ညှိနှိုင်းထားခဲ့သော သဘောတူညီချက်တို့ကို ဖေါက်ဖျတ်ကာ လမ်းခုလပ် သဘောင်္ဆိပ်မှနေပြီး ဓနုဖြူမြို့တွင်းသို့ အခြားလမ်းများမှ အသုံးပြုပြီး ဝင်ရောက်ခဲ့လေသည်။
ဖြစ်စဉ်မှာ .....
ထိုနေ့က ကမ်းငူကြီးမှ ဓနုဖြူသို့ အပြန်တွင် သဘောင်္သည် မြစ်ကမ်းပါးအတိုင်း ဓနုဖြူဧရိယာအတွင်း ဝင်လာလသည်။ ဓနုဖြူရှိ ဆိပ်ကမ်ကြီးမရောက်ခင် လမ်းခုလပ် ဆိပ်ကမ်းလေးအနီး၌ ဒေါ်အောင်ဆန်းစုကြည်သည် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ ကုန်ရောင်းကုန်ဝယ်များနှင့် ပျားပန်းခတ်မက လှုပ်ရှားသွားလာနေသော မြို့မဈေးကြီးကို တွေ့မြင်သောအခါ သဘောင်္ကို အဆိုပါ ဆိပ်ကမ်းလေးသို့ အတင်းကပ်ခိုင်းပြီး ထိုမှတဆင့် လူသူစည်ကားနေသော ဆိပ်ကမ်းနှင့် မြို့မဈေးကြီးကို ဖြတ်ကာ အဖွဲ့ချုပ်ရုံးခွဲရှိရာသို့ အခြားလမ်းမှ ဝင်ရန် ကြိုးစားလေသည်။
အဆိုပါဆိပ်ကမ်းသည် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် နှစ်ဦးနှစ်ဘက် ကြိုတင်ညှိနိုင်းထားသော အသုံးပြုနေရာများစာရင်းတွင် မပါဝင်ခဲ့ပေ။
ထို့အတူ မြို့မဈေးကြီးကို ပတ်သွားမည့် လမ်းကြောင်း သည်လည်းဘဲ မပါဝင်ခဲ့ပေ။
သို့သော်လည်း အလွန်ခေါင်းမာလွန်းသော အတိုက်အခံ ခေါင်းဆောင်သည် ထိုဆိပ်ကမ်းလေးမှတက်လာပြီး စည်ကားပြီးဖြစ်နေခဲ့သော မြို့မဈေးတစ်ဝိုက်ကို လူစုလူဝေးဖြစ်ပေါ်စေရန် ရည်ရွယ်ချက်တို့ဖြင့် ဝင်ရောက်လာခဲ့လေသည်။
အမျိုးသားခေါင်းဆောင်ကြီး၏သမီး လာနေသည် ဆိုသည်နှင့် ဈေးသူဈေးသားများ ဈေးဝယ်သူများ ဆိပ်ကမ်းအလုပ်သမားများအပါအဝင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် တိုးဝှေ့ကြည့်ကြရင်း လူငါးထောင်ခန့် ပြို့မဈေးကြီးရှေ့လမ်းမတွင် ပိတ်ဆို့သွားပါလေတော့သည်။
ထိုအချိန်တွင် ဗိုလ်ကြီးမြင့်ဦးနှင့် ဗိုလ်ကြီးလှဖေဦးစီး တပ်ခွဲတစ်ခွဲသည် မြို့မဈေးထိပ်ရှိ ဆက်သွယ်ရေးရုံး အတွင်းပိုင်း၌ စခန်းချကာ လုံခြုံရေးယူထားလေသည်။
သို့သော်လည်း ဗကမြင့်ဦးနှင့် တပ်စိတ်တစ်စိတ်သာ ဈေးထောင့်တွင်ရှိကာ ကျန်ရဲဘော်များမှာ ဆက်သွယ်ရေးရုံးအတွင်းမှာပင် ရှိနေလေသည်။ ဗိုလ်ကြီးမြင့်ဦးနှင့် တပ်စိတ်ဆိုသော်ငြားလည်း တစ်ကယ်တမ်းမူကား ရဲဘော်လေးဦး တပ်ကြပ်တစ်ဦးနှင့် ဗိုလ်ကြီးမြင့်ဦးသာ ရှိလေသည်။
ထိုသို့ကြီးမားပြီး ဆူညံနေသော လူအုပ်စုကြီးကို တွေ့လိုက်ရသော ဗိုလ်ကြီးမြင့်ဦးသည် အထက်မှ ပေးအပ်ထားသော တာဝန်အရ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ၂/၈၈ အရ လူစုလူဝေးကြီးကို လူစုကွဲသွားစေအောင် အသံချဲ့စက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား မိမိတို့ နှစ်ဦးနှစ်ဘက် မူလသတ်မှတ်ထားသော လမ်းကြောင်းကို သွေဖီပြီး ဝင်ရောက်လာသည့်အတွက် လာရင်းလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာပြီး မူလသတ်မှတ်ထားသော ပင်မဆိပ်ကမ်းကို အသုံးပြုရန် အသိပေးပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ ပြောကြားနေရင်းဖြင့်ပင် လူစုလူဝေးကြီးသည် ညာသံများပေးလာကာ ရှေ့သို့ တိုးလာခဲ့ကြလေသည်။
မည်ကဲ့သို့မျှ မလွဲသာတော့သည့်အဆုံးတွင် ဗိုလ်ကြီးမြင့်ဦးသည် မြေပြင်ပေါ်၌ စည်းသုံးစည်း တားလိုက်လေကာ အသံချဲ့စက်မှ ထိုစည်းများအား ကျော်တက်မလာရန် သတိပေးပြောကြားခဲ့သည်။
လူအုပ်ကြီးသည် ပထမစည်းကို အော်ဟစ်ကျော်ဖြတ်ပြီး ဒုတိယစည်းတွင် ရပ်သွားလေသည်။ သို့ပေမဲ့လည်း ညာသံများ အော်ဟစ်ဆူညံသံများမှာ ပိုပြီး ကျယ်လောင် လာခဲ့နေလေပြီ။ အခြေအနေသည် အတင်းမာဆုံး အနေအထားကို ရောက်ရှ်နေပါသည်။
ဒါပေမဲ့ ....
ထိုအချိန်အထိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ကြီးမြင့်ဦးတို့ ခြောက်ယောက်မှာ မမြင်ဘူးကြသေးပေ။ အကြောင်းမှာ ထိုလူအုပ်ကြီးသည်ယနေ့ တစ်ကမ္ဘာလုံး သိနေကြသလို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး ချီတက်လာခြင်း မဟုတ်ခဲ့ပေ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှ ဟုတ်သည်ဟု ဆက်လက်ပြောဆိုခဲ့လျှင်တောင် ယန့သက်ရှိထင်ရှား ရှိနေသေးသာ ဗိုလ်ကြီးမြင့်ဦးမှ မီဒီယာရှေ့မှာက်တွင် စုံညီရှင်းနိုင်ပါသည်။
အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျောင်းသားများ(၁၅)ဦးခန့် ဝိုင်းရံ လုံခြုံရေးပေးထားပြီး ထိုလူအုပ်ကြီး၏ အလယ်အတွင်းပိုင်းတစ်နေရာ၌ ရှိနေလေသည်။ ရှေ့ဆုံးမှဆိုသည်မှာ လုံးဝ မဟုတ်မှန်ခဲ့ပေ။
ထိုသို့ အတင်းမာဆုံးအခြေအနေတွင် ဗိုလ်မှုးတင်ဖေ(မဝတဥက္ကဌ) နှင့် ဗိုလ်မှုးမောင်ထွန်း ခမရ(၁၀၈) နောက်တန်းမှုးတို့သည် ဒေါ်စုအနားမှနေပြီး လူအုပ်ကြီးကို အတင်းဖေါက်ထွက်လာကာ ရှေ့ဆုံးသို့ရောက်လာခဲ့ပြီး ဗိုလ်ကြီးမြင့်ဦးကို အတင်းဆွဲဖက်ကာ လက်ရှိအနေအထားသည် စစ်မြေပြင်နှင့်မတူကြောင်း ပြောဆိုဖျောင်းဖျလေသည်။
ထို့အပြင် ဦးကြည်မောင်နှင့် စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ) တို့လည်း ဗိုလ်ကြီးမြင့်ဦးအနား ရောက်လာခဲ့လေသည်။ ဦးကြည်မောင်မှ ဗိုလ်ကြီးမြင့်ဦး ပုခုံးကို အသာအယာကိုင်ကာ နုတ်မှလည်း ဗိုလ်ချာတိတ် မလုပ်နဲ့လေဟု တတွတ်တွတ်ရွတ်ကာ ဖျောင်းဖျခဲ့ပါသည်။
ထို့နောက်တွင် ....
အခြေအနေအားလုံးတည်ငြိမ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထိုနေရာကို ထိုသွေဖီလာသော လမ်းကြောင်းမှဘဲ ဖြတ်ကျော်ခွင့် ပေးလိုက်ပါသည်။
ထိုသို့ အခါတွင်မှ လုံခြုံရေးအခြံအရံများဖြင့် လူအုပ်ကြီး အတွင်းပိုင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆုံးသို့ တက်လာခဲ့ပြီး ထီမထင်သော မျက်နှာပေးဖြင့် ထိုနေရာမှ ဖြတ်ကျော်သွားခဲ့ပါလေသည်။
သို့ပေသိ နောင်နှစ်ပေါင်း(၂၀) အကြာတွင် အတိုက်အခံအုပ်စုမှ အလွန်အမင်း ချဲ့ကားပြောဆို အမွန်းတင်မှုများကြောင့် ဖြစ်ရပ်မှန် သမိုင်းမှန် ပျောက်ကွယ်သွားကာ The Lady ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရုပ်ရှင်ထဲတွင် လူထုရှေ့မှ ဦးဆောင်လာပြီး လှံစွတ်တပ် ကျဉ်ထိုးထားသော စစ်သားများကြားမှ မကြောက်မရွံ့ဘဲ ရဲရဲတောက် ထိုးဖေါက် ဖြတ်ကျော်သွားသည်ကို အံသြဖွယ်ရာ တွေ့လိုက်ရပါသည်။
ထို့သည်ထက် ပိုမိုအံ့သြဖွယ်ကောင်းသည်မှာ အမေရိကန်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
CNN သတင်းထောက်မှ ထိုဖြစ်ရပ်အား ပြန်ပြောင်း မေးမြန်းသည့်အပေါ် ဖြစ်စဉ်အတိုင်း မဖြေဆိုဘဲ သူမသည် လိမ်ညာပြီး ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
-
-
-
-
(စာကြွင်း)
ထိုအချိန်မှ ဗိုလ်ကြီးမြင့်ဦး၏ တပ်စိတ်သည် ကျည်ထိုးထားခဲ့ခြင်း လှံစွတ်တပ်ထားခဲ့ခြင်း အလျင်းမရှိခဲ့ပေ ။
-
-
-
ရေးထားသောစကားလုံးတိုင်းကို တာဝန်ယူပါသည်။
-
-
-
ခိုင်ဇော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment