Sunday, July 5, 2015

ဖားကန့်-ကာမိုင်းသွားကားလမ်းရှိ နန့်တိန်းချောင်းတံတား ရေနစ်မြုပ် ======================================

ဖားကန့်-ကာမိုင်းသွားကားလမ်းရှိ နန့်တိန်းချောင်းတံတား ရေနစ်မြုပ်
======================================
4, July, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဖားကန့်-ကာမိုင်းသွား ကားလမ်းပေါ်ရှိ နန့်တိန်းကျေးရွာအ၀င် နန့်တိန်းချောင်းတံတားနေရာတွင် နန့်တိန်းချောင်းတံတား ရေလျှံမှုကြောင့် တံတာကြမ်းခင်းအထက် ၂ ပေခန့် ချောင်းရေမြင့်တက်ခဲ့မှုကြောင့် ယာဉ်များ သွားလာမှုကို ခေတ္တပိတ်ထားရပြီး နေလည် ၁ နာရီအချိန်ခန့်တွင် ၁ ပေခွဲခန့် ရေကျဆင်းသွား သဖြင့် ယာဉ်များပြန်လည်သွားလာနိုင်ကြောင်း သိရှိရပါသည်။

နန့်တိန်းချောင်းတံတားနေရာတွင် ရေလျှံမှုဖြစ်ပွားပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းများဖြင့် အသင့်စုဖွဲ့ ပြင်ဆင်ထားရှိလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

No comments: