Sunday, July 5, 2015

ဖားကန့်မြို့တွင် ရေလွှမ်းမိုးမှုကြောင့် တပ်မတော်သားများ ကယ်ဆယ်ရေး ဆောင်ရွက်

ဖားကန့်မြို့တွင် ရေလွှမ်းမိုးမှုကြောင့် တပ်မတော်သားများ ကယ်ဆယ်ရေး ဆောင်ရွက်
========================================
4, July, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြို့မရပ်ကွက် ကျောက်ဝိုင်းနေရာတွင် ရေအနက် ၅ ပေ၊ ငှက်ပျောတောရပ်ကွက်တွင် ရေအနက် ၂ ပေခန့်၊ မရှီကထောင်ရပ်ကွက် ကျောက်စိမ်းတော် တံတားတစ်ဖက်ခြမ်း အဆင်း နေရာတွင် ရေအနက် ၂ ပေခန့်၊ အေးမြသာယာရပ်ကွက်အတွင်း ရေအနက် ၂ ပေခန့် ၀င်ရောက်ခဲ့မှုကြောင့် နယ်မြေခံတပ်များမှ ရပ်ကွက်အတွင်း လူနေအိမ်များရှိပစ္စည်းများအား ရွေ့ပြောင်းရာတွင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်ရှိ ရေဘေးဒုက္ခသည် ပြည်သူ/သားများအား နယ်မြေခံတပ်ရင်းများ၊ ဖားကန့်မြို့နယ်ရေဘေး ကယ်ဆယ်ရေးကော်မတီများမှ မဏိဇေယျုံကျောင်း ဓမ္မာရုံတွင် ယာယီ ကွက်ကဲရေးရုံးဖွင့်လှစ်၍ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်းကာ ရေသန့်နှင့် ထမင်းထုပ် ၂၀၀၀ အားဝေငှပေးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

No comments: