Sunday, July 5, 2015

ဆိုင်ရာနိုက်အဆိပ်ရည်သောက်ပြီး သားအဖသုံးဦးသေဆုံး

သန်းဌေး ရန်ကုန်No.785 Sunday, July 5, 2015 ရွှေချက်လုပ်ရာတွင် အသုံးပြုသည့်ဆိုင်ရာနိုက် အဆိပ်ရည်ကို ဖခင်ဖြစ်သူက အရည် ဖျော်သောက်ပြီး ကလေးနှစ်ဦးကို သောက်ခိုင်းသဖြင့် သားအဖသုံး ဦးစလုံး သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် သပြေပင် ကျေးရွာအုပ်စု ထိုက်စံရွှေလုပ် ကွက်ဟောင်းရှိ တဲအတွင်း၌ ဇူလိုင် ၂ ရက် နေ့လယ်က ဖြစ် ပွားခဲ့ပြီး အဆိပ်သောက်သေဆုံး ခဲ့သူများမှာ အသက် (၄၀)နှစ် အရွယ်ရှိ ဖခင်၊ အသက်(၁၁)နှစ် အရွယ်သားနှင့် အသက်(၇) နှစ် အရွယ်သမီးတို့ဖြစ်သည်။ ရမည်းသင်းမြို့မရဲစခန်းတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက် အရ ဖခင်ဖြစ်သူသည် အရက် သောက်ထားပြီး ရွှေချက်လုပ်ရာ တွင် အသုံးပြုသည့် ဆိုင်ရာနိုက် အမျိုးအစားအဆိပ်များကို အရည်ဖျော်သောက်ခဲ့ပြီး ကလေးနှစ်ဦး ကိုသောက်ခိုင်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် ကလည်း ရခိုင်ပြည်နယ် မင်းပြား မြို့နယ် ငပြီအင်းကျေးရွာတွင် သဘာဝအလျောက် ပေါက်နေ သောမှိုကို ဟင်းချိုချက်စားခဲ့ သဖြင့် သားသမီးသုံးဦး သေဆုံး ကာ ဖခင်ဖြစ်သူမှာ ရန်ကုန်ဆေး ရုံကြီးသို့ ပြောင်းရွှေ့ ကုသရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

No comments: