လာမည့် ၂၀၁၅ ရွေး ကောက်ပွဲသည် တိုင်းပြည်၏ အ ပြောင်းအလဲများ ဖြစ်ပေါ်စေမည် ဖြစ်၍ မဲပေးခွင့်ရှိသူအားလုံးမဲပေး ကြရန်နှင့် ထုတ်ပြန်ထားသည့် မဲ ဆန္ဒရှင်စာရင်းတွင် အချက်အ လက်များမှန်ကန်မှုရှိ၊မရှိသွား ရောက်စစ်ဆေးကြရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြော ကြားသည်။ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ် အောင်ဆန်းစုကြည်သည် ဇူလိုင် ၄ရက်က ကော့မှူးမြို့နယ်အတွင်း ရှိ ၀ါးသင်္ခကျေးရွာသို့ သွားရောက် ကာ ဒေသခံများအား မဲရုံများသို့ ကိုယ်တိုင်သွားရောက်၍ စစ်ဆေး ကြည့်ရှုရန်နှင့် ကလေးများ၏ အ နာဂတ်အတွက် မဲပေးခွင့်ရှိသည့် လူကြီးအားလုံးမဲပေးကြရန်ပြော ကြားခဲ့သည်။ ‘‘အသက်(၁၈)နှစ်အောက် က မဲပေးခွင့်မရှိတော့ ကလေး တွေအတွက် လူကြီးတွေက မဲပေး ရမယ်။ ဘာကိုပြောလိုတာလဲဆို တော့ ကလေးတွေရဲ့ ဘ၀တွေ ကောင်းလာဖို့အတွက် ကလေး တွေရဲ့ ပညာရေးစနစ်တွေ ကောင်းလာဖို့အတွက်၊ ကလေး တွေပညာသင်ပြီးရင် အလုပ်အ ကိုင်တွေရနိုင်ဖို့အတွက်၊ နောင် ဖြစ်လာမယ့်ကိစ္စရပ်တွေအတွက် အခုနှစ်ရွေးကောက်ပွဲကနေ ဆုံး ဖြတ်ချက်တွေ အများကြီးပေးမှာ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။ ပြီးခဲ့သော ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည် ထိရောက် သည့်အပြောင်းအလဲမဖြစ်ပေါ်ခဲ့ သော်လည်း ယခုနှစ်ရွေးကောက် ပွဲတွင် နောင်လာမည့်အစိုးရကို အဆုံးအဖြတ်ပေးမည့် ရွေး ကောက်ပွဲ ဖြစ်လာမည်ဖြစ် ကြောင်းနှင့် လက်ရှိတွင် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင် စာရင်း၏ ထက်ဝက်ကျော်မှား ယွင်းမှုများရှိနေသည်ဟု ခန့်မှန်း ကြောင်း ၎င်းကဆက်ပြောကြား သည်။ ‘‘မဲစာရင်းကို ပြည်သူတွေ တာဝန်သိသိနဲ့ သွားကြည့်ကြပါ။ အချိန်က သိပ်မရှိတော့ပါဘူး။ ၂၀၁၅ရွေးကောက်ပွဲက တကယ် အရေးကြီးပါတယ်။ နောင်အစိုးရ ဟာ ဘယ်လိုအစိုးရမျိုးဖြစ်မလဲ။ ဒီနိုင်ငံကို ဘယ်လိုဖြစ်အောင်လုပ် မလဲဆိုတာ အဆုံးအဖြတ်ပေးမှာ ပါ။ ဒါကြောင့်မို့ အဲဒီရွေးကောက် ပွဲမှာ မဲပေးနိုင်သူအားလုံးမဲပေးဖို့ သိပ်အရေးကြီးပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်ကဆိုသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းများမှားယွင်း မှုများဖြစ်ပေါ်နေသောကြောင့် မဲ စာရင်းတွင် မိမိအမည်၊ စားလုံး ပေါင်း၊ မှတ်ပုံတင်အမှတ်၊ မိဘ အမည်၊ မွေးသက္ကရာဇ်စသည့်အ ချက်အလက်များမှန်ကန်မှုရှိ၊မရှိ စစ်ဆေးရန်နှင့် နေရာနှစ်ခုတွင် မိမိအမည်ပါဝင်နေခြင်းမရှိစေရန် သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ၀ါးသင်္ခကျေးရွာတွင် ဒေသ ခံများအား မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြော ခဲ့သည့်အပြင် ရပ်ရွာအုပ်ချုပ်ရေး မှူးရုံးရှိ မဲစာရင်းများကြည့်ရှုခြင်း နှင့် ကျေးရွာတွင်းရှိ နေအိမ်နှစ်ခု တွင် ကိုယ်တိုင်တစ်အိမ်တက် ဆင်း အသိပညာပေးခြင်းလုပ် ဆောင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ရက်က လည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ ကျည်တောင်တန်တိုက်နယ် အမှတ် ၂ ရပ်ကွက်အတွင်းရှိ အိမ် ထောင်စု ၂၀ကျော်ကို တစ်အိမ် တက်ဆင်း ပြည်သူများမဲစာရင်းအမှန်စိစစ်ရန် အသိပညာပေးနှိုးဆော်မှုကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည်။
No comments:
Post a Comment