Friday, July 17, 2015

ဘင်္ဂါလီဒုက္ခသည်များအတွက် ထောက်ပံ့ပေးသည့်ပစ္စည်းများ လိုအပ်သည့် အတိုင်းအတာထက် ပိုမိုများပြားနေမှုကြောင့် လမ်းဘေးဈေးဆိုင်များဖွင့်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိ ==============================

ဘင်္ဂါလီဒုက္ခသည်များအတွက် ထောက်ပံ့ပေးသည့်ပစ္စည်းများ လိုအပ်သည့် အတိုင်းအတာထက် ပိုမိုများပြားနေမှုကြောင့် လမ်းဘေးဈေးဆိုင်များဖွင့်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိ ================================================= စစ်တွေ ဇူလိုင် ၁၆ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများရှိနေကြောင်း OIC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာ မီဒီယာများက စွပ်စွဲပြောဆိုနေသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ လစဉ်ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ပဲနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ မိုးကာစများမှာ ဒုက္ခသည်များ သုံးစွဲနိုင်သည်ထက် ပိုလျှံနေသည့်အတွက် စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု ဒါးပိုင် (ဘင်္ဂါလီ) ကျေးရွာအနီး ကားလမ်းဘေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိ သည်။ အဆိုပါ ဆိုင်များမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ထိုဆိုင်များမှ ရောင်းချသည့်ဈေးနှုန်းမှာ အခြားဆိုင်ကြီးများတွင် ရောင်းချသည့် ဈေးနှုန်းများထက် တစ်ဝက်ခန့် သက်သာနေခြင်းကြောင့် လာရောက်ဝယ်ယူမှုများ ရှိနေသည်။ စစ်တွေမြို့နယ်အတွင်း ဘင်္ဂါလီ ဒုက္ခသည်စခန်းများ၏ မြေပြင်ရှိ လူဦးရေစာရင်းများအား သေချာစွာ စိစစ်ကြပ်မတ်နိုင်မှုအားနည်းခြင်း၊ စိစစ်ရန် ခက်ခဲခြင်း၊ ဒုက္ခသည်စခန်း ကော်မတီဝင် များ၏ တင်ပြသည့်လူဦးရေစာရင်းများကို အခြေခံ၍ နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ရေး ပစ္စည်းများအားပေးအပ်ခြင်း ပြုလုပ်နေမှုကြောင့် ဒုက္ခသည်စခန်း ကော်မတီဝင်များသည် လိုအပ်သော လူဦးရေထက် ထောက်ပံ့မှုများ ပိုမိုရရှိနေသဖြင့် ပိုလျှံသော အသုံးအဆောင် ပစ္စည်းများကို ပြင်ပသို့ ရောင်းချနေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။ (သတင်းစဉ်)

No comments: