Friday, July 17, 2015

ရက်ဆက်မိုးကြောင့် စပါးစိုက်ခင်းများ ယနေ့အထိ ရေလွှမ်းမိုး ========================================

ရက်ဆက်မိုးကြောင့် စပါးစိုက်ခင်းများ ယနေ့အထိ ရေလွှမ်းမိုး ======================================== မော်လူး ဇူလိုင် ၁၇ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသတွင် ဇူလိုင် ၁၃ရက်က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လေးတန်ချောင်းနှင့် နမီးချောင်းများ ရေကြီးရေလျှံကာ မိုးစပါးစိုက်ပျိုးနေဆဲ လယ်ယာမြေအချို့ ရေလွှမ်းခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက်က မွန်းလွဲ ၂နာရီခန့်မှ ည ၁၂ နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းဖြစ်ပြီး လေးတန်ချောင်း၊ နမီးချောင်းနှင့် ဟဲနုချောင်းများ ရေကြီးရေလျှံဖြစ်ကာ အနိမ့်ပိုင်း ဒေသများရှိ ကျေးရွာများမှ မိုးစပါးစိုက်ပျိုးနေဆဲဖြစ်သော လယ်ယာမြေများကို ရေလွှမ်းခဲ့ခြင်း ဖြစ်ကြောင်း သူရောင်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် လယ်မြေများဖြစ်သော မော်လူးဒီပင်္ကရာဘုရားအနီးရှိ ကူးကာကျေးရွာမှ လယ်ကွင်းများနှင့် သူရောင်းကျေးရွာမှ လယ်ကွင်းတို့တွင် ရေလွှမ်းမိုးခဲ့ပြီး အနိမ့်ပိုင်း လယ်ယာမြေအချို့မှာ ဇူလိုင် ၁၃ ရက်မှ ယခုအချိန်အထိ ရေလွှမ်းမိုးခြင်းခံနေရဆဲဖြစ်ကြောင်း သိရသည်။ လယ်ယာမြေများ ရေလွှမ်းခြင်းကြောင့် စိုက်ပျိုးထားသော စပါးများ ပျက်စီးသည့်တိုင်အောင် စိုက်ပျိုးခါစဖြစ်သဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန် ရှိသေးကြောင်း ဒေသခံ တောင်သူအချို့ထံမှ သိရသည်။ ''စိုက်ပျိုးခါစဆိုတော့ သိပ်ကြောက်စရာမလိုဘူး။ ပျက်စီးသွားတာတွေ ရှိခဲ့ရင်လည်း ပြန်စိုက်ဖို့အချိန်ရပါသေးတယ်''ဟု မကျည်းကုန်းကျေးရွာမှ တောင်သူ ဦးသောင်းရွှေက ပြောသည်။ ရေကြီးရေလျှံခြင်းနှင့် ရေလွှမ်းမိုးခြင်းကြောင့် စိုက်ပျိုးထားသော စပါး များ အပျက်အစီးရှိမရှိကို အတိအကျမသိရသေးကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ) ရက်ဆက်မိုးကြောင့် စပါးစိုက်ခင်းများ ယနေ့အထိ ရေလွှမ်းမိုး ======================================== မော်လူး ဇူလိုင် ၁၇ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသတွင် ဇူလိုင် ၁၃ရက်က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လေးတန်ချောင်းနှင့် နမီးချောင်းများ ရေကြီးရေလျှံကာ မိုးစပါးစိုက်ပျိုးနေဆဲ လယ်ယာမြေအချို့ ရေလွှမ်းခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက်က မွန်းလွဲ ၂နာရီခန့်မှ ည ၁၂ နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းဖြစ်ပြီး လေးတန်ချောင်း၊ နမီးချောင်းနှင့် ဟဲနုချောင်းများ ရေကြီးရေလျှံဖြစ်ကာ အနိမ့်ပိုင်း ဒေသများရှိ ကျေးရွာများမှ မိုးစပါးစိုက်ပျိုးနေဆဲဖြစ်သော လယ်ယာမြေများကို ရေလွှမ်းခဲ့ခြင်း ဖြစ်ကြောင်း သူရောင်းကျေးရွာမှ တောင်သူဦးမြင့်အောင်က ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လူးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် လယ်မြေများဖြစ်သော မော်လူးဒီပင်္ကရာဘုရားအနီးရှိ ကူးကာကျေးရွာမှ လယ်ကွင်းများနှင့် သူရောင်းကျေးရွာမှ လယ်ကွင်းတို့တွင် ရေလွှမ်းမိုးခဲ့ပြီး အနိမ့်ပိုင်း လယ်ယာမြေအချို့မှာ ဇူလိုင် ၁၃ ရက်မှ ယခုအချိန်အထိ ရေလွှမ်းမိုးခြင်းခံနေရဆဲဖြစ်ကြောင်း သိရသည်။ လယ်ယာမြေများ ရေလွှမ်းခြင်းကြောင့် စိုက်ပျိုးထားသော စပါးများ ပျက်စီးသည့်တိုင်အောင် စိုက်ပျိုးခါစဖြစ်သဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန် ရှိသေးကြောင်း ဒေသခံ တောင်သူအချို့ထံမှ သိရသည်။ ''စိုက်ပျိုးခါစဆိုတော့ သိပ်ကြောက်စရာမလိုဘူး။ ပျက်စီးသွားတာတွေ ရှိခဲ့ရင်လည်း ပြန်စိုက်ဖို့အချိန်ရပါသေးတယ်''ဟု မကျည်းကုန်းကျေးရွာမှ တောင်သူ ဦးသောင်းရွှေက ပြောသည်။ ရေကြီးရေလျှံခြင်းနှင့် ရေလွှမ်းမိုးခြင်းကြောင့် စိုက်ပျိုးထားသော စပါး များ အပျက်အစီးရှိမရှိကို အတိအကျမသိရသေးကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ)

No comments: