မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 17, 2015
မြစ်ကြီးနား -မန္တလေး အမှတ်(၄၈) အစုန်ရထား ဘုံချောင်းနှင့် မဲဇာဘူတာကြား ဘီးချော်မှု ဖြစ်ပွား ======================================
မြစ်ကြီးနား -မန္တလေး အမှတ်(၄၈) အစုန်ရထား ဘုံချောင်းနှင့် မဲဇာဘူတာကြား ဘီးချော်မှု ဖြစ်ပွား
======================================
ကသာ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ဘုံချောင်းဘူတာနှင့် မဲဇာဘူတာကြား၌ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီက ရထားစက်ခေါင်းမောင်း ဦးဝင်းချို၊ ဂါတ်ဗိုလ် ဦးကျော်စွာဦးတို့ မောင်းနှင်လာသော စက်ခေါင်း အမှတ် DD-1514 မြစ်ကြီးနား -မန္တလေး အမှတ်(၄၈) အစုန်ရထားသည် ဘုံချောင်း ဘူတာနှင့် မဲဇာဘူတာအကြား မိုင်တိုင်အမှတ် ၅၆၈/ ၄ နှင့် ၃ အကြားတွင် ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီက ရထားတွဲအမှတ်BBDDEZ 10685 ၏ ဘီးအမှတ် ၄ သည် သံလမ်း၏အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၅ သည် သံလမ်း၏အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်နေရာသို့ နဘားနှင့် အင်းတော်မြို့တို့မှ တာဝန်ရှိသူများသွားရောက်ပြုပြင်ဆောင်ရွက် ခဲ့ရာ ဇူလိုင် ၁၅ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် ရထားလမ်းပိုင်းပြင်ဆင် ပြီးစီးသွားသဖြင့် အစုန်အဆန် ရထားများ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။ ကိုနိုင်(အင်းတော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment