Friday, July 24, 2015

နှစ်ပေါင်း (၆၀)တိုင်တိုင် အစွန်းရောက်တဲ့ အမြင်တွေတဲ့ တော်လှန်ရေးတွေလုပ်ခဲ့တဲ့ အင်ဘန်လ KNG အယ်ဒီတာ နော်ဒင်းလဖိုင်ကို ဘာတွေပြောခဲ့သလဲ

နှစ်ပေါင်း (၆၀)တိုင်တိုင် အစွန်းရောက်တဲ့ အမြင်တွေတဲ့ တော်လှန်ရေးတွေလုပ်ခဲ့တဲ့ အင်ဘန်လ KNG အယ်ဒီတာ နော်ဒင်းလဖိုင်ကို ဘာတွေပြောခဲ့သလဲ ========================================= 23, July, 2015 By Voice Of Kachin UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၅ ဇူလိုင် (၁၉)ရက်နေ့မှာ တွေ့ဆုံပြီးနောက် KNG အယ်ဒီတာ နော်ဒင်းလဖိုင်က လူခြင်းတွေ့ဆုံပြီး အင်တာဗျူးခဲ့ပါတယ်။ KNG အယ်ဒီတာ နော်ဒင်းလဖိုင်က အင်ဘန်လ ကို NCA လက်မှတ်ထိုးဖို့အတွက် ဆုံးဖြတ်ထားပြီးပြီဆိုပြီးဆိုတာ ဟုတ်ပါသလားလို့ မေးခဲ့ပါတယ်။ အင်ဘန်က နေပြီးတော့ ဟိုးကတည်းက လိုချင်လို့ အစိုးရနဲ့ လေးငါးခါလောက် ကျွန်တော်တို့ အပစ်အခတ် ရပ်စဲခဲ့ တယ်လို့ ဆိုပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။ အင်ဘန်လဟာ KIA/KIO အစည်းအဝေးတိုင်းမှာ အခါအခွင့်သင့်တိုင်း အစိုးရကို တော်လှန်ဖို့ မြန်မာပြည်ကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံတည်ထောင်ဖို့ ဘာသာရေး လူမျိုးရေးအရ တွန်းလှန်ကြဖို့ မိန်းခွန်းတိုင်းမှာ ပြောကြားခဲ့ပါတယ်။ အခြေအနေပေးရင် ပေးသလို နယ်စပ်က KIA စခန်းတွေကနေပြီး သစ်၊ကျောက် သယံဇာတတွေကို ခိုးထုတ်ခဲ့ပါတယ်။ ရလာတဲ့ ငွေကြေးတွေနဲ့ တော်လှန်ရေးအတွက် လူ၊လက်နက်ခဲယမ်းတွေကို စုဆောင်းခဲ့ပါတယ်။ ၂၀၁၁ လဲရောက်ရော စီးပွားရေးရော စစ်ရေးရော လက်အောက်ခံ အင်အားတွေရော တောင့်တင်းလာတာနဲ့အမျှ ၀မ်ပေါင်နိုင်ငံလုပ်မယ်ဆိုပြီး တော်လှန်ပုန်ကန်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကချင်ဒေသခံတွေ ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းစုံကို ခုချိန်ထိ ခံစားနေရဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ KIA ရဲ့ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေ အင်အားတွေကို တပ်မတော်က အသက်ပေးပြီး ဖြိုခွဲထိန်းချုပ်ခဲ့ရပါတယ်။ အစိုးရက ယုံယုံကြည်ကြည်နဲ့ အပစ်အခတ်လက်မှတ် ထိုးခဲ့တာကို အခွင့်ကောင်းယူပြီး နောက်ကျောကို ဓါးနဲ့ထိုးဖို့ ကြံစည်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ယခုနောက်ပိုင်း မန်စီဘက်ကစလို့ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားခဲ့တယ်ဆိုတာလဲ တရားမ၀င် သစ်မှောင်ခိုတွေလုပ်နေတဲ့ သစ်ယာဉ်တန်းကြီး တဘက်နိုင်ငံထဲ ရောက်မသွားအောင် တားဆီးရင်းကနေ KIA နဲ့ ထိတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာလဲ KIA နဲ့ ပူးပေါင်းလုပ်နေတာဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ခုက အာတာဗျူးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့ ပြောထားပါတယ်။ ဒါကတော့ ပြည်သူတွေအားလုံးရဲ့ ဆန္ဒပါပဲ။ တရားမျှတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လွှတ်တော်တွေ ပါတီပေါင်းစုံတွေကနေ အဖက်ဖက်က လစ်ဟာမှုမရှိအောင် လုပ်ဆောင် နေပါတယ်။ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေလဲ ဖိတ်ကြားပြီး စောင့်ကြည့် နေပါတယ်။ မြန်မာနိုင်ငံမှာ ပါတီပေါင်း(၁၀၀)ကျော်က ယှဉ်ပြိုင် စောင့်ကြည့်နေကြတဲ့အတွက် ဒီရွေးကောက်ပွဲဟာ မမျှတစရာ အကြောင်း မရှိပါဘူး။ ဗိုလ်ချုပ်ကြီး အင်ဘန်လအနေနဲ့ NCA လက်မှတ်ထိုးဖို့အတွက် တိုက်ပွဲအကြောင်းပြလိုက် ရွေးကောက်ပွဲ အကြောင်းပြလိုက် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်လုပ်မနေပဲ လွတ်လပ်ပြီး တရားမျှတသော နိုင်ငံတော်သစ်ကို အတူတက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်။ မှန်ပြောင်းတစ်ခုဟာ အဝေး/အနီး ကြည့်ရာမှာ အသုံးဝင်ပေမယ့် တချိန်တည်းတပြိုင်ထဲမှာ နေရာတိုင်းကိုတော့ မမြင်ရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်လူမျိုး ကိုယ့်ပတ်ဝန်းကျင်တစ်ခုတည်း ကြည့်မနေပဲ တိုင်းရင်းသားအားလုံး တစ်နိုင်ငံလုံးကို မြင်အောင်ကြည့်ရင်း အေးချမ်းသာယာတဲ့ဘ၀ကို လက်တွဲ တည်ဆောက်နိုင်ပါစေ။ (မရန်ဆိုင်းနော်) နှစ်ပေါင်း (၆၀)တိုင်တိုင် အစွန်းရောက်တဲ့ အမြင်တွေတဲ့ တော်လှန်ရေးတွေလုပ်ခဲ့တဲ့ အင်ဘန်လ KNG အယ်ဒီတာ နော်ဒင်းလဖိုင်ကို ဘာတွေပြောခဲ့သလဲ ========================================= 23, July, 2015 By Voice Of Kachin UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၅ ဇူလိုင် (၁၉)ရက်နေ့မှာ တွေ့ဆုံပြီးနောက် KNG အယ်ဒီတာ နော်ဒင်းလဖိုင်က လူခြင်းတွေ့ဆုံပြီး အင်တာဗျူးခဲ့ပါတယ်။ KNG အယ်ဒီတာ နော်ဒင်းလဖိုင်က အင်ဘန်လ ကို NCA လက်မှတ်ထိုးဖို့အတွက် ဆုံးဖြတ်ထားပြီးပြီဆိုပြီးဆိုတာ ဟုတ်ပါသလားလို့ မေးခဲ့ပါတယ်။ အင်ဘန်က နေပြီးတော့ ဟိုးကတည်းက လိုချင်လို့ အစိုးရနဲ့ လေးငါးခါလောက် ကျွန်တော်တို့ အပစ်အခတ် ရပ်စဲခဲ့ တယ်လို့ ဆိုပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။ အင်ဘန်လဟာ KIA/KIO အစည်းအဝေးတိုင်းမှာ အခါအခွင့်သင့်တိုင်း အစိုးရကို တော်လှန်ဖို့ မြန်မာပြည်ကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံတည်ထောင်ဖို့ ဘာသာရေး လူမျိုးရေးအရ တွန်းလှန်ကြဖို့ မိန်းခွန်းတိုင်းမှာ ပြောကြားခဲ့ပါတယ်။ အခြေအနေပေးရင် ပေးသလို နယ်စပ်က KIA စခန်းတွေကနေပြီး သစ်၊ကျောက် သယံဇာတတွေကို ခိုးထုတ်ခဲ့ပါတယ်။ ရလာတဲ့ ငွေကြေးတွေနဲ့ တော်လှန်ရေးအတွက် လူ၊လက်နက်ခဲယမ်းတွေကို စုဆောင်းခဲ့ပါတယ်။ ၂၀၁၁ လဲရောက်ရော စီးပွားရေးရော စစ်ရေးရော လက်အောက်ခံ အင်အားတွေရော တောင့်တင်းလာတာနဲ့အမျှ ၀မ်ပေါင်နိုင်ငံလုပ်မယ်ဆိုပြီး တော်လှန်ပုန်ကန်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကချင်ဒေသခံတွေ ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းစုံကို ခုချိန်ထိ ခံစားနေရဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ KIA ရဲ့ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေ အင်အားတွေကို တပ်မတော်က အသက်ပေးပြီး ဖြိုခွဲထိန်းချုပ်ခဲ့ရပါတယ်။ အစိုးရက ယုံယုံကြည်ကြည်နဲ့ အပစ်အခတ်လက်မှတ် ထိုးခဲ့တာကို အခွင့်ကောင်းယူပြီး နောက်ကျောကို ဓါးနဲ့ထိုးဖို့ ကြံစည်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ယခုနောက်ပိုင်း မန်စီဘက်ကစလို့ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားခဲ့တယ်ဆိုတာလဲ တရားမ၀င် သစ်မှောင်ခိုတွေလုပ်နေတဲ့ သစ်ယာဉ်တန်းကြီး တဘက်နိုင်ငံထဲ ရောက်မသွားအောင် တားဆီးရင်းကနေ KIA နဲ့ ထိတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာလဲ KIA နဲ့ ပူးပေါင်းလုပ်နေတာဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ခုက အာတာဗျူးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့ ပြောထားပါတယ်။ ဒါကတော့ ပြည်သူတွေအားလုံးရဲ့ ဆန္ဒပါပဲ။ တရားမျှတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လွှတ်တော်တွေ ပါတီပေါင်းစုံတွေကနေ အဖက်ဖက်က လစ်ဟာမှုမရှိအောင် လုပ်ဆောင် နေပါတယ်။ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေလဲ ဖိတ်ကြားပြီး စောင့်ကြည့် နေပါတယ်။ မြန်မာနိုင်ငံမှာ ပါတီပေါင်း(၁၀၀)ကျော်က ယှဉ်ပြိုင် စောင့်ကြည့်နေကြတဲ့အတွက် ဒီရွေးကောက်ပွဲဟာ မမျှတစရာ အကြောင်း မရှိပါဘူး။ ဗိုလ်ချုပ်ကြီး အင်ဘန်လအနေနဲ့ NCA လက်မှတ်ထိုးဖို့အတွက် တိုက်ပွဲအကြောင်းပြလိုက် ရွေးကောက်ပွဲ အကြောင်းပြလိုက် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်လုပ်မနေပဲ လွတ်လပ်ပြီး တရားမျှတသော နိုင်ငံတော်သစ်ကို အတူတက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်။ မှန်ပြောင်းတစ်ခုဟာ အဝေး/အနီး ကြည့်ရာမှာ အသုံးဝင်ပေမယ့် တချိန်တည်းတပြိုင်ထဲမှာ နေရာတိုင်းကိုတော့ မမြင်ရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်လူမျိုး ကိုယ့်ပတ်ဝန်းကျင်တစ်ခုတည်း ကြည့်မနေပဲ တိုင်းရင်းသားအားလုံး တစ်နိုင်ငံလုံးကို မြင်အောင်ကြည့်ရင်း အေးချမ်းသာယာတဲ့ဘ၀ကို လက်တွဲ တည်ဆောက်နိုင်ပါစေ။ (မရန်ဆိုင်းနော်)

No comments: