Friday, July 24, 2015

ဝိုင်းမော်မြို့တွင် (၂၇)နှစ်အရွယ် ကချင်အမျိုးသားတစ်ဦးမှ (၈)နှစ်အရွယ်ကချင်ကလေးမလေးကို မုဒိန်းကျင့်ရန်ကြံစည်မှုဖြင့် အဖမ်းခံရ =========================================

ဝိုင်းမော်မြို့တွင် (၂၇)နှစ်အရွယ် ကချင်အမျိုးသားတစ်ဦးမှ (၈)နှစ်အရွယ်ကချင်ကလေးမလေးကို မုဒိန်းကျင့်ရန်ကြံစည်မှုဖြင့် အဖမ်းခံရ ========================================= 23, July, 2015 By Voice Of Kachin ၂၀၁၅ ဇူလိုင် (၂၂)ရက် ညနေ ၃ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့ ရက်ကွက်(၁)နေ ဒေါ်ဒိုင်နော၏ သမီးဖြစ်သူ မအင်ခွန်ဆိုင်းဘူ အသက်(၈)နှစ်အား အသက်(၂၇)နှစ်အရွယ် ထောဇောင်း ကချင်/ကရစ်ယာန်က အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းကြောင့် သက်ဆိုင်ရာ သို့ တိုင်ကြားသဖြင့် ဖမ်းဆီးခဲ့ရကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ မအင်ခွန်ဆိုင်းဘူ အသက်(၈)နှစ် ဒုတိယတန်း၊ အထက(၁)၀ိုင်းမော်မြို့တွင် ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းကအပြန်လမ်းတွင် အမည်မသိ အမျိုးသားတစ်ဦးက ငွေ(၂၀၀)ကျပ်ပေး၍ စကပ်လှန်ခိုင်းကြောင်း၊ မအင်ခွန်ဆိုင်းဘူးမှ ၎င်းပိုက်ဆံအား လွှင့်ပစ်ပြီး ထွက်ပြေးလာခဲ့စဉ် နောက်မှလိုက်လာခဲ့ပြီး နေအိမ်ဝင်းအနီးအရောက်တွင် ထပ်မံ၍ စကပ် လှန်ခိုင်းပြီး တွန်းလိုက်သဖြင့် ခြံစည်းရိုးတိုင်နှင့် တိုက်မိပြီး မအင်ခွန်ဆိုင်းဘူး၏ နဖူးတွင် ပွန်းပဲ့ဒဏ်ရာရရှိကာ “အမေ အမေ”ဟုခေါ်၍ အိမ်ပေါ်သို့ တက်ပြေးလာခဲ့ကြောင်း သိရှိရပါသည်။ ထိုစဉ် မိခင်ဖြစ်သူ ဒေါ်ဒိုင်နောမှ သမီးဖြစ်သူအသံကြား၍ အိမ်ရှေ့ခြံဝသို့ ကြည့်ရူရာ ခြံဝတွင် အမည်မသိ အမျိုးသားတစ်ဦးအား တွေ့ရှိရကြောင်း၊ သမီးဖြစ်သူအား မေးမြန်းရာ အကြောင်းစုံသိရသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းခံကာ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

No comments: