Tuesday, July 21, 2015

KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူမှ ဆိုင်ကယ်တိုက်မှုဖြစ်ပွား

KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူမှ ဆိုင်ကယ်တိုက်မှုဖြစ်ပွား ဇူလှိုင်လ ၂၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရပြီး ထွက်ပြေး လွတ်မြောက်လာသူမှ ဇူလိုင် လ ၁၈ ရက်နေ့တွင် ဒေသခံအမျိုးသမီးတစ်ဦးအား ဆိုင်ကယ်ဖြင့် ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။ မိုးညှင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာနေသူ ဒေါ်သောင်းမူ ၄၅ နှစ်သည် ဇူလိုင်လ ၁၈ ရက်နေ့တွင် နေအိမ်မှ ဟင်းဝယ်ရန် (၁၀)မိုင်ကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းဘေးအတိုင်း တောင်မှမြောက်သို့ လမ်းလျှောက်လာစဉ် မြောက်မှတောင်သို့ မောင်းနှင်လာသော ၀င်းမင်းဦး(ခ) မောင်ကံ မောင်းနှင်သည့် ယာဉ်အမှတ်၊ ၃၂ယ/၄၀၄၅၆ ရှမ်ယန်း ၁၂၅(စိမ်းပုပ်)ရောင် ဆိုင်ကယ်မှ ၀င်တိုက်မိရာ ယာဘက်ဂျိုစောင်းဖူးရောင်ဒဏ်ရာ ၁ ချက်၊ ယာနားရွက်စုတ်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ကံအား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရ သည်။ “ အရင်က ပူတာအိုမှာ နေတာပါ၊ ဓါတ်ဆီရောင်းတဲ့ဆိုင်လေး အိမ်မှာဖွင့်ထားပါတယ်၊ ၂၀၁၃ မတ်လ လောက်က အိမ်မှာ ဆီရောင်းဖို့ကုန်နေလို့ မြစ်ကြီးနားကို လာဝယ်တဲ့အချိန် လမ်းမှာ KIA အဖမ်းခံရ တာပါ။ စစ်သင်တန်းတက်ခိုင်းပြီး တောထဲက စခန်းတစ်ခုမှာ နေရပါတယ်၊ အဲဒီမှာ ကျွန်တော့်လို လူတွေအများကြီး ရှိတယ်၊ အားလုံးကထွက်ပြေးချင် နေကြတာ၊ အချို့ထွက်ပြေးတဲ့ လူတွေထဲက ပြန်ဖမ်းခံရတာတွေရှိတယ်၊ အဲဒီလူတွေကို ကျွန်တော်တို့ရှေ့မှာပဲ ပစ်သတ်ကြ တယ်၊ ကျွန်တော် တောင် ကံကောင်းလို့ လွတ်လာတာ၊ ထမင်းတောင်နပ်မမှန်ပါဘူးဗျာ” ဟု ၀င်းမင်းဦး က ပြောပါသည်။ ယခုကဲ့သို့ KIA အဖွဲ့မှ ကျေးရွာများအနီးတွင် လူသစ်စုဆောင်းခြင်းသာမက ခရီးသွားပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီ သမားများကိုပါ လူသစ်အဖြစ် စုဆောင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသောကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး အချို့ရွာသားများမှာလည်း မိုးညှင်းမြို့ပေါ်သို့ ပြောင်းရွှေ့ သွားကြကြောင်း ကျေးရွာအုပ်ချုပ်ရေမှူး တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။ နော်ဂျာ KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူမှ ဆိုင်ကယ်တိုက်မှုဖြစ်ပွား ဇူလှိုင်လ ၂၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရပြီး ထွက်ပြေး လွတ်မြောက်လာသူမှ ဇူလိုင် လ ၁၈ ရက်နေ့တွင် ဒေသခံအမျိုးသမီးတစ်ဦးအား ဆိုင်ကယ်ဖြင့် ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။ မိုးညှင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာနေသူ ဒေါ်သောင်းမူ ၄၅ နှစ်သည် ဇူလိုင်လ ၁၈ ရက်နေ့တွင် နေအိမ်မှ ဟင်းဝယ်ရန် (၁၀)မိုင်ကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းဘေးအတိုင်း တောင်မှမြောက်သို့ လမ်းလျှောက်လာစဉ် မြောက်မှတောင်သို့ မောင်းနှင်လာသော ၀င်းမင်းဦး(ခ) မောင်ကံ မောင်းနှင်သည့် ယာဉ်အမှတ်၊ ၃၂ယ/၄၀၄၅၆ ရှမ်ယန်း ၁၂၅(စိမ်းပုပ်)ရောင် ဆိုင်ကယ်မှ ၀င်တိုက်မိရာ ယာဘက်ဂျိုစောင်းဖူးရောင်ဒဏ်ရာ ၁ ချက်၊ ယာနားရွက်စုတ်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ကံအား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရ သည်။ “ အရင်က ပူတာအိုမှာ နေတာပါ၊ ဓါတ်ဆီရောင်းတဲ့ဆိုင်လေး အိမ်မှာဖွင့်ထားပါတယ်၊ ၂၀၁၃ မတ်လ လောက်က အိမ်မှာ ဆီရောင်းဖို့ကုန်နေလို့ မြစ်ကြီးနားကို လာဝယ်တဲ့အချိန် လမ်းမှာ KIA အဖမ်းခံရ တာပါ။ စစ်သင်တန်းတက်ခိုင်းပြီး တောထဲက စခန်းတစ်ခုမှာ နေရပါတယ်၊ အဲဒီမှာ ကျွန်တော့်လို လူတွေအများကြီး ရှိတယ်၊ အားလုံးကထွက်ပြေးချင် နေကြတာ၊ အချို့ထွက်ပြေးတဲ့ လူတွေထဲက ပြန်ဖမ်းခံရတာတွေရှိတယ်၊ အဲဒီလူတွေကို ကျွန်တော်တို့ရှေ့မှာပဲ ပစ်သတ်ကြ တယ်၊ ကျွန်တော် တောင် ကံကောင်းလို့ လွတ်လာတာ၊ ထမင်းတောင်နပ်မမှန်ပါဘူးဗျာ” ဟု ၀င်းမင်းဦး က ပြောပါသည်။ ယခုကဲ့သို့ KIA အဖွဲ့မှ ကျေးရွာများအနီးတွင် လူသစ်စုဆောင်းခြင်းသာမက ခရီးသွားပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီ သမားများကိုပါ လူသစ်အဖြစ် စုဆောင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသောကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး အချို့ရွာသားများမှာလည်း မိုးညှင်းမြို့ပေါ်သို့ ပြောင်းရွှေ့ သွားကြကြောင်း ကျေးရွာအုပ်ချုပ်ရေမှူး တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။ နော်ဂျာ

No comments: