Tuesday, July 21, 2015

KIA အဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွား

KIA အဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွား ဇူလှိုင်လ ၂၀ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာဒေသခံတစ်ဦးမှ ပြောပြခဲ့ပါသည်။ မလိယန်ကျေးရွာအနီး၊ တပ်မတော်မှနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA အဖွဲ့တစ်ဖွဲ့မှ စတင်ချောင်းမြောင်း ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ယခုကဲ့သို့ တိုက်ပွဲများမကြာမဏ ဖြစ်ပွားနေခြင်းကြောင့် KIAအဖွဲ့အနေဖြင့် ဒေသခံများအပေါ် ၎င်းတို့ စားသောက်ရန်အတွက် ဆန်များတောင်းခံခြင်း၊ ဆက်ကြေးငွေများ တောင်းခံခြင်း၊ လူသစ်အဖြစ် အတင်း အကြပ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအား အဆက်မပြတ်လုပ်ဆောင် လာခြင်းများ ကြောင့် ဒေသခံ များ အနေဖြင့် အစဉ်အဆက်နေထိုင်လာခဲ့ကြသော ၎င်းတို့ကျေးရွာများမှ နေအိမ်များအား စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်) KIA အဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွား ဇူလှိုင်လ ၂၀ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာဒေသခံတစ်ဦးမှ ပြောပြခဲ့ပါသည်။ မလိယန်ကျေးရွာအနီး၊ တပ်မတော်မှနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA အဖွဲ့တစ်ဖွဲ့မှ စတင်ချောင်းမြောင်း ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ယခုကဲ့သို့ တိုက်ပွဲများမကြာမဏ ဖြစ်ပွားနေခြင်းကြောင့် KIAအဖွဲ့အနေဖြင့် ဒေသခံများအပေါ် ၎င်းတို့ စားသောက်ရန်အတွက် ဆန်များတောင်းခံခြင်း၊ ဆက်ကြေးငွေများ တောင်းခံခြင်း၊ လူသစ်အဖြစ် အတင်း အကြပ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအား အဆက်မပြတ်လုပ်ဆောင် လာခြင်းများ ကြောင့် ဒေသခံ များ အနေဖြင့် အစဉ်အဆက်နေထိုင်လာခဲ့ကြသော ၎င်းတို့ကျေးရွာများမှ နေအိမ်များအား စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: