မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 24, 2015
Eleven Media က ခိုးကြောင်ခိုးဝှက်ဖြင့် အဆင့်အတန်းမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ပြော

====================================
KTV ကအပြန် ကုန်းသီးနဲ့ အထုခံရတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဦးသန်းထွဋ်အောင်ရဲ့ Eleven Media Group မှ ခိုးကြောင်ခိုးဝှက်ဖြင့် အဆင့်အတန်းမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောဆိုလိုက်ပါတယ်။
"အလဲဗင်းကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တွေ အဆင့်အတန်းမရှိလုပ်လာပြီ ၊ တော်တော်မိုက်ရိုင်းတဲ့ ကောင်တွေဘဲ လက်ရှိလွှတ်တော်ထဲရောက်နေတဲ့ သူတွေဆိုတော့ ဘယ်သူရှိလို့လည်း ဒဲ့ ရှင်းလေ ၊ ခိုးကြောင်ခိုးဝှက် ဟိုလူကပြောသလိုလိုဒီလူကပြောသလိုလိုနဲ့ ယောင်ဝါးဝါးလာမလုပ်နဲ့ မင်းတို့ကျပြောခြင်တိုင်းပြော စွပ်စွဲခြင်တိုင်းစွပ်စွဲ သူတို့ကျနဲနဲလေး အမှန်အတိုင်းပြောလိုက်ပါတယ် လာရှင်းဘာညာနဲ့ ရှက်လည်းမရှက်ကြဘူး ။" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုပါတယ်။
ဦးလှဆွေဟာ Eleven Media ကို Facebook ပေါ်တွင် ဝေဖန်ခဲ့ဖူးတာကြောင့် Eleven က အခုလို ကျင့်ဝတ်နဲ့ မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားမှုတွေ လုပ်လာတာဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုပါတယ်။
"မြစ်သာတမံရေမြုတ်လေးရွာ က မိသားတစုကို သိန်း ၆၀၀ /၇၀၀ ရတဲ့လူတွေကပြောမလားဒီစကား ၊ အဲဒီဆည်ကော ငါဆောက်တာလားနိုင်ငံတော်ကဆောက်တာလား ၊ ငါကအဲဒီဆည်ဆောက်ကွာလို့ပြောလိုက်လို့ အစိုးရက တခါတည်း ဆောက်ပေးမယ်ထင်လား ။
မင်းတို့အလဲဗင်း အဲဒါကြောင့်လူတွေချဉ်ကြတာ ဟဲ့ကောင်တွေရဲ့ ။ ဒါရွေးကောက်ပွဲဝင်ခါနီးမှာ အရွေူခံမယ့်အမတ်လောင်းတစ်ယောက်ကို တမင်သက်သက်အပုတ်ချတာဘဲ အသိသာကြီးဘဲ ဒါပေမဲ့ ဂျာနယ်မှာပါတာနဲ့ ပြင်ပမှာလက်တွေ့အခြေနေမှန်က တခြားစီဘဲဆိုတာ နိုဝင်ဘာရွေးကောက်ပွဲမှာစောင့်ကြည့်လိုက် ။" ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်းရဲ့ Facebook မှာ ရေးသားထားပါတယ်။
ဒါ့အပြင် MCN နဲ့ အင်တာဗျူးတစ်ခုမှာ ဦးသန်းထွဋ်အောင်အနေနဲ့ ယခင်အစိုးရလက်ထက်က တရားမဝင် လုပ်ငန်းများလုပ်ခဲ့ကြောင်း ဦးလှဆွေက ဆိုပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ဟောင်းတစ်ဦးကလည်း ဦးသန်းထွဋ်အောင် ခိုးခဲ့ကြောင်း အခုလိုပြောပါတယ်။
"ဦးလှဆွေပြောသလို၊ ဒေါက်တာသန်းထွဋ်အောင်က သစ်ထုတ်တယ်ဆိုရင် ဘာဖြစ်လဲ ထုတ်ခဲ့တာလို့ ပြောမှာပေါ့။ တကယ်လည်း ထုတ်ခဲ့တာပဲ။ အဲဒါကို ဘာလို့  ဒေါက်တာကြီးက ရှက်စရာလိုတာလဲ။ အမှန်မှန်က ဘယ်သူ့ ကိုပဲ ဘာတွေ စွပ်စွဲ စွပ်စွဲ၊ ခင်ဗျားကလည်း ပြည်သူက "အ" နေအုံးမယ်။ ဒေါက်တာသန်းထွဋ်အောင်လည်း ခိုးခဲ့တာပဲ။ ဒေါက်တာသန်းထွဋ်အောင် စီးနေတဲ့ကားနဲ့ ပိုင်ဆိုင်မှု့ တွေက ဘယ်ကရလဲ။ သူ့ အဖေက ဘောစိမဟုတ်ဘူးဗျ။
ဒါ့ကြောင့် Logics အရ အကုန်သူခိုးချည်းပဲ လို့ ပြောတာဖြစ်တယ်။ ဒဲ့ပြောရင် သန်းထွဋ်အောင်လည်း ခိုးခဲ့တာပဲ။ အခုကြမှ လူကြီးလူကောင်းလို ရှောက်ပြောနေတာဟ။
ခင်ဗျားမယုံရင် ကြည့်နေ။ ဒီအမှု့ က ရှောသွားမှာပဲ။" လို့ ဆိုပါတယ်။
Eleven Media မှ ဦးသန်းထွဋ်အောင်၊ ဦးဝေဖြိုးနဲ့ ဦးနေထွန်းနိုင်တို့မှာ နာမည်ဆိုးများနဲ့ ကျော်ကြားသူများဖြစ်ပြီး ၎င်းတို့အား အမှန်အတိုင်း ဝေဖန်သူများကို Facebook မှ block လေ့ရှိကြောင်း သိရပါတယ်။
မင်းဒင် Eleven Media က ခိုးကြောင်ခိုးဝှက်ဖြင့် အဆင့်အတန်းမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ပြော

မင်းဒင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment