မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
“တောင်သာနယ်ရဲ့ မျှော်လင့်ချက်” --------------------------------------
“တောင်သာနယ်ရဲ့ မျှော်လင့်ချက်”
--------------------------------------
တောင်သာနယ်က တောင်သာအကျိုးပြု လူတစ်ဦးအကြောင်းပြောပြချင်ပါတယ်။ လူတချို့ပြစ်တင်ကဲ့ရဲ့ နေတဲ့ ဦးအောင်သောင်းအကြောင်းဆို ပိုမှန်တာပေါ့။ ဦးအောင်သောင်းဆိုတာ ကျွန်တော်တို့ တောင်သာနယ်အတွက်တော့ တကယ့်ကို လိုအပ်တဲ့သူတစ်ဦးပါ။ ဦးအောင်သောင်းဟာ တပ်မတော်မှာ ၂၆ နှစ်ကျော်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။ တောင်သာနယ်ဟာ ဦးအောင်သောင်းအတွက် ဇာတိမွေးရပ်မြေဖြစ်ပါတယ်။ သူ့ မွေးရပ်ကို ပြန်ရောက်တိုင်း ရပ်ဆွေ ရပ်မျိုးတွေရဲ့ လိုအပ်ချက်တွေကို အမြဲ ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူ့ရဲ့တောင်သာနယ်က မြို့မိမြို့ဖတွေဟာ သူလာမဲ့အချိန်ကိုတောင် မျှော်ကြရတယ်။ ရပ်၇ွာဘုန်းကြီး ကျောင်းကအစ စာသင်ကျောင်းအဆုံး လိုအပ်ချက်တွေကို ပြန်လာတဲ့အချိန်မှာ ပြောပြကြပါတယ်။ ဦးအောင်သောင်းကို ပြောပြလိုက်တာနဲ့ ဘယ်လို ကိစ္စကြီးငယ်မဆို ရပ်ရွာရဲ့ အရေးကို တာဝန်ယူ အချိန်မဆိုင်းပဲ ချက်ခြင်းဆိုသလို ဖြေရှင်းပေးခဲ့ပါတယ် ။ ဒီလိုဖြေရှင်းဆောင်းရွက်ပေးမှုတွေဟာ တပ်မတော်အစိုးရလက်ထပ် စက်မှုဝန်ကြီးဖြစ်စဉ်ကတည်းက ဖြေရှင်းဆောင်ရွက်ပေးခဲ့တာပါ။ ဒါကြောင့်မို့လည်း လွတ်တော်အမတ်အဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ တောင်သာမြို့နယ်လွတ်တော် ကိုယ်စားလှယ်အဖြင့် ဆန္ဒမဲ၉၉.၆ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒီအကျိုးတွေသူမျှော်လို့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ နယ်မြေရဲ့လိုအပ်ချက်ကို သူစက်မူဝန်ကြီးစဖြစ်ထဲက စေတနာအရင်းခံပြီး ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ တောင်သာနယ်သားတို့ရဲ့ အလုပ်အကိုင်များစွာကိုလည်း ရှာဖွေဖန်တီးပေးခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ တောင်သာနယ်အပြင် တာဝန်ကျရာ မကွေးမန္တလေးတိုင်းတွေမှာပါ ဒေသ ဖွုံ့ ဖြိုးရေး၊ ကျန်းမာရေး ၊ ဘာသာရေးကိစ္စတွေကို တိုင်းပြည်အတွက် လုပ်ဆောင်ပေးခဲ့သော ဝန်ကြီး တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့တောင်သာဇာတိမြေမှာတော့ ဘိုးဘွားရိပ်သာတွေ ဆောက်လုပ် ပေးခြင်း၊ ဆွမ်းလောင်းအသင်းမှာ ဆန်အိတ်များ နှစ်စဉ် လှူဒါန်းခြင်း၊ အဝီစိရေတွင်းများ တူးပေးခြင်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှာပေးခြင်းတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့ပါတယ်။ တောင်သာနယ်အပေါ် သူ့ရဲ့အကျိုးပြုမှူတွေကို တောင်သာသားတို့ အမြဲသတိရနေမှာပါ။
တောင်သားတို့အတွက် အလုပ်အကိုင်ရှားပါးခဲ့စဉ်ကလည်း သူ့ရဲ့ ကူညီစောင့်ရှောက်မှုကြောင့်မိသားစုဝမ်းရေးကိုဖြေရှင်းနိုင်ခဲ့သလို၊ တောင်သာနယ်အတွက်ပညာရေးမှာ အရေးပေးပြီးဆောင်ရွက် ခဲ့ပါသေးတယ်။ ပညာရည်ချွန်ဆုပေးပွဲတွေကို နှစ်စဉ်လုပ်ပေးခဲ့လို့လည်း တောင်သာနယ်က ကလေးတွေ ကျိုးစားချင်စိတ်တွေဖြစ်ပေါ်စေခဲ့ပြီး၊ ထူးချွန်ထက်မြတ်တဲ့ကလေးတွေကို နိုင်ငံခြားပညာ တော်သင် သွားရောက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုဆိုတောင်သာနယ်က ထူးချွန်ကျောင်းသားလေးတွေဟာ ဦးအောင်သောင်းရဲ့မြေတောင်မြောက်ပြုစုပေးမှုကြောင့် နိုင်ငံရပ်ခြား မှာ ပညာတော်သင်အဖြစ် ပညာသွားရောက်သင်ယူနေတဲ့သူများရှိသလို၊ ပြည်တွင်းမှာလည်း နိုင်ငံအ တွက် အကျိုးပြုဆောင်ရွက်နေတဲ့လူတွေအများကြီး ဖြစ်ခဲ့ပါတယ်။ အမျိုးဘာသာသာသနာ အတွက် ဆိုလျင်လည်း ရက်ရောမူရှိပြီး တောင်သာနယ်မြေရဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘိုးဘွားရိပ် သာတွေမှာ လှူဒါန်းခဲ့ယုံမက မြစည်းခုံးဘုရားကြီး ထီးတင်ပူဇော်ခြင်း များ၊ ပြည်လုံအောင်ချမ်းသာ သာသနာ့ဗိမ္မာန်တော်ကြီးကိုဆောက်လုပ်လှူဒါန်းခဲ့သော သူလည်းဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ အသက် ၈၀အထိ တိုင်းပြည်အတွက် များစွာအလုပ်လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အရိပ်၊သူ့ရဲ့ ကောင်းမူကြောင့် အကျိုးပေါင်းများစွာ ဖြစ်ထွန်းခဲ့ပါတယ်။ ယခုလိုနာမကျန်းဖြစ်တဲ့သတင်းကို ကြားရချိန်မှာ တောင်သာ နယ်မှာပြန့်လွင့်နေတဲ့စကားက အဘဦးအောင်သောင်းကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အများအ ကျိုးဆထက်တိုးထမ်းဆောင်နိုင်ပါစေတဲ့။ သူ့အလာကိုမျှော်နေတဲ့ တောင်သာသား တောင်သားသူတွေ အများကြီးရှိနေပါတယ်။ တောင်သာနယ်အတွက် ဦးအောင်သောင်းနဲ့ယှဉ်ပြိုင်ပြီး မဲဆန္ဒကောက်ခံချင် တယ်ဆိုရင်လည်း တောင်သာသားတို့အတွက် ဦးအောင်သောင်းဘက်ကရပ်တည်နေမှာပါ။ တောင်သာနယ်ဟာ တစ်ချိန်ကတိုးတက်မှုမရှိပေမဲ့ ဦးအောင်သောင်း လူကြီးဖြစ်လာခဲ့တဲ့အချိန်မှာ ကျွန်တော်တို့အတွက် တိုးတက်မှုတွေရှိပြီး အခက်အခဲတွေများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တောင်သာနယ်ကိုလာကြည့်လှည့်ပါ ဦးအောင်သောင်းအပေါ်ယုံကြည်ချက်နဲ့ သူ့ပါတီဝင် ခဲ့ကြသူတွေ ထုနဲ့ဒေးပါပဲ။ အဘဦးအောင်သောင်း ကျန်းမာပါစေ၊ တောင်သာနယ်အတွက် ဆက်လက် ပြီးတာဝန်ထမ်းဆောင်နိုင်ပါစေ၊ တောင်သာသားတို့အားလုံးကိုယ်စား ……။
တောင်သာသား
ကျောက်ကာ ရွာမှ ကိုမိုးငယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment