Thursday, July 16, 2015

လူမပြောင်း၊ မူမပြောင်းဘဲ စနစ်ဟောင်းကို တော်လှန်ချင်သူတွေ ===================================

လူမပြောင်း၊ မူမပြောင်းဘဲ စနစ်ဟောင်းကို တော်လှန်ချင်သူတွေ =================================== CRPP အဖွဲ့ဝင်ဟောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းကို ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ရဲ့ စကားကို ကိုးကားပြီး SNLD က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာလည်း ဒီချုပ်အနေနဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်များမှာ ညှိနှိုင်း သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မဲဆန္ဒနယ် မထပ်အောင် မဟာမိတ် သဘောမဟုတ်တောင် ပူးပေါင်းလုပ်မယ့် သဘောမျိုးပါ။ ဒီအချက်ဟာ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်မယ့် ပါတီတွေ အတွက် အင်မတန်လိုအပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ပြည်နယ်တွေမှာက တိုင်းရင်းသား အခြေခံဖြစ်တဲ့ အတွက် ပြည်ခိုင်ဖြိုးကို တစ်စုံတစ်ရာအထိ ယှဉ်နိုင်မယ့် သဘောရှိပါတယ်။ - ဒါပေမယ့် ထုံးစံအတိုင်း ညှိမရဘူး။ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ရခိုင်ပြည်နယ်မှာ NLDနှင့် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ရေးမလုပ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီ ကို ပြောလိုက်ပါတယ်။ NLD ဘက်ကအပြောကို ကြည့်ရင် သူတို့က ပါတီကြီးဖြစ်လို့ သူတို့ရှိရင် လက်ရှောင်ပေးမယ့် သဘောတွေ့မိတယ်။ စာရေးသူ အမြင်ပြောရရင်တော့ မဲဆန္ဒနယ်တစ်ခုမှာ ဘယ်ပါတီ ၀င်ပြိုင်မယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ပါတီကြီး၊ ပါတီငယ် ဆိုတာထက် ဘယ်သူ့ ကိုယ်စားလှယ်က နိုင်ဖို့ အလားအလာပိုများ သလဲဆိုတာကိုပဲ ဦးစားပေး သင့်တယ်။ - အဲဒီပါတီကြီး၊ ပါတီငယ် ကိစ္စဟာ ၉၀ ရွေးကောက်ပွဲတုန်းကလည်း ဦးရွှေအုံး ပါတီနဲ့ ဒီချုပ်ကြားမှာ ရှမ်းပြည်နယ်နဲ့ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ ပထမတုံးက ရှမ်းပါတီပြိုင်တဲ့ နေရာမှာ ဒီချုပ်က မပြိုင်ဖို့ သဘောတူခဲ့တယ်။ နောက်တော့ ဦးကြည်မောင်တို့က ပါတီအဖွဲ့အစည်းတွေ ဖွဲ့ထားပြီး မပြိုင်ရင် ကလေးတွေ စိတ်မကောင်းဖြစ်မယ်ဆိုပြီး မဲဆန္ဒနယ် လေးဆယ်ကျော်မှာ ၀င်ပြိုင်တယ်။ နောက်ဆုံးတော့ ဦးရွှေအုံးတို့ပဲ အများစု နိုင်ပေမယ့် ပါတီနှစ်ခုကြား ဆက်ဆံရေး ကတော့ မကောင်းတော့ဘူး။ ၂၀၀၉ ခုနှစ်က ဦးရွှေအုံးရေးတဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ စာတမ်းထဲမှာ အဲဒီကိစ္စ ပြန်ဖော်ထားပြီး ဒါကို ဗမာပါတီများရဲ့ လူမျိုးကြီး ၀ါဒအဖြစ် မြင်တဲ့ သဘော ပြောထားတယ်။ - အခုလည်း CRPP ရွေးချယ်ခံတွေနဲ့ ဒီချုပ်တို့အကြား ညှိညှိနှိုင်းနှိုင်းလုပ်မယ်ဆိုနေပေမယ့် အများစုက အရင်လူဟောင်းတွေဖြစ်သလို၊ မူတွေကလည်း အဟောင်းတွေလို့ ဆိုရမှာပါ။ ဒီတော့ မိမိပါတီ အသာစီးရရေး သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင်း ဒီမိုကရေစီမဟာမိတ်များအကြား အကွဲအပြဲများ ပြန်ဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။ - ဒေါက်တာမျိုးချစ် လူမပြောင်း၊ မူမပြောင်းဘဲ စနစ်ဟောင်းကို တော်လှန်ချင်သူတွေ =================================== CRPP အဖွဲ့ဝင်ဟောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းကို ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ရဲ့ စကားကို ကိုးကားပြီး SNLD က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာလည်း ဒီချုပ်အနေနဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်များမှာ ညှိနှိုင်း သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မဲဆန္ဒနယ် မထပ်အောင် မဟာမိတ် သဘောမဟုတ်တောင် ပူးပေါင်းလုပ်မယ့် သဘောမျိုးပါ။ ဒီအချက်ဟာ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်မယ့် ပါတီတွေ အတွက် အင်မတန်လိုအပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ပြည်နယ်တွေမှာက တိုင်းရင်းသား အခြေခံဖြစ်တဲ့ အတွက် ပြည်ခိုင်ဖြိုးကို တစ်စုံတစ်ရာအထိ ယှဉ်နိုင်မယ့် သဘောရှိပါတယ်။ - ဒါပေမယ့် ထုံးစံအတိုင်း ညှိမရဘူး။ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ရခိုင်ပြည်နယ်မှာ NLDနှင့် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ရေးမလုပ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီ ကို ပြောလိုက်ပါတယ်။ NLD ဘက်ကအပြောကို ကြည့်ရင် သူတို့က ပါတီကြီးဖြစ်လို့ သူတို့ရှိရင် လက်ရှောင်ပေးမယ့် သဘောတွေ့မိတယ်။ စာရေးသူ အမြင်ပြောရရင်တော့ မဲဆန္ဒနယ်တစ်ခုမှာ ဘယ်ပါတီ ၀င်ပြိုင်မယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ပါတီကြီး၊ ပါတီငယ် ဆိုတာထက် ဘယ်သူ့ ကိုယ်စားလှယ်က နိုင်ဖို့ အလားအလာပိုများ သလဲဆိုတာကိုပဲ ဦးစားပေး သင့်တယ်။ - အဲဒီပါတီကြီး၊ ပါတီငယ် ကိစ္စဟာ ၉၀ ရွေးကောက်ပွဲတုန်းကလည်း ဦးရွှေအုံး ပါတီနဲ့ ဒီချုပ်ကြားမှာ ရှမ်းပြည်နယ်နဲ့ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ ပထမတုံးက ရှမ်းပါတီပြိုင်တဲ့ နေရာမှာ ဒီချုပ်က မပြိုင်ဖို့ သဘောတူခဲ့တယ်။ နောက်တော့ ဦးကြည်မောင်တို့က ပါတီအဖွဲ့အစည်းတွေ ဖွဲ့ထားပြီး မပြိုင်ရင် ကလေးတွေ စိတ်မကောင်းဖြစ်မယ်ဆိုပြီး မဲဆန္ဒနယ် လေးဆယ်ကျော်မှာ ၀င်ပြိုင်တယ်။ နောက်ဆုံးတော့ ဦးရွှေအုံးတို့ပဲ အများစု နိုင်ပေမယ့် ပါတီနှစ်ခုကြား ဆက်ဆံရေး ကတော့ မကောင်းတော့ဘူး။ ၂၀၀၉ ခုနှစ်က ဦးရွှေအုံးရေးတဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ စာတမ်းထဲမှာ အဲဒီကိစ္စ ပြန်ဖော်ထားပြီး ဒါကို ဗမာပါတီများရဲ့ လူမျိုးကြီး ၀ါဒအဖြစ် မြင်တဲ့ သဘော ပြောထားတယ်။ - အခုလည်း CRPP ရွေးချယ်ခံတွေနဲ့ ဒီချုပ်တို့အကြား ညှိညှိနှိုင်းနှိုင်းလုပ်မယ်ဆိုနေပေမယ့် အများစုက အရင်လူဟောင်းတွေဖြစ်သလို၊ မူတွေကလည်း အဟောင်းတွေလို့ ဆိုရမှာပါ။ ဒီတော့ မိမိပါတီ အသာစီးရရေး သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင်း ဒီမိုကရေစီမဟာမိတ်များအကြား အကွဲအပြဲများ ပြန်ဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။ - ဒေါက်တာမျိုးချစ် http://www.myanmarexpress.net/2015/07/blog-post_68.html

No comments: