မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
လိမ်ဦးမှာလား ၂၀၁၅ [သရ၀ဏ် (ပြည်)] ======================
လိမ်ဦးမှာလား ၂၀၁၅ [သရ၀ဏ် (ပြည်)]
======================
“အထူးသဖြင့် အာဏာလက်လွှတ်ရချိန်
တွင် တရားတပေါင်ရင်ဆိုင်ရမှာကို ကြောက်သည်။
ထို့ကြောင့် ပုဒ်မ ၄၄၅ ကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။
ယခင်အစိုးရလက်ထက်တွင်
ကြီးငါးကြီး ရှိရာ ထိုသူများမှာ
ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်၊ ဦးရွှေမန်း၊ ဦးစိုးဝင်းတို့ဖြစ်သည်။”
----- ----- ----- ----- -----
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ကတော့ လမ်းပိတ်သွားချေပြီ။
ဒေါ်အောင်ဆန်းစုကြည်လည်း
သမ္မတမဖြစ် နိုင်တော့။
ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များကို
လည်း သက်ဆိုင်ရာလွှတ်တော်များက တိုက်ရိုက်ရွေးချယ်ခွင့်မရှိ တော့။
ဖက်ဒရယ်ပြည်ထောင်စု ပီပီသသဖြစ်ထွန်းရေးမှာလည်း
မနီးစပ်တော့။
ပြည်နယ်များ၏ လုပ်ပိုင်ခွင့်မှာ လည်း
ထင်းခုတ်၊ မီးသွေးဖုတ်၊ ဈေးကောက်ကောက် စီမံခန့်ခွဲမှုလောက်
က မတက်နိုင်တော့။
ပြည်သူများ စိတ် ဓာတ်ကျကြသည်။
ဘာဆက်လုပ်ရမလဲ၊
ဘာဆက်လုပ်ကြမလဲ။
ပြည်သူများ တွေဝေကုန်ကြသည်။
သို့သော် ဤကိစ္စများသည် တကယ်တော့အဆန်းမဟုတ်။
၂၀၀၈ ခုနှစ်မတိုင်မီကပင် ညောင်နှစ်ပင်အမျိုးသားညီလာခံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကြကတည်းက တနေ့တွင် ဒီဘူတာပဲဆိုက်မည်ဆိုတာ နိုင်ငံရေးပါးဝသူတိုင်းက သိပြီးသားပင်ဖြစ်သည်။
နိုင်ငံတော်၏ အခြေခံရမည့်မူများထဲ
တွင် အနာဂတ်နိုင်ငံတော်၏
ဦးဆောင်မှုအခန်း ကဏ္ဍတွင်
တပ်မတော်က
ပါဝင်ဆောင်ရွက်ရေးဆိုတာကြီး
ထုတ်ပြန်လာကတည်းက
ဒီအချိုးမျိုးချိုးတော့မည်ဆို တာ
စဉ်းစားတတ်သူအားလုံးသိပြီးသား
ဖြစ်သည်။
ထို့ကြောင့်
ကျွန်တော်ကတော့ မအံ့သြပါ။
အမျိုးသား ညီလာခံခေါ်၍ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေကြီးကို လူတွေအများ
ကြီးဖြင့် တိုင်ပင်ရေးဆွဲခဲ့သည်ဆိုသော်
လည်း လူအများစုမှာ လက်ညှိုးထောင် ခေါင်းညိတ်အဆင့်ထက်မပိုခဲ့သော အိမ်ဖြည့်အဆင့်များသာဖြစ်သည်။
တကယ် စဉ်းစားဝေဖန်အကြံပြုထောက်ပြနိုင်
သောသူများမှာ အမျိုးသားညီလာခံသို့ ဖိတ်ခေါ်ခံရဖို့ဝေးစွ၊ ထောင်ထဲသို့ ထည့်ထားခြင်းမခံရလျှင် ကံကောင်းဆို
သော အခြေအနေမျိုးဖြစ်ခဲ့သည်။
အမျိုးသားညီလာခံကိုဝေဖန်လျှင် ထောင်အနှစ် ၂၀ ကျခံရနိုင်သော ဥပဒေကိုပြဋ္ဌာန်းခဲ့သေးသည်။
တကယ်တော့ ညောင်နှစ်ပင်
အမျိုးသား ညီလာခံသည် ရုပ်ပြကောင်းရုံပြုလုပ်ခဲ့သော ဟန်ပြညီလာခံဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ရေးဆွဲခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဦးအောင်တိုးဖြစ်သည်။
စစ်အစိုးရအကြီးအကဲ
ဗိုလ်ချုပ်မှူး ကြီးလိုချင်သမျှကို
အခြေခံဥပဒေစာအုပ်ထဲပါဝင်စေရန်
ဥပဒေစာသားများ သွတ်သွင်းပေးရသူ
မှာ ဒေါက်တာ တင်အောင်အေးနှင့်
ဦးအောင်တိုးတို့ဖြစ်သည်။
၂၀၀၇ အောက်တိုဘာ ၁၈ ရက်နေ့
တွင် နိုင်ငံတော်အေးချမ်း သာယာရေး
နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ
(နအဖ)အဖွဲ့
ကြေညာချက် ၂/၂၀၀၇
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းကြောင်း
ကြေညာခဲ့ရာ ထိုအဖွဲ့တွင်
ဥပဒေပညာရှင် ၅၄ ဦးအထိ လူမြင်
ကောင်း အောင်ဖွဲ့စည်းပေးခဲ့သော်
လည်း တကယ်တမ်းတွင်
စစ်အစိုးရအဖွဲ့ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး၏ လိုလားချက် များကို
စာရွက်ပေါ်တွင် ဥပဒေဘောင်ဝင်အောင်
ရေးပေးရခြင်းမှတပါးအဖွဲ့တွင်
ထူးခြားသော လုပ်ပိုင်ခွင့်မရှိ ချေ။
ထို့ကြောင့် အမျိုးသားညီလာခံမှာ ဟန်ပြဖြစ်ပြီး စစ်အစိုးရခေါင်းဆောင်များလိုချင်သော၊
ပါစေချင်သော အချက်များကိုသာ
ရေးဆွဲထားခဲ့ခြင်းဖြစ်၍ အစတည်းက
မူမမှန်သော ဗီဇမျိုးစေ့မမှန်သည့်
အခြေခံဥပဒေဖြစ် သည်။
ထိုဥပဒေနှင့် ဒီမိုကရေစီမှာ
နံသာဆီနှင့်အီး၊ ဘုန်းကြီးနှင့်ဘီးလို
ပြဒါးတလမ်းသံတလမ်းပင်ဖြစ်သည်။
ထို့ကြောင့် ၂၀၁၅ ဇွန်လ ၂၅ ရက်နေ့
က ပြည်ထောင်စုလွှတ်တော်တွင်
ပြုပြင်ပြောင်းလဲရေးအဆိုကို တပ်မ
တော်သားများက သူတို့ရထားသော
၂၅ ရာခိုင်နှုန်း ဗီတိုအာဏာနှင့်ပယ်ချလိုက်တော့ လူအများအံ့သြသော် လည်း ကျွန်တော်မအံ့သြမိပါချေ။
ဒီဇာတ်လမ်းကလျှင် ဒီဇာတ်ဝင်ခန်းပဲ မြင်ရမည်မဟုတ်ပါလား။
သို့သော် တိုင်း သူပြည်သားများသည် စိတ်ပျက်အားလျှော့စရာတော့မလိုပါချေ။
လုပ်နိုင်သည့်ဘောင်ထဲက တိုင်းပြည်တိုးတက် အောင်လုပ်လို့ရသ
မျှ လုပ်ကြရမည်ဖြစ်သည်။
တပ်မတော်သည် ပုဒ်မ ၄၃၆(ခ)နှင့်ဆက်နွှယ်နေသော
ပုဒ်မများ ကိုမပြင်ချင်ခြင်းအတွက် အကြောင်းပြချက်လှလှလေးများကို အမျိုးမျိုးပြောကြားနေသော်လည်း
တကယ့် အကြောင်းရင်းမှန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၅ ကို ကာကွယ်လိုရင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၄) ပုဒ်မ ၄၄၅ တွင် ဤသို့ ရေးသားဖော်ပြထား၏။
''ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်
ရေးအဖွဲ့နှင့်နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏မူဝါဒ
လမ်းညွှန်မှုများ၊ ဥပဒေများ၊
နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှုတည်ဆောက်
ရေးအဖွဲ့နှင့်နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်
များ၊ တာဝန်နှင့်ရပိုင်ခွင့်များကိုလည်း ကောင်း ဆက်ခံသည်။
ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ''
ဤစာသားများမှာ နိုင်ငံတော်အကြီးအကဲဟောင်းဆိုသူ
၏ဆန္ဒများကို ဦးအောင်တိုးတို့၊
ဒေါက်တာတင်အောင် အေးတို့အဖွဲ့က စာစီကုံးပေးပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီး၏
စာမျက်နှာ ၁၇၈ တွင် ထည့်သွင်းပြဋ္ဌာန်း
ထား ခင်းဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်ထဲ
တွင်ဖြစ်နေသော ထောက်ခံမဲ၊ ကန့်ကွက်မဲ များမှာလည်း ဤစာပိုဒ်ကြောင့် ဖြစ်နေရခြင်းဖြစ်သည်။
လူတို့က တွေးထင်သည်မှာ
တပ်မတော်သည်
ဖက်ဒရယ်စနစ်ကိုမလိုလား၍
ကန့်ကွက်သည်တို့၊ ဒီမိုကရေစီကို
မလိုလား၍
ဆန့်ကျင်ကန့်ကွက်မဲပေးသည်တို့၊ လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေခြင်းကို
အလျှော့မပေးချင်သောကြောင့်
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်သည်တို့၊ အမျိုးသားနိုင်ငံရေးသဘော
တရားအရ ကန့်ကွက်သည်တို့
စသည်ဖြင့် ထင်မြင်ယူဆကာ အမျိုးမျိုးပြောနေကြပေသည်။
ထိုအယူအဆများ မှာ
အပေါ်ယံအနေဖြင့် ဟုတ်ကောင်းဟုတ်နိုင်သော်လည်း တကယ့်အကြောင်းရင်းခံမှာ ထိုသို့မဟုတ်နိုင်ပေ။
ပုဒ်မ ၄၄၅ ကို ကာကွယ်လိုသောဆန္ဒကြောင့်
ဤသို့သော အခင်းအကျင်းများဖြစ်လာသည်ဟု သုံးသပ်နိုင်ပေ သည်။
အမျိုးသားညီလာခံသည်
ဟန်ပြသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အကြီးအကဲ ဟောင်းဆို
သူနှင့် ဥပဒေပညာရှင်တစု လက်ကြိတ်ထိုးစီမံရာမှဖြစ်ပေါ်လာခြင်း
ကို ထင်ရှားစွာတွေ့နိုင်၏။
ဆွေးနွေးနေဆဲအခိုက်ဝယ် တိုင်းရင်းသားတို့တင်ပြသမျှ ဘာမှအရာမထင်သဖြင့် ထိုစဉ်က ညီလာခံခေတ္တနား သောအခါ မွန်ပြည်သစ်ပါတီပင် အမျိုးသားညီလာခံ ပြန်မတက်တော့ဘူးဟု အသံထွက်ခဲ့ဖူးသည်။
နောက်တော့ စစ်အစိုးရ၏
စည်းရုံးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ညောင်နှစ်ပင်ညီလာခံတက်ကြသည်။
ထူးခြားသော ပြောရေးဆိုခွင့်တော့
မရခဲ့ချေ။
စစ်အစိုးရခေါင်းဆောင်ဟောင်းများသည် န၀တ၊ နအဖ စစ်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သမျှကို ဥပဒေအရနောက်ကြောင်းပြန် အရေးယူခံရမှာ ကြောက်ကြသည်။
အထူး သဖြင့် ၁၉၈၈ အာဏာသိမ်းသည့်ကာလက လူသေဆုံးမှုများ၊
ထောက်လှမ်းရေးလက်ချက်ဖြင့်
အသက်သေဆုံး၊ ထောင်ချခံ၊
နှိပ်စက်ခံကြရခြင်းများ၊
ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်း စသည့်ကိစ္စများ
သူတို့ ကို အမှုပတ်လာမှာကိုကြောက်
သည်။
အထူးသဖြင့်
အာဏာလက်လွှတ်ရချိန်တွင် တရားတပေါင်ရင်ဆိုင်ရမှာကို ကြောက်သည်။
ထို့ကြောင့် ပုဒ်မ ၄၄၅ ကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ယခင်အစိုးရလက်ထက်တွင်
ကြီးငါးကြီး ရှိရာ
ထိုသူများမှာ
ဦးသန်းရွှေ၊
ဦးမောင်အေး၊
ဦးခင်ညွန့်၊
ဦးရွှေမန်း၊
ဦးစိုးဝင်းတို့ဖြစ်သည်။
ပုဒ်မ ၄၄၅ ၏ အဓိက ရည်ရွယ်ချက်မှာ ထိုကြီးငါးကြီးကို ကာကွယ်ရေးဖြစ်သည်။
ထိုအထဲတွင် ၀န်ကြီးချုပ်ဟောင်းဦးစိုးဝင်းသည် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ဦးခင်ညွန့်သည် စစ်အစိုးရကမလိုလားသဖြင့် ဖယ်ထုတ်ခြင်းကိုခံခဲ့ရပြီဖြစ်သည်။
ဦးရွှေမန်းသည် ယခုအခါ အစိုးရအသစ်လက်ထက်တွင် လွှတ်တော်နာယကတာဝန်ကို ထမ်းဆောင်နေပြီဖြစ် သည်။
ရာထူးမရှိတော့သော
အဓိကပုဂ္ဂိုလ်မှာ နှစ်ဦးသာကျန်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၆ သည် ပြင်ဆင်ခြင်းအားလုံး၏ အခေါင်အချုပ်ဖြစ်သည်။
၄၃၆ ကို ပြင်လိုက်လျှင် နောင်အခါ NLD နှင့် တိုင်းရင်းသားများ အာဏာရလာလျှင် ၄၄၅ ကိုပါ ဖြုတ်ပစ်လို့ရ၏။
ပြင်ပစ်လိုက်လို့ရ၏။
ထို့ကြောင့်
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်နေခြင်းဖြစ်သည်ဟု
မြင်နိုင်သည်။
ပြုပြင်ပြောင်းလဲ ရေးကို အလျင်စလိုမလုပ်သင့်ကြောင်း ထိုကိုယ်စားလှယ်များက ထောက်ပြနေခြင်းမှာလည်း
အကြောင်းရှိ သည်။
စစ်အစိုးရ၏
အကြီးအကဲဟောင်းကြီးနှစ်ဦး သက်ရှိထင်ရှားရှိနေသရွေ့
ပုဒ်မ ၄၄၅ ကို တည်တံ့စေလို၍ ဖြစ်သည်။
ဤအချက်ကိုထည့်မတွက်ဘဲ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်
ဆောက်ရေး ကွက်ကွက်ကိုပဲကြည့်ကာ၊ ဝေဖန်နေလျှင် အဖြေမှန်ကိုတွေ့မည်
မဟုတ်။
မိမိရင်ဆိုင်နေရသော လူတွေသည် ဘာ့ကြောင့် ဘာကိုလုပ်နေသည်ဆိုခြင်း
ကို ပါးနပ်သော နိုင်ငံရေးသမားများဖြစ်သည်ဆိုလျှင်
သဘောပေါက်ရမည်။
နိုင်ငံတော်အကြီးအကဲဟောင်းများ သက်ရှိထင်ရှားရှိနေသရွေ့ တပ်မတော်
သည် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ချင်မည်မ
ဟုတ်။
မျှော်လင့်နေလျှင် မျှော်လင့်သူတို့၏ မိုက်မဲမှုသာရှိမည်။ အမိုက်နင့်ပြင်ရှိသေး လားဟူသော ဆုံးမစာထဲကလိုရှိမည်။
နိုင်ငံတော်အကြီးအကဲဟောင်းများ လူ့ပြည်တွင်သက်တမ်းစေ့၍ မနေကြ
ရတော့သော နောက်ပိုင်းတွင်
တပ်မတော်သည် လွှတ်တော်ထဲမှ
တစတစ ထွက်ခွာခြင်းအပါအ၀င်
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်လာပါလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် လွှတ်တော်တွင်းမှ ၂၅ ရာခိုင်နှုန်းသောပုဂ္ဂိုလ်များ ဘယ်တော့ဘယ်လို ထွက်ခွာမလဲ
ဟူသော အချိန်ဇယား
(Time Frame)
ကိုမေးခြင်းမှာ ပြန်စာမရနိုင်သော
ရည်းစား ကို စာပေးခြင်းလိုသာရှိမည်။
Reply လာမည်မဟုတ်။
လက်ဖက်ကောင်း စားချင် လျှင် ပလောင်တောင်တက်နှေးရမည်။
ပြည်သူလူထုသည် စိတ်ရှည်ရှည်စောင့်စားကြရုံသာရှိ
Hope for the best, prepare for the worst အကောင်းဆုံးကိုမျှော်လင့်အဆိုးဆုံး
အတွက် ပြင်ဆင်ဆိုသလိုပင် ယခုရှိနေ
သော အခြေအနေနှင့် အလိုက်ဖက်ဆုံးကိစ္စများကို ဆောင်ရွက်ကြရန်ဖြစ်သည်။
တပ်မတော်ကလည်း လွှတ်တော်တွင်ရှိနေမည်။
ပုဒ်မ ၄၃၆ လည်း မပြင်နိုင်သောအခြေအနေတွင်
အကောင်း ဆုံးဆောင်ရွက်နိုင်သည်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲအများစု ဖြင့် အောင်မြင်သောပါတီသည် သမ္မတလောင်းနှစ်ဦး ရွေးချယ်နိုင်မည်။ အစိုးရဖွဲ့နိုင်မည်။
ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတမဖြစ်နိုင်သော်လည်း နိုင်ငံခြားရေးဝန်ကြီးသော်လည်း
ကောင်း၊ ကျန်းမာရေး၊ ပညာရေး ၀န်ကြီးသော်လည်းကောင်း ဖြစ်နိုင်သေးသည် (နိုင်ငံခြားရေးဝန်ကြီးရာထူးက
ပို၍သင့်လျော်သည်)။
လွှတ်တော် တွင် ဥက္ကဋ္ဌဖြစ်နိုင်သည်။
သို့သော်
လွှတ်တော်ဥက္ကဋ္ဌရာထူးထက် နိုင်ငံတကာနှင့် ဆက်ဆံသွားလာပြော
ဆိုရ သော
Minister of Foreign Affairs
(အမေရိကန်အခေါ် Secretary of State)
က ဒေါ်အောင်ဆန်းစုကြည်နှင့် ပို၍ လိုက်ဖက်သင့်တော်သည်။
ပြည်ထောင်စုလွှတ်တော်တွင် အမတ်ဦးရေပေါင်း ၆၆၄ ဦးရှိရာ
NLD သည် ရွေး ကောက်ပွဲတွင် အမတ်ဦးရေ ၃၃၂ ယောက်ထက်မနည်း တပြည်လုံးတွင် အရွေးခံခဲ့ရလျှင်
လွတ်လွတ်ကျွတ် ကျွတ်အစိုးရဖွဲ့နိုင်သည်
(၁၉၉၀ ရွေးကောက်ပွဲတွင် NLD အမတ် ၃၉၂ ဦးရွေးကောက်ခံခဲ့ရသည်)။
သမ္မတကို လွှတ်တော်အမတ်ထဲမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများ
ထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်နိုင်
ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ
၆၀(ဂ)တွင် ပြဋ္ဌာန်းထားရာ NLD သည် အမတ် ၃၃၂ ယောက်သာ ရွေးချယ်ခံရပါက သူရဦးတင်ဦးဖြစ်စေ၊
ပါတီထဲမှ အခြားတဦးဦးဖြစ်စေ၊
တိုင်းရင်းသားမဟာမိတ်ထဲမှတဦးဦးဖြစ်
စေ (ဥပမာ ဦးခွန်ထွန်းဦး)၊
၈၈ မျိုးဆက် ငြိမ်း-ပွင့်ထဲမှ
ခေါင်းဆောင်တဦးဦး
(ဥပမာ ကိုမင်းကိုနိုင်/ကိုကိုကြီး)
ကို သမ္မတနေရာတင်မြှောက်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌနေရာတွင်ပင်ဆက်နေကာ
NLD ကို ဆက်လက်ဦးဆောင်သွားနိုင်သည်။
ပါတီဥက္ကဋ္ဌ/ နိုင်ငံခြားရေးဝန်ကြီး ရာထူးသည် အကောင်းဆုံးမဟုတ် သော်လည်း လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်အတွက် အသင့်တော်ဆုံး ရည်မှန်းချက်ဖြစ်သင့် သည်။
အစိုးရအဖွဲ့ဖြစ်လာသောအခါ
NLD သည် ပြည်သူလူထုအကျိုးကို
ရှေ့ရှု၍ လုပ်နိုင်သောအရာများစွာရှိသည်။
ပထမအချက်အနေနှင့် ပြည်သူ့ဘဏ္ဍာငွေကို အကုန်အကျများစေသော လက်ရှိအစိုးရအရွယ်အစား
လွန်မင်းစွာ ဖောင်းပွနေခြင်းကို
လျှော့ချ၍ ကျစ်ကျစ်လျစ်လျစ် ပြန်လည်ဖွဲ့စည်းနိုင်သည်။
ယခုအစိုးရအဖွဲ့တွင် သမ၀ါယမ
ဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန ၆ ခု၊
မီးရထားဝန်ကြီးဌာန၊ အားကစားဝန်ကြီး
ဌာန စသည်ဖြင့် ၀န်ကြီးဌာန များဖောင်းပွကာ ၀န်ကြီးအရေအတွက်
၉၆ ပါးတောင်ရှိနေသည်။
မလိုသောဝန်ကြီးဌာနများကို
ဖျက်သိမ်းပစ်ရ မည်။
ဒုဝန်ကြီး ၂ ဦးစီထားနေခြင်းသည် ကြိုးနီစနစ်ကို ပိုမိုထွန်းကားစေ
သောကြောင့် ဌာနတခုတွင် ဒုဝန်ကြီး တဦးစီသာထား၍ရသည်။
တရားစီရင်ရေးသည် ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် ကျရောက်နေသော ကြောင့် တပ်မတော်၏လက်အောက်သို့ တရားရုံးများကျသလိုဖြစ်နေသည်။
ထို့ကြောင့် တရားရေးဝန်ကြီးဌာန
(Ministry of Justice)ကို ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့ကာ
တရားရုံးများကို စစ်တပ်၏လွှမ်းမိုးမှုအောက်မှ ခွဲထုတ်ပစ် ရမည်။
အစိုးရအသစ်သည် မိုးကျရွှေကိုယ်များ
ကို ဖယ်ရှားပြီး ကျွမ်းကျင်ပညာရှင်များ ပညာတတ်လူတော်များ ကိုနေရာပေးရမည်။
အဂတိလိုက်စားမှုကို ပြင်းထန်ထိရောက်သော တရားစီရင်ရေးဖြင့် နှိမ်နှင်းရမည်။
ပညာ ရေး၊ ကျန်းမာရေးဘတ်ဂျက်ကို ပိုမိုသုံးစွဲရမည်။
ဆင်းရဲသားတို့အကျိုးရှိမည့် ရေတိုရေရှည် PLAN များချမှတ်ရ မည်။
ထိုကိစ္စများမှာ ရွေးကောက်ပွဲတွင် အနိုင်ရပါက လုပ်ဆောင်နိုင်သော အချက်များဖြစ်သည်။
နိုင်ငံခြားသံရုံး များတွင် မိုးကျရွှေကိုယ်များအစား
တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မည့်ပညာတတ်များ
နှင့် အစားထိုးခန့် အပ်ကာ ပြည်ပရောက် မြန်မာအလုပ်သမားများကို ဆတက်ထမ်းပိုးကာကွယ်စောင့်
ရှောက်ခြင်းပြုလုပ်နိုင်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေကာ အလုပ်အကိုင်အခွင့်အရေးများ ဖန်တီးခြင်းဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ သိက္ခာရှိရှိ ပြည်တော်ပြန်ဝင်လာရေးကို ဆောင်ရွက်နိုင်သည်။
ပုဒ်မ ၁၈၊ အပါအ၀င်
လူ့အခွင့်အရေးကို ချိုးနှိမ်သော၊ နိုင်ငံရေးသမားများ
ကိုရမယ်
ရှာ ဖမ်းဆီးနိုင်သော ပုဒ်မများကိုဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလုပ်နိုင်သည်။ ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၀၄(က)အရ နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသဖြင့် ဖမ်းဆီးခံ ကျောင်းသားများ၊ ၀န်းရံသူများ၊ နိုင်ငံရေးအကျဉ်းသားများကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ကာ ထောင်မှလွှတ်ပစ်နိုင်သည်။ ရွေးကောက်ခံအမတ်များသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုမိုအာမခံနိုင် သော ဥပဒေ၊ နည်းဥပဒေများ လွှတ်တော်တွင် ပြဋ္ဌာန်းနိုင်သည်။ သက်ကြီးရွယ်အိုများကို လူမှုဖူလုံရေး အစောင့် အရှောက်များ တိုးတက်ပေးအပ်နိုင်သည်။
NLD အနိုင်ရလျှင် တိုင်းပြည်ကောင်းကျိုးဆောင်ရွက်နိုင်
သော နည်းလမ်းများစွာရှိသည်။
တခုပဲရှိသည်။
ထိုကိစ္စ တွေဖြစ်ဖို့ ရွေးကောက်ပွဲတွင် အုံနှင့်ကျင်းနှင့် ၁၉၉၀ တုန်းကလို အပြတ်အသတ်အနိုင်ရဖို့လိုသည်။
အစိုးရဖွဲ့ နိုင်ဖို့လိုသည်။
ယှဉ်ပြိုင်ရမည့်အဖွဲ့မှာ အာဏာရပါတီဖြစ်နေသဖြင့် ဘဏ္ဍာရေးတောင့်တင်းမှု၊
လုပ်ပိုင်ခွင့်ရှိမှုတို့ တွင် တဖက်ကသာနေသည်။
ထို့အပြင် ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်မည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သည် လက်ရှိသမ္မတကြီး၏ သူငယ်ချင်းတပ်မတော်သား စစ်ဗိုလ်ချုပ်တယောက်ဖြစ်နေသည်။
ထိုစစ်ဗိုလ်ချုပ် ကြီးဟောင်း ဦးစီးကျင်းပမည်ဆိုသော ၂၀၁၅ ရွေးကောက်ပွဲမှာ မကျင်းပရသေးမီကပင် မဲစာရင်းမှားယွင်းမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည်။
ရွေးကောက်ပွဲတွင် မဲလိမ်မှုများဖြစ်လာနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက
စိုးရိမ်နေကြသည်။
၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်
တခါ၊ ၂၀၁၀ ရွေးကောက်ပွဲတွင်တခါ ညစ်ပတ်ကလိမ် ကျမှုကို ပြည်သူလူထု
က တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်ကော လိမ်ဦးမှာလား၊
ညစ်ဦးမှာ လားဟု
လူထုက စိုးရိမ်နေကြပါသည်။
သမ္မတကြီးကလည်း ဂျပန်ခရီးစဉ်တွင် ပြည်သူလူထုကလိုလားလျှင် ဒုတိယသက်တမ်းကို တာဝန်ထပ်မံထမ်းဆောင်ကောင်း
ထမ်းဆောင်မည်ဟု ပြောကြားထားရာ ပြည်သူလူထု မလိုလားသူမရှိ၊
လိုလားမဲများချည်းဖြစ်အောင် အဓမ္မလုပ်ကြမည်ကိုလည်း
ပြည်သူလူထုက စိုးရိမ်နေပါသည်။
မည်သို့ပင်ဖြစ်စေ လူထုသည် စိတ်ပျက်နေစရာမလို။ သံဃာအား ဘုရားမလွန်ဆန်သာဆိုသလို
နိုင်ငံနှင့်ပြည် သူလူထု တိုးတက်
ပြောင်းလဲဖို့ တကယ်ပြောင်းချင်သည့်သူများကို မဲထည့်ရမည်ဖြစ်သည်။
အများညီလျှင်
မဲလိမ် သည့်တိုင်အောင် ဒီမိုကရေစီဘက်တော်သားများနိုင်ခဲ့
သည်ကို ၂၀၁၀ ရွေးကောက်ပွဲ အချို့မဲဆန္ဒနယ်များ၌ ကြိုတင်မဲ ဘယ်လောက်ဖြည့်ဖြည့် ပြည်သူလူထုက ချစ်ခင်အားပေးကြသူများသာ အောင်ပွဲခံခဲ့တာလည်း ကြုံဖူး
ပါသည်။
ကိုယ့်အိမ်မှာ ကိုယ်ထိုင်နေ၍တော့ အပြောင်းအလဲသည် သူ့အလိုလိုဖြစ်လာမည်မဟုတ်။
ကိုယ်တိုင် လည်းပါဝင်လှုပ်ရှားရမည်။
မတရားမှုများကိုလည်း စောင့်ကြည့်ကန့်ကွက်ဖော်ထုတ်
ရမည်။ သန့်ရှင်းသောအစိုးရ တရပ်၊
ကောင်းမွန်သောအစိုးရတရပ်ကို ရွေးချယ်နိုင်ခွင့်သည် ကျွန်တော်တို့လက်ထဲမှာပင်ရှိပါသည်။
၄၃၆ ပြောင်းလဲရေးတို့၊ ၂၅ ရာခိုင်နှုန်းထွက်ခွာသွားရေးတို့ကတော့ အနာဂတ်ကိုထိတ်လန့်နေသော ပုဂ္ဂိုလ်ကြီးများမရှိ တော့သည့်အခါ ဖြစ်ပေါ်လာပါလိမ့်မည်။
ဤကမ္ဘာပေါ်၌ မည်သူမျှ ထာဝရအသက်ရှင်နေနိုင်ရိုးမရှိပါ။
[သရ၀ဏ် (ပြည်)]
News Watch(စောင့်ကြည့်သတင်းဂျာနယ်) လိမ်ဦးမှာလား ၂၀၁၅ [သရ၀ဏ် (ပြည်)]

News Watch(စောင့်ကြည့်သတင်းဂျာနယ်)https://www.facebook.com/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment