Thursday, July 16, 2015

သို့ တပ်မတော် ကာချုပ်ကြီး ဘုန်းကြီးစာရေးလိုက်ပါတယ်။

သို့ တပ်မတော် ကာချုပ်ကြီး ဘုန်းကြီးစာရေးလိုက်ပါတယ်။ ဒကာကြီးတို့ တပ်ရဲ့ထုံးစံ စီနီယာအစဉ်အလိုက် ရေးနေတာမို့ အခုမှ ဒကာကြီးဆီရေးဖြစ်တာ ဗွေမယူပါနဲ့ကွယ်။ ဘုန်းဘုန်းက ၂၀၁၅ ရွေးကောက်ပွဲမှာ ဒကာကြီး ဝင်ပြိုင်မလား မပြိုင်ဘူးလား သိချင်လို့ပါကွယ်။ ဘုန်းကြီးသဘောကတော့... ကာချုပ်ကြီးကို သမ္မတဖြစ်စေချင်တာ။ ဘာလို့ဆို ဘုန်းဘုန်းက ဒကာကြီးတို့လို "အမျိုးသားနိုင်ငံရေး" လုပ်နေသူတွေကို ယုံကြည်အားကိုးတယ်လေ။ အကြောင်းကတော့ အမျိုးသားနိုင်ငံရေးလုပ်မှသာ ချမ်းသာနိုင်တာကိုး ဒကာကြီးရဲ့။ "အရင်ဆုံး ... ဆင်းရဲခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် ချမ်းသာအောင်လုပ်ထားမှ ... တိုင်းပြည်ဘဏ္ဍာကို မခိုးမဝှက်ဘဲ အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာ" ဆိုတဲ့ လက်ဖျားခါလောက်တဲ့ အတွေးအခေါ်ကောင်းတွေကို လက်တွေ့ဖော်ဆောင်နေတဲ့ ဒကာကြီးတို့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို တောင် အရပ်ထဲက မသိနိုးနား မအူမလည် လူတွေက ဘုန်းကြီးသူငယ်ချင်း ဦးဇင်းကျော်ဟိန်းကြီး လူဝတ်နဲ့တုန်းက ရောင်းတဲ့ ပြည်လုံးချမ်းသာဆေးပေါ့လိပ်ကို "ပြည်လုံးချောင်းဆိုး၊ ကျော်ဟိန်းချမ်းသာ" လို့ဝေဖန်ကြသလိုပဲ "ပြည်လုံးစုတ်ပြတ်၊ ဗိုလ်ချုပ်ချမ်းသာ" လို့ သွားပုတ်လေလွင့်ပြောရက်ကြလေ ခြင်းကွယ်။ တကယ်တော့ ... မခိုးဝှက်တဲ့ ခေါင်းဆောင်ကောင်းဖြစ်နိုင်ဖို့ အရင် ခိုးဝှက်ပြီးတော့ ကြိုးစားနေကြတဲ့ ဒကာကြီးတို့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်ရင်းစေတနာတွေကို ဉာဏ်ပညာ စူးရှထက်မြက်စွာနဲ့ မြင်နိုင်တဲ့ ဘုန်းကြီးတို့လို ပါရမီရှင်တွေလောက်ပဲ ဒကာကြီးကို သမ္မတဖြစ်စေချင်တာပေါ့ ကွယ်။ အခုဆို ဘုန်းကြီးတောင် ဒကာကြီးတို့ကို အားကျလို့ "အမျိုးသား သာသနာရေး" လုပ်မလား စဉ်းစားနေတယ်။ အဲလိုလုပ်ရင် ဘုန်းကြီးလည်း "သီလစောင့်နိုင်ဖို့ အူမ တောင့်အောင်" အရင်လုပ်တဲ့ အနေနဲ့ သူများဘုန်းကြီးကျောင်းတွေ လိုက်သိမ်းမယ်၊ ပြီးရင် "ဆွေပိန်ရွပိုင် ကျောင်း၊ မကျူးကျော်ရ၊ ကျူးကျော်လျှင် ကတုံးတုန်းပစ်မည်" လို့ဆိုင်းဘုတ်ထောင်ထားမယ်။ ပြီးရင် သင်္ကန်းဆိုင်တွေအားလုံး ပါမစ်ပိတ်ပစ်ပြီး ဘုန်းဘုန်း တစ်ပါးတည်းပိုင် "မြန်မာ့ သင်္ကန်းပရိက္ခရာ ဦးဆွေပိန်ရွပိုင် လီမိတက်" ဆိုပြီး ဖွင့်မယ်။ ရလာတဲ့ ငွေတွေနဲ့ နေရာကောင်းတွေ မှာ ဘုန်းကြီးရဲ့ ရုံးခန်းတွေ၊ ကျောင်းတွေ ထပ်ဝယ်ပြီးဖွင့်မယ်။ အဲ့ငွေနဲ့ပေါက်ပြီး သံဃမဟာနာယက ရွေးပွဲမှာ ဥက္ကဋ္ဌရာထူး ဝင်အရွေးခံဦးမယ်။ ဥက္ကဋ္ဌဖြစ်လာရင် အာဏာအလွဲသုံးပြီး အခွင့်အရေးတွေ ထပ်ယူမယ်။ ရေးနေရင်းနဲ့တောင် အရသာရှိလိုက်တာ ဒကာကြီးရယ်။ ဒီလိုနည်းလမ်းကောင်းလေးတွေကို ခေါင်းဆောင်ပီသစွာ ရှေ့ဆောင်လမ်းပြထားတဲ့ ဒကာကြီးတို့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ဘုန်းကြီးက ဘုရားနဲ့ တဂိုဏ်းတည်းထားပြီးတော့ကို လွှတ် ကြည်ညိုမိသကွယ်။ ပါတီနိုင်ငံရေးသမားတွေကျတော့ ဒကာကြီးတို့နဲ့ကွာပါ့ကွယ်။ ဒင်းတို့က တယ် ဇယားရှုပ်သကိုး ဒကာကြီးရဲ့။ တကယ်ဆို တိုင်းပြည်မှာလုပ်စရာတွေ အများကြီး။ အဲဒါတွေကိုမလုပ်ဘဲ ဒကာကြီးတို့ကို မနာလိုတာနဲ့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ လိုက်တွက်ကပ်ပြီး "ပြည်သူသာ အမိ၊ ပြည်သူသာ အဖ" ဆိုတာမျိုးပဲဖြစ်သင့်တယ်လေး ဘာလေးနဲ့။ တကယ်ဆိုစဉ်းစားကြည့်စမ်း။ သာမန် ပြည်သူပြည်သား မိဘတွေကမွေးတဲ့ သားတွေက စစ်ထဲဝင် ဒီတော့ "ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ" ဆိုတာမှန်ပေမယ့်၊ အဲဒီစစ်သားတွေက အိမ်ထောင်တွေကျပြီး မွေးလာတဲ့သားသမီးတွေက စစ်တပ်ထဲမဝင်ရင် သာမန်ပြည်သူပြန်ဖြစ်။ ဒါဆို သူတို့မိဘတွေက စစ်သား၊ စစ်သမီးတွေဆိုတော့ သူတို့လိုလူမျိုးတွေအတွက်ကတော့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတာလည်း မှန်တာပဲလေ။ ဒါပေမယ့် ဒကာကြီးတို့ သဘောထားကြီးချက်ကတော့ ခေတ်စကားနဲ့ပြောရရင် ၉ လောက်ရှိပါတယ်ကွယ်။ အဲဒီ ဆောင်ပုဒ်ကိုပြန်ပြောင်းဖို့ အရည်မရ အဖတ်မရ တောင်းဆိုနေတဲ့သူတွေအကြိုက် ပြောင်းပေးလိုက်တာများ ဘုန်းကြီးတို့မှာ လစဉ် "မိဘပြည်သူများခင်ဗျား" နဲ့ညားရတော့တာပဲနော်။ ဒီလူတွေ အဲဒီ အသေးအမွှားကိစ္စကို စိတ်ရောက်နေပြီး ဒကာကြီးတို့ စစ်တပ်ရဲ့ ဦးပိုင်နဲ့ MEC ကသိမ်းထားတဲ့ နိုင်ငံ့စီးပွါးရေးတွေကို ပြန်တောင်းမှာ ကိုတော့ အာရုံလွှဲထားနိုင်တဲ့ ဒကာကြီးရဲ့ စွမ်းရည်သတ္တိမျိုးနဲ့ သာဆိုရင်... ဘုန်းကြီးထင်တယ်လေ... ဒီနိုင်ငံမှာ... ဒကာကြီးသာလျှင် သမ္မတ အဖြစ်သင့်ဆုံးပါကွယ်။ ဘာလို့ဆို ဒကာကြီးသာဆိုရင်... ဘုန်းကြီးတို့ နိုင်ငံရဲ့ အကြွေးတွေ ပြန်တောင်းမခံရအောင် တစ်ကမ္ဘာလုံးကို အာရုံလွှဲနိုင်မှာပဲလို့တွေးမိလို့ပါ။ အခုလက်ရှိ သမ္မတကြီးတောင် ဒကာကြီးလောက်မစွမ်းလို့ နိုင်ငံတကာလှည့် မျက်နှာအောက်ချ ဒူးဖက်တောင်းပန်နေရတာကိုး။ ပြီးတော့ ခြေ/ဥအရ သမ္မတလုပ်မယ့် သူ ရှိရမယ့် "စစ်ရေးအမြင်" ဆိုလည်း ဒကာကြီးထက် ဘယ်သူပိုရှိမလဲကွယ်။ စစ်ရေးအမြင်ဆိုတာ... ကိုယ့်ဘက်က အထိနာလာရင် အရင်က သောင်းကျန်းသူ သူပုန်ဆိုပြီး နာမည်ရှေ့မှာ "င" တပ်ပြီး ခေါ်တဲ့သူတွေကို "ဦး"တပ်ပြီးပြောင်းခေါ်လိုက်ရုံပဲဆိုတာ ဘုန်းကြီး ပညာရသွားတယ်ကွယ်။ ဒကာကြီးတို့ကတော့ မိတ္တဗလဋီကာလည်းကြေတယ်နော်။ ဒါဘာဟုတ်သေးတုန်း! ဘိန်းစား နှစ်ထောင်လောက်ကို သူတို့ထက် ဆယ်ဆများတဲ့ တပ်တွေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်၊ အမြောက်ပစ်ကူတွေပေးပြီး တိုက်တာတောင် ကိုယ့်ဘက်က တပ်လုံးပြုတ်မှာ ကြိုသိလို့ အလောင်းပြန်သယ်နိုင်အောင် ခြင်းတောင်းကြီးတွေ တပါတည်း ထည့်ပေးလိုက်နိုင်တဲ့ "စစ်ရေးအကြားအမြင်" ပါ ဒကာကြီးရထားပြီဆိုတာကို အခုတော့ ဘုန်းဘုန်းသိပါပြီကွယ်။ ဒကာကြီးဟာ "စစ်သား အီးတီ" များလားကွယ်။ အဲလိုတော်လွန်းတဲ့ ဒကာကြီးကို လေ... မအလ ဂျပု လို့တမျိုး၊ မအလ ကာပု လို့တဖုံ မနာလိုသူတွေက အမနာပ ပြက်ရယ်ပြုနေတာကို ဘုန်းကြီးက မခံချင်ဖြစ်မိတယ်ကွယ်။ တကယ်ဆို သူရဲကောင်းတို့ရဲ့ စွမ်းရည်ဟာ လက်ရုံးရည်ထက် နှလုံးရည်က သာ အဓိကကျတယ်ဆိုတာ သူတို့မသိလေရော့သလားလို့ တွေးပြီး အမိုက်အမဲလေးတွေရဲ့ အမှားကို ဗွေမယူပါနဲ့လို့ ဘုန်းဘုန်းကြားကတောင်းပန် ပါရစေကွယ်။ တကယ်ဆို ရာဇဝင်မှာ မွန်သူရဲကောင်း သမိန်ဗရမ်းက သူ့ထက် အဆမတန် အားသန်၊ အရပ်မြင့်ပြီး လူကောင်ကြီးတဲ့ တရုတ်သူရဲကောင်း ဂါမဏိရဲ့ချပ်ဝတ် ချိုင်းကြားမှာပြဲနေတဲ့ နေရာကို လှံနဲ့ တချက်တည်းထိုးပြီး အနိုင် ယူခဲ့တာကို ဒင်းတို့ သိမှသိပါလေစ။ အင်အားက အဓိကမဟုတ်၊ လုပ်ရည်ကြံရည်သာ အဓိက ဆိုတာကို သိထားတဲ့ သူရဲကောင်း ဒကာကြီးအတွက်ကတော့... အခုခေတ် တရုတ်စစ်တပ်နဲ့ ရှီကျင့်ဖျင်ကို ဘယ်ကြောက်မှာတုန်း... နော။ စကား သိပ်မပြောတဲ့ လူပုကလေးပေမယ့် ဒကာကြီးက အရေးကြုံရင် လွှတ်တော်ဥက္ကဋ္ဌကြီးလိုပဲ လျှာစွမ်းလျှာစနဲ့ တော့ ပြည့်ဝတယ်လေ။ "ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံထားတဲ့ အခြေခံ ဥပဒေမို့ တပ်မတော်က ကာကွယ်သွားမည်" ဆိုတဲ့စကားလေးနဲ့တင် ဒကာကြီးဟာ လက်ရုံးရည်ထက် ပါးစပ်စွမ်းရည် ပိုထက်တယ်ဆိုတာ ဘုန်းကြီးသိသွားတာပါကွယ်။ ဒါပေမယ့် ဒကာကြီးရယ်၊ ဘုန်းကြီးကြားတာတော့ ရှီကျင့်ဖျင်က အင်္ကျီချိုင်းကြားပြဲနေတာမဟုတ်ဘူးတဲ့၊ ဘောင်းဘီဇစ် ပြုတ်နေတာတဲ့ကွယ်။ စိတ်တောင်မကောင်းဘူး၊ တကယ်။ ဒါပေမယ့်... တိုင်းပြည်အတွက်ဆို ဒကာကြီးက ဘယ်နည်းနဲ့ဖြစ်ဖြစ် ကာကွယ်သွားမယ်ဆိုတာ ဘုန်းကြီးယုံကြည်နေမယ်နော်... နော်။ ပြီးတော့ ဒကာကြီး တပ်မတော်ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကိုလည်း ဘုန်းဘုန်း အားရ ပီတိဖြစ်မိတယ်ကွယ်။ အရင်တုန်းက စစ်တပ် ထိပ်ပိုင်းဗိုလ်ချုပ်တွေပဲ ချမ်းသာပြီး အောက်ခြေစစ်သားတွေ ဆင်းရဲကြရှာတာ၊ အခု ဒကာကြီးလက်ထက်မှာ မျက်လှည့်ပြလိုက်သလို အောက်ခြေစစ်သားတွေ မွဲတေသွားပြီး ဗိုလ်ချုပ်တွေကြီးပွားလာကြတာမြင် ရတော့ "မအလ မက်ဂျစ်" လို့တောင် တင်စားချင်တယ်ကွယ်။ ဒီလို တိုးတက်လာတာကိုတောင် အားမရသေးတဲ့ ဒကာကြီးက စီနီယာ သမ္မတကြီးရဲ့ "ဆင်းရဲသားတွေ ပပျောက်ရေး၊ ဘူဒိုဇာဆေး များများကျွေး" ဆိုတဲ့ မဟာဉာဏ်ကြီးရှင် နည်းဗျူဟာကြီးကို အတုခိုးပြီး "မွဲတေစစ်သား ရှေ့တန်းသွား၊ ကျန်တဲ့ဗိုလ်ချုပ် သူဌေးလုပ်" ဆိုတဲ့ စီမံချက်ကြီးနဲ့ ထပ်အားဖြည့်လိုက်တာ၊ အခုဆို ကေအိုင်အေ၊ ကိုးကန့် အဖွဲ့တွေနဲ့ တိုက်တာတင် တပ်ထဲမှာ ဆင်းရဲမွဲတေမှု အတော်ကို ကျသွားပြီ။ သေချာတယ်... ဝ အဖွဲ့နဲ့ပါ ဆက်တိုက်လိုက်ရင် နောက်ဆို တပ်ထဲမှာ... မွဲတေစစ်သားတွေ တစ်ယောက်မှရှိတော့မှာ မဟုတ်လို့၊ ကျိကျိတက် တပ်မတော်ကြီးကို ထူထောင်နိုင်သူဆိုပြီး ဒကာကြီးကို စီးပွားရေးနိုဗယ်ဆု ချီးမြှင့်ကြမှာကို တွေးမိလို့ ဘုန်းကြီး ပါးစပ်တော့ နားရွက်တက်ချိတ်နေပြီကွယ်။ ဒါနဲ့ပြောရဦးမကွယ့်။ လူတွေကပြောစရာမရှိ ဒကာကြီးတို့တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းလေး ဝင်ထိုင်တာကို သဘောထားမကြီးနိုင်ကြဘူး ဖြစ်နေတယ်ကွယ်။ အဲဒါပြောတာ... ပါတီနိုင်ငံရေးသမားတွေဟာ ခက်ကိုခက်ပါတယ်ကွယ်။ သူတို့လည်း ဗုဒ္ဓဘာသာဝင် တွေပဲကွယ်။ ဒကာကြီးတို့တပ်က သူတို့လို ရွေးကောက်ပွဲမဝင်ရဘဲ သက်သက်သာသာ အမတ်ဖြစ်လာ တာကို မုဒိတာပွါးနိုင်ရမှာပေါ့။ ဘုန်းကြီးလည်း ဟောရင်းသာပျံလွန်တော်မူရမယ် သူတို့ကို စိတ်ကောင်းမွေးဖို့ ပြောရတာ အာပေါက်လှသကွယ်။ သူတို့နိုင်ငံရေး ရေချိန်နိမ့်သေးလို့ ဒီလောက် အိပ်ပျော်ပျော်သွား လောက်အောင် ပျင်းဖို့ကောင်းတဲ့ လွှတ်တော်ထဲကို ဒကာကြီးတို့က လှုပ်ရှားတက်ကြွတဲ့ စစ်သားတန်မဲ့ အနစ်နာခံပြီး ဝင်ငိုက်ပေးနေတဲ့ စေတနာကို အရောင်ဆိုးရက်ကြ တယ်ကွယ်။ ဒကာကြီးတို့လို စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး ဘက်စုံထူးချွန်သူတွေ လက်အောက်မှာ နှစ်ငါးဆယ်ကျော် အုပ်ချုပ်ခံပြီးနေလာတာတောင် နိုင်ငံရေးရေချိန် နိမ့်မြဲနိမ့်နေသေးတဲ့ ဒင်းတို့ ရေချိန်မြင့်လာချိန်အထိဆို ဒကာကြီးတို့ တပ်မတော်က နှစ်ငါးရာလောက်ဆက်ပြီး မြန်မာ့နိုင်ငံရေးမှာ အပင်ပန်းအနစ်နာ ခံပြီး ဦးဆောင်ပါဝင်ပေးနေရဦးမှာကို တွေးမိလိုက်ရင် ဒကာကြီးတို့ရဲ့ ပြည်သူအပေါ်ထား တဲ့အတုမရှိ မေတ္တာတွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှားရှိသေးရင် ဧတဒဂ် ပေးမှာ မလွဲဧကန်ပါကွယ်။ ဒကာကြီးကို ဒီလောက် ရေပက်မဝင် ချီးကျူးနေတော့ ဘုန်းကြီးကို မလိုသူတွေက စစ်အာဏာရှင်ကပ်ဖားဆိုပြီး အမြင်စောင်းတာတောင်ခံရတယ်ကွယ်။ ဒကာကြီးကိုက အဘက်ဘက်မှာ တော်လွန်းနေတာကို ဣသာ မစ္ဆရိယတွေ ပိတ်ဖုံးနေတဲ့ သူတို့က မြင်အောင်မှ မကြည့်နိုင်တာကိုး။ တကယ်တော့ ဘုန်းကြီးမှာလည်း ဒကာကြီးကို မကြိုက်တဲ့ အချက်ရှိတာပေါ့ကွယ်။ ဒို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်၊ နိုင်ငံ့ရတနာ ရွှေတိဂုံဘုရားကြီးနဲ့ အနီးဆုံးက ဒကာကြီးတို့ စစ်တပ်ကသိမ်းထားတဲ့ မြေကို Marga Landmark ကိုအငှားချထားတာတော့ ဘုန်းကြီး လုံးဝ ဆန့်ကျင်တယ်ကွယ်။ ဒီလို အဓိပတိ စေတီတော်ကြီးနားမှာ Marga Landmark လို အထပ်နိမ့် အဆောက်အအုံတွေ လောက်ပဲ ဆောက်နိုင်တဲ့ လုပ်ငန်းရှင်အသေး လေးကို ဘောက်မဲ့ကြောင့် ရွေးတာ တုန်း။ တကယ်ဆို ဒူဘိုင်းက ဘာ့(ချ) ခါလီဖာကို ဆောက်တဲ့အဖွဲ့ တွေကို ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တာဝါတွေ ဆောက်ဖို့ ခေါ်သွင်းလာရောပေါ့ကွယ်။ ဒါမှ... "ဘာသာခြားအောက် ရွှေတိဂုံရောက် တိုင်းပြည် ငါးပါးမှောက်" အဲလေ ယောင်လို့ "ဘာသာခြားရန် ကာကွယ်ရေး ရွှေတိဂုံကို တိုက် ကာပေး" ဆိုသလို ဘုန်းကြီးလည်း ဒကာကြီးကို သာသနာတော်အား တိုက်မြင့်ကြီးတွေနဲ့ ကာရံစောင့်ရှောက်သူ သမ္မတလောင်းကြီးအဖြစ်နဲ့ ထာဝရကြည်ညိုလေးစားအားကိုးနိုင် မှာပေါ့ကွယ်။ မဲသူခိုးတွေ လွတ်လပ်ပြီး၊ ကိုယ့်ဘက်က တစ်ဖက်သတ်အသာစီးယူပြီးမှ တရားမျှတစေမယ့် ရွေးကောက်ပွဲကြီးကို အာမခံနဲ့ ကာကွယ်ပေးမယ့် ဒကာကြီး... "ရွှေတိဂုံကိုမြင်လျင်" မြေကွက်လေးကို အငှါးချပေးလိုက်တဲ့ အမြော်အမြင်ကြီးလှတဲ့ ကျေးဇူးရှင် ကိုးကန့်အောင် မဟာစစ်သူကြီး... အဲဒီ ဒကာ ကာချုပ်ကြီးရဲ့ ဓာတ်ပုံကို ဘုရားစင်ဘေးမှာ သီးသန့်စင်တစ်စင်နဲ့တင်၊ ပန်း ရေချမ်းကပ်လှူပြီး အမြဲပူဇော် ဦးချ ရှိခိုးနေတဲ့... လဒဘုကျ အရှင် ဆွေပိန်ရွ သို့ တပ်မတော် ကာချုပ်ကြီး ဘုန်းကြီးစာရေးလိုက်ပါတယ်။ ဒကာကြီးတို့ တပ်ရဲ့ထုံးစံ စီနီယာအစဉ်အလိုက် ရေးနေတာမို့ အခုမှ ဒကာကြီးဆီရေးဖြစ်တာ ဗွေမယူပါနဲ့ကွယ်။ ဘုန်းဘုန်းက ၂၀၁၅ ရွေးကောက်ပွဲမှာ ဒကာကြီး ဝင်ပြိုင်မလား မပြိုင်ဘူးလား သိချင်လို့ပါကွယ်။ ဘုန်းကြီးသဘောကတော့... ကာချုပ်ကြီးကို သမ္မတဖြစ်စေချင်တာ။ ဘာလို့ဆို ဘုန်းဘုန်းက ဒကာကြီးတို့လို "အမျိုးသားနိုင်ငံရေး" လုပ်နေသူတွေကို ယုံကြည်အားကိုးတယ်လေ။ အကြောင်းကတော့ အမျိုးသားနိုင်ငံရေးလုပ်မှသာ ချမ်းသာနိုင်တာကိုး ဒကာကြီးရဲ့။ "အရင်ဆုံး ... ဆင်းရဲခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် ချမ်းသာအောင်လုပ်ထားမှ ... တိုင်းပြည်ဘဏ္ဍာကို မခိုးမဝှက်ဘဲ အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာ" ဆိုတဲ့ လက်ဖျားခါလောက်တဲ့ အတွေးအခေါ်ကောင်းတွေကို လက်တွေ့ဖော်ဆောင်နေတဲ့ ဒကာကြီးတို့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို တောင် အရပ်ထဲက မသိနိုးနား မအူမလည် လူတွေက ဘုန်းကြီးသူငယ်ချင်း ဦးဇင်းကျော်ဟိန်းကြီး လူဝတ်နဲ့တုန်းက ရောင်းတဲ့ ပြည်လုံးချမ်းသာဆေးပေါ့လိပ်ကို "ပြည်လုံးချောင်းဆိုး၊ ကျော်ဟိန်းချမ်းသာ" လို့ဝေဖန်ကြသလိုပဲ "ပြည်လုံးစုတ်ပြတ်၊ ဗိုလ်ချုပ်ချမ်းသာ" လို့ သွားပုတ်လေလွင့်ပြောရက်ကြလေ ခြင်းကွယ်။ တကယ်တော့ ... မခိုးဝှက်တဲ့ ခေါင်းဆောင်ကောင်းဖြစ်နိုင်ဖို့ အရင် ခိုးဝှက်ပြီးတော့ ကြိုးစားနေကြတဲ့ ဒကာကြီးတို့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်ရင်းစေတနာတွေကို ဉာဏ်ပညာ စူးရှထက်မြက်စွာနဲ့ မြင်နိုင်တဲ့ ဘုန်းကြီးတို့လို ပါရမီရှင်တွေလောက်ပဲ ဒကာကြီးကို သမ္မတဖြစ်စေချင်တာပေါ့ ကွယ်။ အခုဆို ဘုန်းကြီးတောင် ဒကာကြီးတို့ကို အားကျလို့ "အမျိုးသား သာသနာရေး" လုပ်မလား စဉ်းစားနေတယ်။ အဲလိုလုပ်ရင် ဘုန်းကြီးလည်း "သီလစောင့်နိုင်ဖို့ အူမ တောင့်အောင်" အရင်လုပ်တဲ့ အနေနဲ့ သူများဘုန်းကြီးကျောင်းတွေ လိုက်သိမ်းမယ်၊ ပြီးရင် "ဆွေပိန်ရွပိုင် ကျောင်း၊ မကျူးကျော်ရ၊ ကျူးကျော်လျှင် ကတုံးတုန်းပစ်မည်" လို့ဆိုင်းဘုတ်ထောင်ထားမယ်။ ပြီးရင် သင်္ကန်းဆိုင်တွေအားလုံး ပါမစ်ပိတ်ပစ်ပြီး ဘုန်းဘုန်း တစ်ပါးတည်းပိုင် "မြန်မာ့ သင်္ကန်းပရိက္ခရာ ဦးဆွေပိန်ရွပိုင် လီမိတက်" ဆိုပြီး ဖွင့်မယ်။ ရလာတဲ့ ငွေတွေနဲ့ နေရာကောင်းတွေ မှာ ဘုန်းကြီးရဲ့ ရုံးခန်းတွေ၊ ကျောင်းတွေ ထပ်ဝယ်ပြီးဖွင့်မယ်။ အဲ့ငွေနဲ့ပေါက်ပြီး သံဃမဟာနာယက ရွေးပွဲမှာ ဥက္ကဋ္ဌရာထူး ဝင်အရွေးခံဦးမယ်။ ဥက္ကဋ္ဌဖြစ်လာရင် အာဏာအလွဲသုံးပြီး အခွင့်အရေးတွေ ထပ်ယူမယ်။ ရေးနေရင်းနဲ့တောင် အရသာရှိလိုက်တာ ဒကာကြီးရယ်။ ဒီလိုနည်းလမ်းကောင်းလေးတွေကို ခေါင်းဆောင်ပီသစွာ ရှေ့ဆောင်လမ်းပြထားတဲ့ ဒကာကြီးတို့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ဘုန်းကြီးက ဘုရားနဲ့ တဂိုဏ်းတည်းထားပြီးတော့ကို လွှတ် ကြည်ညိုမိသကွယ်။ ပါတီနိုင်ငံရေးသမားတွေကျတော့ ဒကာကြီးတို့နဲ့ကွာပါ့ကွယ်။ ဒင်းတို့က တယ် ဇယားရှုပ်သကိုး ဒကာကြီးရဲ့။ တကယ်ဆို တိုင်းပြည်မှာလုပ်စရာတွေ အများကြီး။ အဲဒါတွေကိုမလုပ်ဘဲ ဒကာကြီးတို့ကို မနာလိုတာနဲ့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ လိုက်တွက်ကပ်ပြီး "ပြည်သူသာ အမိ၊ ပြည်သူသာ အဖ" ဆိုတာမျိုးပဲဖြစ်သင့်တယ်လေး ဘာလေးနဲ့။ တကယ်ဆိုစဉ်းစားကြည့်စမ်း။ သာမန် ပြည်သူပြည်သား မိဘတွေကမွေးတဲ့ သားတွေက စစ်ထဲဝင် ဒီတော့ "ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ" ဆိုတာမှန်ပေမယ့်၊ အဲဒီစစ်သားတွေက အိမ်ထောင်တွေကျပြီး မွေးလာတဲ့သားသမီးတွေက စစ်တပ်ထဲမဝင်ရင် သာမန်ပြည်သူပြန်ဖြစ်။ ဒါဆို သူတို့မိဘတွေက စစ်သား၊ စစ်သမီးတွေဆိုတော့ သူတို့လိုလူမျိုးတွေအတွက်ကတော့ "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုတာလည်း မှန်တာပဲလေ။ ဒါပေမယ့် ဒကာကြီးတို့ သဘောထားကြီးချက်ကတော့ ခေတ်စကားနဲ့ပြောရရင် ၉ လောက်ရှိပါတယ်ကွယ်။ အဲဒီ ဆောင်ပုဒ်ကိုပြန်ပြောင်းဖို့ အရည်မရ အဖတ်မရ တောင်းဆိုနေတဲ့သူတွေအကြိုက် ပြောင်းပေးလိုက်တာများ ဘုန်းကြီးတို့မှာ လစဉ် "မိဘပြည်သူများခင်ဗျား" နဲ့ညားရတော့တာပဲနော်။ ဒီလူတွေ အဲဒီ အသေးအမွှားကိစ္စကို စိတ်ရောက်နေပြီး ဒကာကြီးတို့ စစ်တပ်ရဲ့ ဦးပိုင်နဲ့ MEC ကသိမ်းထားတဲ့ နိုင်ငံ့စီးပွါးရေးတွေကို ပြန်တောင်းမှာ ကိုတော့ အာရုံလွှဲထားနိုင်တဲ့ ဒကာကြီးရဲ့ စွမ်းရည်သတ္တိမျိုးနဲ့ သာဆိုရင်... ဘုန်းကြီးထင်တယ်လေ... ဒီနိုင်ငံမှာ... ဒကာကြီးသာလျှင် သမ္မတ အဖြစ်သင့်ဆုံးပါကွယ်။ ဘာလို့ဆို ဒကာကြီးသာဆိုရင်... ဘုန်းကြီးတို့ နိုင်ငံရဲ့ အကြွေးတွေ ပြန်တောင်းမခံရအောင် တစ်ကမ္ဘာလုံးကို အာရုံလွှဲနိုင်မှာပဲလို့တွေးမိလို့ပါ။ အခုလက်ရှိ သမ္မတကြီးတောင် ဒကာကြီးလောက်မစွမ်းလို့ နိုင်ငံတကာလှည့် မျက်နှာအောက်ချ ဒူးဖက်တောင်းပန်နေရတာကိုး။ ပြီးတော့ ခြေ/ဥအရ သမ္မတလုပ်မယ့် သူ ရှိရမယ့် "စစ်ရေးအမြင်" ဆိုလည်း ဒကာကြီးထက် ဘယ်သူပိုရှိမလဲကွယ်။ စစ်ရေးအမြင်ဆိုတာ... ကိုယ့်ဘက်က အထိနာလာရင် အရင်က သောင်းကျန်းသူ သူပုန်ဆိုပြီး နာမည်ရှေ့မှာ "င" တပ်ပြီး ခေါ်တဲ့သူတွေကို "ဦး"တပ်ပြီးပြောင်းခေါ်လိုက်ရုံပဲဆိုတာ ဘုန်းကြီး ပညာရသွားတယ်ကွယ်။ ဒကာကြီးတို့ကတော့ မိတ္တဗလဋီကာလည်းကြေတယ်နော်။ ဒါဘာဟုတ်သေးတုန်း! ဘိန်းစား နှစ်ထောင်လောက်ကို သူတို့ထက် ဆယ်ဆများတဲ့ တပ်တွေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်၊ အမြောက်ပစ်ကူတွေပေးပြီး တိုက်တာတောင် ကိုယ့်ဘက်က တပ်လုံးပြုတ်မှာ ကြိုသိလို့ အလောင်းပြန်သယ်နိုင်အောင် ခြင်းတောင်းကြီးတွေ တပါတည်း ထည့်ပေးလိုက်နိုင်တဲ့ "စစ်ရေးအကြားအမြင်" ပါ ဒကာကြီးရထားပြီဆိုတာကို အခုတော့ ဘုန်းဘုန်းသိပါပြီကွယ်။ ဒကာကြီးဟာ "စစ်သား အီးတီ" များလားကွယ်။ အဲလိုတော်လွန်းတဲ့ ဒကာကြီးကို လေ... မအလ ဂျပု လို့တမျိုး၊ မအလ ကာပု လို့တဖုံ မနာလိုသူတွေက အမနာပ ပြက်ရယ်ပြုနေတာကို ဘုန်းကြီးက မခံချင်ဖြစ်မိတယ်ကွယ်။ တကယ်ဆို သူရဲကောင်းတို့ရဲ့ စွမ်းရည်ဟာ လက်ရုံးရည်ထက် နှလုံးရည်က သာ အဓိကကျတယ်ဆိုတာ သူတို့မသိလေရော့သလားလို့ တွေးပြီး အမိုက်အမဲလေးတွေရဲ့ အမှားကို ဗွေမယူပါနဲ့လို့ ဘုန်းဘုန်းကြားကတောင်းပန် ပါရစေကွယ်။ တကယ်ဆို ရာဇဝင်မှာ မွန်သူရဲကောင်း သမိန်ဗရမ်းက သူ့ထက် အဆမတန် အားသန်၊ အရပ်မြင့်ပြီး လူကောင်ကြီးတဲ့ တရုတ်သူရဲကောင်း ဂါမဏိရဲ့ချပ်ဝတ် ချိုင်းကြားမှာပြဲနေတဲ့ နေရာကို လှံနဲ့ တချက်တည်းထိုးပြီး အနိုင် ယူခဲ့တာကို ဒင်းတို့ သိမှသိပါလေစ။ အင်အားက အဓိကမဟုတ်၊ လုပ်ရည်ကြံရည်သာ အဓိက ဆိုတာကို သိထားတဲ့ သူရဲကောင်း ဒကာကြီးအတွက်ကတော့... အခုခေတ် တရုတ်စစ်တပ်နဲ့ ရှီကျင့်ဖျင်ကို ဘယ်ကြောက်မှာတုန်း... နော။ စကား သိပ်မပြောတဲ့ လူပုကလေးပေမယ့် ဒကာကြီးက အရေးကြုံရင် လွှတ်တော်ဥက္ကဋ္ဌကြီးလိုပဲ လျှာစွမ်းလျှာစနဲ့ တော့ ပြည့်ဝတယ်လေ။ "ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံထားတဲ့ အခြေခံ ဥပဒေမို့ တပ်မတော်က ကာကွယ်သွားမည်" ဆိုတဲ့စကားလေးနဲ့တင် ဒကာကြီးဟာ လက်ရုံးရည်ထက် ပါးစပ်စွမ်းရည် ပိုထက်တယ်ဆိုတာ ဘုန်းကြီးသိသွားတာပါကွယ်။ ဒါပေမယ့် ဒကာကြီးရယ်၊ ဘုန်းကြီးကြားတာတော့ ရှီကျင့်ဖျင်က အင်္ကျီချိုင်းကြားပြဲနေတာမဟုတ်ဘူးတဲ့၊ ဘောင်းဘီဇစ် ပြုတ်နေတာတဲ့ကွယ်။ စိတ်တောင်မကောင်းဘူး၊ တကယ်။ ဒါပေမယ့်... တိုင်းပြည်အတွက်ဆို ဒကာကြီးက ဘယ်နည်းနဲ့ဖြစ်ဖြစ် ကာကွယ်သွားမယ်ဆိုတာ ဘုန်းကြီးယုံကြည်နေမယ်နော်... နော်။ ပြီးတော့ ဒကာကြီး တပ်မတော်ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကိုလည်း ဘုန်းဘုန်း အားရ ပီတိဖြစ်မိတယ်ကွယ်။ အရင်တုန်းက စစ်တပ် ထိပ်ပိုင်းဗိုလ်ချုပ်တွေပဲ ချမ်းသာပြီး အောက်ခြေစစ်သားတွေ ဆင်းရဲကြရှာတာ၊ အခု ဒကာကြီးလက်ထက်မှာ မျက်လှည့်ပြလိုက်သလို အောက်ခြေစစ်သားတွေ မွဲတေသွားပြီး ဗိုလ်ချုပ်တွေကြီးပွားလာကြတာမြင် ရတော့ "မအလ မက်ဂျစ်" လို့တောင် တင်စားချင်တယ်ကွယ်။ ဒီလို တိုးတက်လာတာကိုတောင် အားမရသေးတဲ့ ဒကာကြီးက စီနီယာ သမ္မတကြီးရဲ့ "ဆင်းရဲသားတွေ ပပျောက်ရေး၊ ဘူဒိုဇာဆေး များများကျွေး" ဆိုတဲ့ မဟာဉာဏ်ကြီးရှင် နည်းဗျူဟာကြီးကို အတုခိုးပြီး "မွဲတေစစ်သား ရှေ့တန်းသွား၊ ကျန်တဲ့ဗိုလ်ချုပ် သူဌေးလုပ်" ဆိုတဲ့ စီမံချက်ကြီးနဲ့ ထပ်အားဖြည့်လိုက်တာ၊ အခုဆို ကေအိုင်အေ၊ ကိုးကန့် အဖွဲ့တွေနဲ့ တိုက်တာတင် တပ်ထဲမှာ ဆင်းရဲမွဲတေမှု အတော်ကို ကျသွားပြီ။ သေချာတယ်... ဝ အဖွဲ့နဲ့ပါ ဆက်တိုက်လိုက်ရင် နောက်ဆို တပ်ထဲမှာ... မွဲတေစစ်သားတွေ တစ်ယောက်မှရှိတော့မှာ မဟုတ်လို့၊ ကျိကျိတက် တပ်မတော်ကြီးကို ထူထောင်နိုင်သူဆိုပြီး ဒကာကြီးကို စီးပွားရေးနိုဗယ်ဆု ချီးမြှင့်ကြမှာကို တွေးမိလို့ ဘုန်းကြီး ပါးစပ်တော့ နားရွက်တက်ချိတ်နေပြီကွယ်။ ဒါနဲ့ပြောရဦးမကွယ့်။ လူတွေကပြောစရာမရှိ ဒကာကြီးတို့တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းလေး ဝင်ထိုင်တာကို သဘောထားမကြီးနိုင်ကြဘူး ဖြစ်နေတယ်ကွယ်။ အဲဒါပြောတာ... ပါတီနိုင်ငံရေးသမားတွေဟာ ခက်ကိုခက်ပါတယ်ကွယ်။ သူတို့လည်း ဗုဒ္ဓဘာသာဝင် တွေပဲကွယ်။ ဒကာကြီးတို့တပ်က သူတို့လို ရွေးကောက်ပွဲမဝင်ရဘဲ သက်သက်သာသာ အမတ်ဖြစ်လာ တာကို မုဒိတာပွါးနိုင်ရမှာပေါ့။ ဘုန်းကြီးလည်း ဟောရင်းသာပျံလွန်တော်မူရမယ် သူတို့ကို စိတ်ကောင်းမွေးဖို့ ပြောရတာ အာပေါက်လှသကွယ်။ သူတို့နိုင်ငံရေး ရေချိန်နိမ့်သေးလို့ ဒီလောက် အိပ်ပျော်ပျော်သွား လောက်အောင် ပျင်းဖို့ကောင်းတဲ့ လွှတ်တော်ထဲကို ဒကာကြီးတို့က လှုပ်ရှားတက်ကြွတဲ့ စစ်သားတန်မဲ့ အနစ်နာခံပြီး ဝင်ငိုက်ပေးနေတဲ့ စေတနာကို အရောင်ဆိုးရက်ကြ တယ်ကွယ်။ ဒကာကြီးတို့လို စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး ဘက်စုံထူးချွန်သူတွေ လက်အောက်မှာ နှစ်ငါးဆယ်ကျော် အုပ်ချုပ်ခံပြီးနေလာတာတောင် နိုင်ငံရေးရေချိန် နိမ့်မြဲနိမ့်နေသေးတဲ့ ဒင်းတို့ ရေချိန်မြင့်လာချိန်အထိဆို ဒကာကြီးတို့ တပ်မတော်က နှစ်ငါးရာလောက်ဆက်ပြီး မြန်မာ့နိုင်ငံရေးမှာ အပင်ပန်းအနစ်နာ ခံပြီး ဦးဆောင်ပါဝင်ပေးနေရဦးမှာကို တွေးမိလိုက်ရင် ဒကာကြီးတို့ရဲ့ ပြည်သူအပေါ်ထား တဲ့အတုမရှိ မေတ္တာတွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှားရှိသေးရင် ဧတဒဂ် ပေးမှာ မလွဲဧကန်ပါကွယ်။ ဒကာကြီးကို ဒီလောက် ရေပက်မဝင် ချီးကျူးနေတော့ ဘုန်းကြီးကို မလိုသူတွေက စစ်အာဏာရှင်ကပ်ဖားဆိုပြီး အမြင်စောင်းတာတောင်ခံရတယ်ကွယ်။ ဒကာကြီးကိုက အဘက်ဘက်မှာ တော်လွန်းနေတာကို ဣသာ မစ္ဆရိယတွေ ပိတ်ဖုံးနေတဲ့ သူတို့က မြင်အောင်မှ မကြည့်နိုင်တာကိုး။ တကယ်တော့ ဘုန်းကြီးမှာလည်း ဒကာကြီးကို မကြိုက်တဲ့ အချက်ရှိတာပေါ့ကွယ်။ ဒို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်၊ နိုင်ငံ့ရတနာ ရွှေတိဂုံဘုရားကြီးနဲ့ အနီးဆုံးက ဒကာကြီးတို့ စစ်တပ်ကသိမ်းထားတဲ့ မြေကို Marga Landmark ကိုအငှားချထားတာတော့ ဘုန်းကြီး လုံးဝ ဆန့်ကျင်တယ်ကွယ်။ ဒီလို အဓိပတိ စေတီတော်ကြီးနားမှာ Marga Landmark လို အထပ်နိမ့် အဆောက်အအုံတွေ လောက်ပဲ ဆောက်နိုင်တဲ့ လုပ်ငန်းရှင်အသေး လေးကို ဘောက်မဲ့ကြောင့် ရွေးတာ တုန်း။ တကယ်ဆို ဒူဘိုင်းက ဘာ့(ချ) ခါလီဖာကို ဆောက်တဲ့အဖွဲ့ တွေကို ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တာဝါတွေ ဆောက်ဖို့ ခေါ်သွင်းလာရောပေါ့ကွယ်။ ဒါမှ... "ဘာသာခြားအောက် ရွှေတိဂုံရောက် တိုင်းပြည် ငါးပါးမှောက်" အဲလေ ယောင်လို့ "ဘာသာခြားရန် ကာကွယ်ရေး ရွှေတိဂုံကို တိုက် ကာပေး" ဆိုသလို ဘုန်းကြီးလည်း ဒကာကြီးကို သာသနာတော်အား တိုက်မြင့်ကြီးတွေနဲ့ ကာရံစောင့်ရှောက်သူ သမ္မတလောင်းကြီးအဖြစ်နဲ့ ထာဝရကြည်ညိုလေးစားအားကိုးနိုင် မှာပေါ့ကွယ်။ မဲသူခိုးတွေ လွတ်လပ်ပြီး၊ ကိုယ့်ဘက်က တစ်ဖက်သတ်အသာစီးယူပြီးမှ တရားမျှတစေမယ့် ရွေးကောက်ပွဲကြီးကို အာမခံနဲ့ ကာကွယ်ပေးမယ့် ဒကာကြီး... "ရွှေတိဂုံကိုမြင်လျင်" မြေကွက်လေးကို အငှါးချပေးလိုက်တဲ့ အမြော်အမြင်ကြီးလှတဲ့ ကျေးဇူးရှင် ကိုးကန့်အောင် မဟာစစ်သူကြီး... အဲဒီ ဒကာ ကာချုပ်ကြီးရဲ့ ဓာတ်ပုံကို ဘုရားစင်ဘေးမှာ သီးသန့်စင်တစ်စင်နဲ့တင်၊ ပန်း ရေချမ်းကပ်လှူပြီး အမြဲပူဇော် ဦးချ ရှိခိုးနေတဲ့... လဒဘုကျ အရှင် ဆွေပိန်ရွ

No comments: