Thursday, July 16, 2015

ပရင်စီပယ်ဂျေ -

ပရင်စီပယ်ဂျေ - လူဆိုတာ ကိုယ့်ပရင်စီပယ်နဲ့ ကိုယ် နေရသကွလို့ ပေါ်မလာ အတော်ကြာပြီဖြစ်တဲ့ တပည့် မောင်ကြွက်နီကို ပြောလိုက်တော့ ဒင်းက “အော် အစ်ကိုကြီးက ကျောင်းအုပ် ဆရာမကြီးနဲ့ အတူနေတာလားတဲ့” ကြွက်နီ မင်း ငါ့ကိုလာပြီး ချောက်တွန်း မနေနဲ့၊ ငါပြောတဲ့ ပရင်စီယယ်က Principleဆိုတဲ့ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတာကို ပြောတာ၊ မင်းပြောတဲ့ ပရင်စီပယ်က Principalဆိုတဲ့ ကျောင်းအုပ်ကြီး၊ နောက်ဆုံးက စာလုံးပေါင်း ကွာတယ်၊ ဘာမှမဆိုင်ဘူး၊ ဒါနဲ့များ မင်းက မသေခင် မိုးပျံရထားပဲဖြစ်ဖြစ်၊ မြေအောက်ရထားပဲဖြစ်ဖြစ် စီးချင်တယ် ပြောရသေးတယ်လို့ သူ့အားနည်းချက် ကိုင်လိုက်တော့ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ မိုးပျံရထား၊ မြေအောက်ရထား မစီးရဘူးလို့ ဘယ်သူမှ ပြောဘူး၊ ဒါကျွန်တော့်ကို သက်သက်မဲ့ နှိမ်တာမဟုတ်လား ထားပါတော့ ခင်ဗျားရဲ့ ပရင်စီပယ်ဆိုတာ ဘာလဲတဲ့။ ငါ့ရဲ့ ပရင်စီပယ်ဆိုတာ လူတစ်ယောက်ကို ကြည့်မရရင် မခေါ်ဘူး၊ အရင်က အရက်ပုလင်းတို့၊ ရေမွှေးတို့ ပေးထားတာရှိရင် ပြန်တောင်းမယ်။ အဲဒီလူက ငါ့အတွက် အသုံးဝင် လာရင် ပြန်ခေါ်မယ်၊ ငါကနဲနဲရှက်တတ်တော့ အဲဒီလို ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ဖို့ ငွေရရင် ဘာမဆို လုပ်မယ့် သူတစ်ယောက်ကို အနားမှာ လက်ပါးစေ အနေနဲ့ မွေးထားရဦးမယ်။ ငါက ကိုက်ဆိုရင် ကိုက်ပြီး၊ ငါကလျှာနဲ့ ပြန်ယက်ပေးလိုက်စမ်း ဆိုရင် ပြန်ယက်ရဲတဲ့ လက်ပါးစေ တွေကို ငွေနဲ့ပေါက်ပြီး မွေးထားတယ်။ ဒါမျက်နှာပြောင်တိုက်ခြင်းဆိုတဲ့ ငါ့ရဲ့ ပရင်စီပယ် အမှတ်တစ်ပဲ။ အောင်မလေးဗျာ ဒီလို ပရင်စီပယ်က လူယုတ်မာတွေ သုံးတဲ့ ပရင်စီပယ်။ ခင်ဗျားကြီးကပါ အဲလိုကြီးလားလို့ သင်ကမေးတော့ ဒါကအစပဲ ရှိသေးတယ်။ ပရင်စီပယ် အမှတ်နှစ်က ကျေးဇူးရှင်ဆိုတာ မရှိဘူး။ ငါနဲ့မတူ ငါ့ရန်သူပဲ၊ မတဲ့တော့ဘူးဆိုတာနဲ့ အဲဒီလူတွေကို အောက်လုံးတွေနဲ့ တိုက်ခိုက်ပစ်မယ်၊ ငါနဲ့ မတဲ့လို့ကတော့ ငါ့ကို ထမင်းအိုးတည် ပေးခဲ့တဲ့သူတောင် မရှောင်ဘူး။ ခင်ဗျားသေရင်တော့ မြေကြီး အောက်ထဲကို သွားရမှာ သေချာနေ ပြီဆိုပြီး ကြွက်နီက ပြန်ခွပ်တော့ ဒါကတော့ ဒီဘ၀ ဒီခန္ဓာနဲ့ စံစားပြီး နောက်ဘ၀မှာ နောက်ခန္ဓာကိုယ်နဲ့ ခံမှာပေါ့လို့ ပြောလိုက်ရတယ်။ ကြွက်နီ ကြည့်ရတာ မာဂျေ အောင်မြင်နေတာကို မနာလိုပုံရနေလို့ နေစမ်းပါဦး၊ မင်းက ငါ့ဆီလာလာပြီး မုန့်ဖိုးလဲ တောင်းသေးတယ်။ ငါ့ကိုတွေ့တိုင်းလဲ ပြန်ပက်နေတယ်။ မင်းကို ငါ့ရုံးလာခွင့် တစ်လပိတ်လိုက်ရမလား မေးပြန်တော့ ကျေးဇူးတင်လိုက်တာ၊ မလာချင်တာနဲ့ အတော်ပဲ၊ ခင်ဗျားဟာ ခင်ဗျား ပြန်စဉ်းစားပါဦး၊ ကျွန်တော်က လာချင်လို့ လာနေတာလား၊ ခင်ဗျားက အတင်းခေါ်လို့ လာနေရတာလားတဲ့။ သူက ဆက်ပြီး ခင်ဗျား ပရင်စီပယ်ထဲမှာ အဖွဲ့အစည်းတစ်ခု ကောင်းစားရင်၊ ကောင်းစားမယ်ထင်ရင် နသားပါရ ၀င်ပေါင်းပြီး အဲဒီအဖွဲ့အစည်း သုံးစားလို့ မရရင် ခင်ဗျားက ခပ်ကင်းကင်းနေခဲ့ပြီး အဲဒီအဖွဲ့အစည်းကို တစ်ချိန်လုံး အာခံလာသလိုရော မပါဘူးလား မေးနေလို့ ရှူးတိုးတိုး ကြွက်နီ... ဒါတွေက အပြင်လူတွေသိတာ မဟုတ်ဘူး၊ မင်းသိရင်လည်း ပါးစပ်ပိတ်ထားလို့ ပြန်ချော့လိုက်ရတယ်။ ဟုတ်တယ်လေ၊ တစ်ချိန်တုန်းက ဒီလိုတွေ ပေါင်းစားလာတာ၊ ကိုယ်နဲ့ မတည့်တဲ့ သူတွေကို အဲဒီခတ်က အာဏာရှိ အဖွဲ့အစည်းတွေဆီ လက်တို့ပြီး ဒုက္ခပေးလာတာ လူတွေသိလို့ မဖြစ်ဘူး။ ဒီခေတ်မှာ မာဂျေက ဒီမိုကရေစီ ပရောဟိတ် နေရာမှာနေပြီး ဟိုပါတီက လူကြီးနဲ့ နှစ်ပါတ်တစ်ခါ တွေ့ပြီး စိတ်ထဲ ထင်ရာတွေ အကြံပေးလိုက်၊ ဒီပါတီကြီးက လူကြီးကို ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားပြောနဲ့ ဆိုပြီး အနေအစား ချောင်နေတာ။ လူတွေကလည်း မာဂျေ့ကို ဒီမိုကရေစီ ဘက်တော်သားကြီးလို့ ထင်နေတာ။ အမှန်ကတော့ မာဂျေက ကိုယ့်အကျိုးစီးပွားမပါရင် နဖူးက ခြင်တောင်ရိုက်တာ မဟုတ်ဘူး၊ တစ်ချို့က အမနာပ ပြောကြတာ ပေါ့လေ။ ဘာတဲ့ စာပေမာဖီးယားကြီးတဲ့။ ဘယ်လိုပဲပြောပြော မာဂျေ့ကို တရားဝင်တော့ မပြောရဲကြဘူး။ ပြောရင်လည်း တရားစွဲပစ်မှာကိုးဗျ။ ဒီရက်ပိုင်းမှာ နိုင်ငံရေး ဂျာနယ်လစ် တစ်ယောက်က တိုင်းပြည် အနာဂတ်နဲ့ ပတ်သက်ပြီး ရေးတာသားတာတွေက ကောင်းနေတယ်။ ကိုယ့်တပည့်တွေကလည်း အဲလိုမရေးတတ်လေတော့ အင်တာနက်ပေါ်ကနေ အဲဒီ ဂျာနယ်မျက်နှာဖုံးနဲ့ နိုင်ငံရေး ဂျာနယ်တွေ အရောင်းကျနေဆိုပြီး တပည့်တွေကို ဖွခိုင်းထားရသေးတယ်။ တယ်လီဖုန်း ဆင်းကတ်တွေ ကလည်း ရောင်းချင်သလို ရောင်းနေတော့ အများကြီး ၀ယ်ထားပြီး ကိုယ်နဲ့မတဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ဂျာနယ်တွေကို ခနိုးခနဲ့ပြောတာ၊ ရန်စတာတွေကို လုပ်ခိုင်းရသေးတယ်။ ပြီးတော့ သူတို့ မခံနိုင်လို့ ပြန်ပြောတာတွေရှိရင် အသံဖမ်း ထားပြီး ကိုယ့်ဂျာနယ်က ပြန်ဖွတဲ့ ကိုယ်ကလည်း စရိုက်သေး၊ ကိုယ်ကပဲ ကယ်ပါယူပါ ပြန်အော်သေးဆိုတဲ့ ပရင်စီပယ်လည်း ရှိသေးတယ် တပည့်ရလို့ပြောတော့ ကြွက်နီက မြတ်စွာဘုရားရှင်သာ သက်တော် ထင်ရှားရှိရင် ယုတ်မာတဲ့ နေရာမှာ ခင်ဗျားကို ဧတဒဂ်ပေးမှာ သေချာတယ်တဲ့။ ဘာပေးပေးကွာ၊ ရတာတော့ ယူမှာပဲ၊ အခု အင်တာနက်ဆိုတာကြီး ပေါ်လာတာလည်း သိပ်ကောင်းတယ်။ ငါ့တပည့်တွေနဲ့ အကောင့်အတုတွေလုပ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မျာ ဟိုလူ့ကို တိုက်ခိုက်လိုက်၊ ဒီလူ့ကို အပုတ်ချလိုက် လုပ်နေရတာ သိပ်အရသာရှိတာပဲ ပြောလိုက်တော့ ကြွက်နီက ခင်ဗျားကို ပြန်တိုက်ခိုက်ရင်ရောတဲ့။ ဒါက လွယ်ပါတယ်။ ငါ့စာမျက်နှာပေါ်မှာ ငါ့ကို ချီးကျူးတာတွေပဲ ထားတယ်။ ငါ့ကို တွယ်တာဆိုချက်ခြင်း ဖြုတ်ချပြီး တစ်ခါထဲ အဲဒီအကောင့်ကို ဘလော့လိုက်တာပဲ။ ဒီတော့ မျက်စိလည် လမ်းမှားပြီး ငါ့စာမျက်နှာ ၀င်ကြည့်မိတဲ့ သူတွေ က ငါ့ကို တစ်ခါတည်း အထင်ကြီးကုန် ကြရော တပည့်ရလို့ ပြန်ဖြေလိုက် ရတယ်။ မောင်ကြွက်နီက လျှို့ဝှက် လှည့်စားပုံမှား ရိုက်ခြင်းဆိုတဲ့ စာအုပ်ကို ခင်ဗျား အတွေ့အကြုံတွေနဲ့ ရေးဖို့ကောင်းတယ်။ ခင်ဗျားကျင့်သုံးတဲ့ ပရင်စီပယ်တွေကို နောင်လာနောက်သားတွေ မှတ်သားလို့ ရအောင် စာအုပ် ထုတ်ပါလား။ စာအုပ်နာမည်တောင် စဉ်းစားပြီးပြီတဲ့။ ပြောစမ်းပါဦး မင်းက ဘယ်လိုနာမည်ပေးထားသလဲ မေးကြည့်တော့ “ ငရဲကြီးရှစ်ထပ်မှာ သေချာပေါက် နန်းစံရမည့် ပရင်စီပယ်များ”လေဗျာ ဆိုပြီး ပြောလို့ ခွေးမသား ငါက အဟုတ်မှတ်လို့ နားထောင်နေတာ မင်းက ငါ့ကို ပြန်ဖဲ့နေတာပဲဆိုပြီး ရုံးထဲက နှင်ထုတ်လိုက်ရတယ်။ ဘာပဲပြောပြော မာဂျေကတော့ ကျောင်းအုပ်ဆရာမကြီးနဲ့ (အဲလေ) ကိုယ့်ပရင်စီပယ်နဲ့ ကိုယ်ပဲဗျာ။ မာဂျေ ပရင်စီပယ်ဂျေ - လူဆိုတာ ကိုယ့်ပရင်စီပယ်နဲ့ ကိုယ် နေရသကွလို့ ပေါ်မလာ အတော်ကြာပြီဖြစ်တဲ့ တပည့် မောင်ကြွက်နီကို ပြောလိုက်တော့ ဒင်းက “အော် အစ်ကိုကြီးက ကျောင်းအုပ် ဆရာမကြီးနဲ့ အတူနေတာလားတဲ့” ကြွက်နီ မင်း ငါ့ကိုလာပြီး ချောက်တွန်း မနေနဲ့၊ ငါပြောတဲ့ ပရင်စီယယ်က Principleဆိုတဲ့ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတာကို ပြောတာ၊ မင်းပြောတဲ့ ပရင်စီပယ်က Principalဆိုတဲ့ ကျောင်းအုပ်ကြီး၊ နောက်ဆုံးက စာလုံးပေါင်း ကွာတယ်၊ ဘာမှမဆိုင်ဘူး၊ ဒါနဲ့များ မင်းက မသေခင် မိုးပျံရထားပဲဖြစ်ဖြစ်၊ မြေအောက်ရထားပဲဖြစ်ဖြစ် စီးချင်တယ် ပြောရသေးတယ်လို့ သူ့အားနည်းချက် ကိုင်လိုက်တော့ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ မိုးပျံရထား၊ မြေအောက်ရထား မစီးရဘူးလို့ ဘယ်သူမှ ပြောဘူး၊ ဒါကျွန်တော့်ကို သက်သက်မဲ့ နှိမ်တာမဟုတ်လား ထားပါတော့ ခင်ဗျားရဲ့ ပရင်စီပယ်ဆိုတာ ဘာလဲတဲ့။ ငါ့ရဲ့ ပရင်စီပယ်ဆိုတာ လူတစ်ယောက်ကို ကြည့်မရရင် မခေါ်ဘူး၊ အရင်က အရက်ပုလင်းတို့၊ ရေမွှေးတို့ ပေးထားတာရှိရင် ပြန်တောင်းမယ်။ အဲဒီလူက ငါ့အတွက် အသုံးဝင် လာရင် ပြန်ခေါ်မယ်၊ ငါကနဲနဲရှက်တတ်တော့ အဲဒီလို ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ဖို့ ငွေရရင် ဘာမဆို လုပ်မယ့် သူတစ်ယောက်ကို အနားမှာ လက်ပါးစေ အနေနဲ့ မွေးထားရဦးမယ်။ ငါက ကိုက်ဆိုရင် ကိုက်ပြီး၊ ငါကလျှာနဲ့ ပြန်ယက်ပေးလိုက်စမ်း ဆိုရင် ပြန်ယက်ရဲတဲ့ လက်ပါးစေ တွေကို ငွေနဲ့ပေါက်ပြီး မွေးထားတယ်။ ဒါမျက်နှာပြောင်တိုက်ခြင်းဆိုတဲ့ ငါ့ရဲ့ ပရင်စီပယ် အမှတ်တစ်ပဲ။ အောင်မလေးဗျာ ဒီလို ပရင်စီပယ်က လူယုတ်မာတွေ သုံးတဲ့ ပရင်စီပယ်။ ခင်ဗျားကြီးကပါ အဲလိုကြီးလားလို့ သင်ကမေးတော့ ဒါကအစပဲ ရှိသေးတယ်။ ပရင်စီပယ် အမှတ်နှစ်က ကျေးဇူးရှင်ဆိုတာ မရှိဘူး။ ငါနဲ့မတူ ငါ့ရန်သူပဲ၊ မတဲ့တော့ဘူးဆိုတာနဲ့ အဲဒီလူတွေကို အောက်လုံးတွေနဲ့ တိုက်ခိုက်ပစ်မယ်၊ ငါနဲ့ မတဲ့လို့ကတော့ ငါ့ကို ထမင်းအိုးတည် ပေးခဲ့တဲ့သူတောင် မရှောင်ဘူး။ ခင်ဗျားသေရင်တော့ မြေကြီး အောက်ထဲကို သွားရမှာ သေချာနေ ပြီဆိုပြီး ကြွက်နီက ပြန်ခွပ်တော့ ဒါကတော့ ဒီဘ၀ ဒီခန္ဓာနဲ့ စံစားပြီး နောက်ဘ၀မှာ နောက်ခန္ဓာကိုယ်နဲ့ ခံမှာပေါ့လို့ ပြောလိုက်ရတယ်။ ကြွက်နီ ကြည့်ရတာ မာဂျေ အောင်မြင်နေတာကို မနာလိုပုံရနေလို့ နေစမ်းပါဦး၊ မင်းက ငါ့ဆီလာလာပြီး မုန့်ဖိုးလဲ တောင်းသေးတယ်။ ငါ့ကိုတွေ့တိုင်းလဲ ပြန်ပက်နေတယ်။ မင်းကို ငါ့ရုံးလာခွင့် တစ်လပိတ်လိုက်ရမလား မေးပြန်တော့ ကျေးဇူးတင်လိုက်တာ၊ မလာချင်တာနဲ့ အတော်ပဲ၊ ခင်ဗျားဟာ ခင်ဗျား ပြန်စဉ်းစားပါဦး၊ ကျွန်တော်က လာချင်လို့ လာနေတာလား၊ ခင်ဗျားက အတင်းခေါ်လို့ လာနေရတာလားတဲ့။ သူက ဆက်ပြီး ခင်ဗျား ပရင်စီပယ်ထဲမှာ အဖွဲ့အစည်းတစ်ခု ကောင်းစားရင်၊ ကောင်းစားမယ်ထင်ရင် နသားပါရ ၀င်ပေါင်းပြီး အဲဒီအဖွဲ့အစည်း သုံးစားလို့ မရရင် ခင်ဗျားက ခပ်ကင်းကင်းနေခဲ့ပြီး အဲဒီအဖွဲ့အစည်းကို တစ်ချိန်လုံး အာခံလာသလိုရော မပါဘူးလား မေးနေလို့ ရှူးတိုးတိုး ကြွက်နီ... ဒါတွေက အပြင်လူတွေသိတာ မဟုတ်ဘူး၊ မင်းသိရင်လည်း ပါးစပ်ပိတ်ထားလို့ ပြန်ချော့လိုက်ရတယ်။ ဟုတ်တယ်လေ၊ တစ်ချိန်တုန်းက ဒီလိုတွေ ပေါင်းစားလာတာ၊ ကိုယ်နဲ့ မတည့်တဲ့ သူတွေကို အဲဒီခတ်က အာဏာရှိ အဖွဲ့အစည်းတွေဆီ လက်တို့ပြီး ဒုက္ခပေးလာတာ လူတွေသိလို့ မဖြစ်ဘူး။ ဒီခေတ်မှာ မာဂျေက ဒီမိုကရေစီ ပရောဟိတ် နေရာမှာနေပြီး ဟိုပါတီက လူကြီးနဲ့ နှစ်ပါတ်တစ်ခါ တွေ့ပြီး စိတ်ထဲ ထင်ရာတွေ အကြံပေးလိုက်၊ ဒီပါတီကြီးက လူကြီးကို ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားပြောနဲ့ ဆိုပြီး အနေအစား ချောင်နေတာ။ လူတွေကလည်း မာဂျေ့ကို ဒီမိုကရေစီ ဘက်တော်သားကြီးလို့ ထင်နေတာ။ အမှန်ကတော့ မာဂျေက ကိုယ့်အကျိုးစီးပွားမပါရင် နဖူးက ခြင်တောင်ရိုက်တာ မဟုတ်ဘူး၊ တစ်ချို့က အမနာပ ပြောကြတာ ပေါ့လေ။ ဘာတဲ့ စာပေမာဖီးယားကြီးတဲ့။ ဘယ်လိုပဲပြောပြော မာဂျေ့ကို တရားဝင်တော့ မပြောရဲကြဘူး။ ပြောရင်လည်း တရားစွဲပစ်မှာကိုးဗျ။ ဒီရက်ပိုင်းမှာ နိုင်ငံရေး ဂျာနယ်လစ် တစ်ယောက်က တိုင်းပြည် အနာဂတ်နဲ့ ပတ်သက်ပြီး ရေးတာသားတာတွေက ကောင်းနေတယ်။ ကိုယ့်တပည့်တွေကလည်း အဲလိုမရေးတတ်လေတော့ အင်တာနက်ပေါ်ကနေ အဲဒီ ဂျာနယ်မျက်နှာဖုံးနဲ့ နိုင်ငံရေး ဂျာနယ်တွေ အရောင်းကျနေဆိုပြီး တပည့်တွေကို ဖွခိုင်းထားရသေးတယ်။ တယ်လီဖုန်း ဆင်းကတ်တွေ ကလည်း ရောင်းချင်သလို ရောင်းနေတော့ အများကြီး ၀ယ်ထားပြီး ကိုယ်နဲ့မတဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ဂျာနယ်တွေကို ခနိုးခနဲ့ပြောတာ၊ ရန်စတာတွေကို လုပ်ခိုင်းရသေးတယ်။ ပြီးတော့ သူတို့ မခံနိုင်လို့ ပြန်ပြောတာတွေရှိရင် အသံဖမ်း ထားပြီး ကိုယ့်ဂျာနယ်က ပြန်ဖွတဲ့ ကိုယ်ကလည်း စရိုက်သေး၊ ကိုယ်ကပဲ ကယ်ပါယူပါ ပြန်အော်သေးဆိုတဲ့ ပရင်စီပယ်လည်း ရှိသေးတယ် တပည့်ရလို့ပြောတော့ ကြွက်နီက မြတ်စွာဘုရားရှင်သာ သက်တော် ထင်ရှားရှိရင် ယုတ်မာတဲ့ နေရာမှာ ခင်ဗျားကို ဧတဒဂ်ပေးမှာ သေချာတယ်တဲ့။ ဘာပေးပေးကွာ၊ ရတာတော့ ယူမှာပဲ၊ အခု အင်တာနက်ဆိုတာကြီး ပေါ်လာတာလည်း သိပ်ကောင်းတယ်။ ငါ့တပည့်တွေနဲ့ အကောင့်အတုတွေလုပ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မျာ ဟိုလူ့ကို တိုက်ခိုက်လိုက်၊ ဒီလူ့ကို အပုတ်ချလိုက် လုပ်နေရတာ သိပ်အရသာရှိတာပဲ ပြောလိုက်တော့ ကြွက်နီက ခင်ဗျားကို ပြန်တိုက်ခိုက်ရင်ရောတဲ့။ ဒါက လွယ်ပါတယ်။ ငါ့စာမျက်နှာပေါ်မှာ ငါ့ကို ချီးကျူးတာတွေပဲ ထားတယ်။ ငါ့ကို တွယ်တာဆိုချက်ခြင်း ဖြုတ်ချပြီး တစ်ခါထဲ အဲဒီအကောင့်ကို ဘလော့လိုက်တာပဲ။ ဒီတော့ မျက်စိလည် လမ်းမှားပြီး ငါ့စာမျက်နှာ ၀င်ကြည့်မိတဲ့ သူတွေ က ငါ့ကို တစ်ခါတည်း အထင်ကြီးကုန် ကြရော တပည့်ရလို့ ပြန်ဖြေလိုက် ရတယ်။ မောင်ကြွက်နီက လျှို့ဝှက် လှည့်စားပုံမှား ရိုက်ခြင်းဆိုတဲ့ စာအုပ်ကို ခင်ဗျား အတွေ့အကြုံတွေနဲ့ ရေးဖို့ကောင်းတယ်။ ခင်ဗျားကျင့်သုံးတဲ့ ပရင်စီပယ်တွေကို နောင်လာနောက်သားတွေ မှတ်သားလို့ ရအောင် စာအုပ် ထုတ်ပါလား။ စာအုပ်နာမည်တောင် စဉ်းစားပြီးပြီတဲ့။ ပြောစမ်းပါဦး မင်းက ဘယ်လိုနာမည်ပေးထားသလဲ မေးကြည့်တော့ “ ငရဲကြီးရှစ်ထပ်မှာ သေချာပေါက် နန်းစံရမည့် ပရင်စီပယ်များ”လေဗျာ ဆိုပြီး ပြောလို့ ခွေးမသား ငါက အဟုတ်မှတ်လို့ နားထောင်နေတာ မင်းက ငါ့ကို ပြန်ဖဲ့နေတာပဲဆိုပြီး ရုံးထဲက နှင်ထုတ်လိုက်ရတယ်။ ဘာပဲပြောပြော မာဂျေကတော့ ကျောင်းအုပ်ဆရာမကြီးနဲ့ (အဲလေ) ကိုယ့်ပရင်စီပယ်နဲ့ ကိုယ်ပဲဗျာ။ မာဂျေ

No comments: