Wednesday, July 8, 2015

ဆွတ်လျှံကျေးရွာတွင် တောင်ယာများနှင့် လယ်များ အေးချမ်းစွာ စိုက်ပျိုးနိုင်ပြီဟုဆို

ဆွတ်လျှံကျေးရွာတွင် တောင်ယာများနှင့် လယ်များ အေးချမ်းစွာ စိုက်ပျိုးနိုင်ပြီဟုဆို =================================== 7, July, 2015 By Voice Of Kachin မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု အတွင်းရှိ ဆွတ်လျှံကျေးရွာအား KIA မှ စခန်းသစ်တည်ဆောက်ကာ လယ်ခွန်၊ ယာခွန်များ ဆက်ကြေးကောက်ခံခြင်း တောင်ယာသွား လမ်းများအား မိုင်းထောင်ခြင်း၊ လူသစ်ဆွဲခြင်းတို့ကြောင့် တပ်မတော်မှ ပြီးခဲ့တဲ့လထဲမှာ ၀င်ရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ယခုချိန်တွင် KIA များနောက်ထပ်ဝင်ရောက်လာခြင်း မရှိတော့ပဲ ဆွတ်လျှံ ဒေသခံများ တောင်ယာများနှင့် လယ်များ အေးချမ်းစွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ၎င်း ကျေးရွာတွင် ရွာသူ/ရွာသားများ ၁၀၀ ခန့်နေထိုင်ပြီး လယ်ယာဧက (၆၀၀) ကျော်အား ထွန်ယက်စိုက်ပျိုး လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

No comments: