Wednesday, July 8, 2015

ဖားကန့်မြို့နယ်အတွင်း KIA နှင့် ၎င်း၏ အမာခံများ ဆက်ကြေးကောက်ခံမှုနှင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးပါက ပြင်းပြင်းထန်ထန် အရေးယူမည် =========================================

ဖားကန့်မြို့နယ်အတွင်း KIA နှင့် ၎င်း၏ အမာခံများ ဆက်ကြေးကောက်ခံမှုနှင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးပါက ပြင်းပြင်းထန်ထန် အရေးယူမည် ========================================= 7, July, 2015 By Voice Of Kachin ဖားကန့်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေကြီးနေမှုကြောင့် တပ်မတော်မှ ရေဘေးကယ်ဆယ်ရေးကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။ တပ်မတော်မှ ဒေသခံပြည်သူများအား ကူညီဆောင်ရွက်ပေးနေစဉ်အတွင်း KIA နှင့် ၎င်း၏ အမာခံများမှ ကျေးရွာများ၊ မှော်များအတွင်းသို့ ၀င်ရောက်ဆက်ကြေးကောက်ခံပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအ၀ိုင်းမှတဆင့် သိရှိရပါသည်။ KIA အနေဖြင့် တပ်မတော်မှ ၎င်းတို့အပေါ် အာရုံစိုက်မှုနည်းနေသည်ဟု ထင်ကာ ကျေးရွာများသို့ ဆက်ကြေးကောက်ခြင်း၊ လူသစ်ဆွဲခြင်းများ လုပ်ဆောင်ရန် ကြံစည်လျှက် ရှိကြောင်း KIA နှင့် နီးစပ်သူများထံမှ သတင်းရရှိပါသည်။ KIA မှ ဘာသာရေး သင်းအုပ်ဆရာများ ကိုပင် လက်နက်ဖြင့်ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံခိုင်းထားကြောင်း ဒေသခံများထံမှ သတင်းရရှိထားပါသည်။

No comments: