Wednesday, July 15, 2015

လူထုအုံကြွမှုကြီးဖြစ်အောင် ကွန်မြူနစ်ပါတီကနေ တိုက်တွန်းတာပါ – ဗကပ ရဲဘော်ဖိုးသံချောင်း

လူထုအုံကြွမှုကြီးဖြစ်အောင် ကွန်မြူနစ်ပါတီကနေ တိုက်တွန်းတာပါ – ဗကပ ရဲဘော်ဖိုးသံချောင်း အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၃၆၀၀ အဆိုပြုသတ်မှတ်ချက်ဟာ အလုပ်သမားသပိတ်တွေ ဖြစ်ပေါ်လာအောင် ခေါ်ယူတဲ့ အစိုးရဘက်က ဆောင်ရွက်ချက်ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက သဘောထားထုတ်ပြန်ပါတယ်။ ဒီအဆိုပြုနှုန်းထားကို အလုပ်သမားရော အလုပ်ရှင်ပါ မကျေနပ်ကြပေမယ့် အလုပ်သမားတွေဘက်က မကျေနပ်မှုဟာ တရားမျှတမှန်ကန်ပြီး ကြောင်းကျိုးဆီလျော်တယ်လို့ ဆိုပါတယ်။ လက်ရှိကုန်ဈေးနှုန်းတွေအရ ထမင်းနပ်မှန်ရေးနဲ့ မိသားစုကျန်းမာရေး၊ ပညာရေး စတဲ့အရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ အလုပ်သမားတွေဘက်က တောင်းဆိုတဲ့ ကျပ် ၄၀၀၀ နဲ့ ၆၀၀၀ အကြား နှုန်းထားဟာ မများဘူးလို့ ဆိုပါတယ်။ ပေါ်ပေါက်ဖြစ်ပွားလာနိုင်တဲ့ အလုပ်သမားသပိတ်တွေ၊ ဆန္ဒပြမှုတွေကို လယ်သမားတွေ၊ အစိုရဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ မြို့နေဆင်းရဲသားတွေရဲ့ အထွေထွေမကျေနပ်မှုတွေနဲ့ ပေါင်းစပ်ပေးနိုင်ရေးအတွက် လုံးပန်းသင့်တယ်လို့ ဆော်သြထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကို အလုပ်ရှင် (အထည်ချုပ်ပေါ့) လက်မခံဘူး၊ ၂၅၀၀ ပဲပေးမယ်။ အလုပ် သမားတွေလည်း ၄၀၀၀ ရရှိရေးအတွက် ရန်ကုန်မှာ ဆန္ဒပြကြတယ်။ ဒီဆန္ဒပြပွဲတွေဟာ ကျယ်ပြန့်သွားနိုင်သလား။ “ဟုတ်ကဲ့ ကျနော်တို့ဗမာပြည်ရဲ့အခြေအနေက၊ ဒီနေ့ရောက်နေတဲ့အခြေအနေဟာ အလုပ်သမားမှ မဟုတ်ဘူး၊ ကျောင်းသားရော၊ လယ်သမားရော ကျနော်တို့ ဗမာပြည်ရဲ့ အခြေခံကျတဲ့ လူတန်းစားတွေမှာ မကျေနပ်မှုတွေ တနေ့တခြား ပိုများပြားလာတဲ့ အခြေအနေဖြစ်တယ်။ အဲဒီတော့ သူတို့ရဲ့အဆင့်က ဘယ်လို ပြောမလဲဆိုတော့ အောင့်အီးထားလို့ မရတော့တဲ့အဆင့်။ ဒီထက်ဆက်သည်းညည်းခံရင် သေဖို့ရှိတော့တဲ့ အဆင့် အဲလောက်ထိကို ဖြစ်လာတယ်။ အဲဒါကြောင့်မို့ သူတို့က ဆက်ပြီးလုပ်ရတော့မယ့် အခြေအနေ ရောက်လာပြီ။ အဲဒါက တတိုင်းပြည်လုံးရဲ့ အခြေအနေလို့ထင်တယ်။ ဒါ ကျနော်တို့ စိတ်ကူးယဉ်မှု၊ မိမိစိတ်ဆန္ဒနဲ့ ပြောနေတာမဟုတ်ဘူးဗျ။ အဲတော့ ဒါတွေက ဆက်ပြီးဖြစ်တော့မှာဗျ အခုဟာက။ အဲဒါကို အစိုးရက လုပ်နေတဲ့ဟာကလည်း အဲဒါတွေကို အာရုံလွှဲဖို့၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲမှာမှ အဆင့်ဆင့်။ သမ္မတက ဘယ်သူဝင်မယ်၊ မ၀င်ဘူး အဲဒါမျိုးတွေနဲ့ လူထုကို အဲဒီဘက် မျောအောင် လုပ်နေတာ။ တကယ့် လူထုတွေ ခံစားနေကြရတဲ့ မေ့ပြီးတော့ တနေရာမှာ ပါနေအောင် အာရုံတွေလွှဲဖို့ လုပ်နေတာ။ ဒါပေမယ့် မရဘူးဗျ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေက။ နိုင်ငံရေးကိစ္စ ဘေးချိတ်လို့ အနည်းဆုံး ဒီ ၀မ်းရေးကိစ္စ အဲဒါနဲ့ကိုပဲ မပေါက်ကွဲလို့ မရတော့တဲ့အခြေအနေကို ရောက်မှန်းမသိ ရောက်လာပြီ။ တဖြည်းဖြည်း အဲဒီကို ရောက်လာနေတယ်လို့ပဲ ပြောရမှာပဲ။” ၁၉၈၈ ခုနှစ် သမိုင်းဝင်လူထုအုံကြွမှုကြီး ပေါ်ပေါက်လာတဲ့ အကြိုပဏာမ ဖြစ်ရပ်တွေဟာ အခုဖြစ်နေတဲ့ မကျေနပ်မှုတွေ၊ ကျပ်တည်းမှုတွေနဲ့ ဘာတွေတူညီတာရှိလဲ၊ ကွဲလွဲတာရှိလဲ။ ဘယ်လောက်နီးစပ်လဲခင်ဗျ။ “တူညီတာကတော့ ခုနက ပြောတဲ့ တိုင်းပြည်စီးပွားရေးအရ အဓိကကတော့ စီးပွားရေးချွတ်ခြုံကျလာတာပေါ့။ ဟိုတုန်းကလည်း တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းအထိ ရောက်သွားတာကိုး။ နောက်ပြီးတော့ ရာတန်တွေ၊ ငါးဆယ်တန်တွေ ကိစ္စကလည်း ဖြစ်လိုက်တော့။ အဲလိုအခါ ပြည်သူတွေ ထိန်းမနိုင်သိမ်းမရ အုံကြွပေါက်ကွဲတာ။ ဒါပေမယ့် ကျနော်တို့ သတိထားဖို့က အဲဒီ ၈၈ မတိုင်ခင်က ၇၀ ခုနှစ်များက စပြီးတော့ တိုက်ပွဲတွေ အမျိုးမျိုးပေါ်ခဲ့တယ်ဗျ ပြည်သူလူထုအကြားမှာ။ ကျောင်းသားတွေအကြားမှာ ဦးသန့်အရေး အခင်း၊ ရွှေတိဂုံအရေးအခင်း အပါအ၀င်ပေါ့။ အဲဒီဟာတွေကတည်းက လူထုက သွေးတိုးစမ်းလာတာ။ မိမိအင်အား မိမိတည်ဆောက်လာတယ်၊ လေ့ကျင့်လာတယ်။ ၈၀ ခုနှစ်ခေတ်မှာလည်း အဲဒီ အာရ်အိုင်တီမှာ လှုပ်ရှားမှုတွေ ပေါ်သေးတာပဲလေ။ အဲဒါတွေကနေ စုပြုံပြီးတော့ ၈၈ ကျတော့ ပေါက်ကွဲမှုကြီး ဖြစ်တော့ တာပဲ။ အခုလည်း အခြေအနေက ပြည်သူရဲ့ ရုပ်ဘ၀ အခြေအနေကတော့ ဟိုဟာနဲ့ သိပ်ကိုနီးနေပြီ။ ဒါပေမယ့် နိုင်ငံရေးအရ အစိုးရက လှည့်စားထားနိုင်တာလေး နည်းနည်းရှိနေလို့။ တကယ့်ရုပ်ဘ၀အခြေအနေ ကတော့ ပြည်သူလူထုက ၈၈ အခြေအနေနဲ့ ဘာမှမကွာလှပါဘူး။ အဲဒါ နောက်တခုလိုနေတာက လက်တွေ့ စမ်းသပ်မှု၊ ကိုယ့်အင်အားကိုယ် စမ်းသပ်မှုတိုက်ပွဲတွေ၊ နောက် လေ့ကျင့်မှု၊ စုစည်းမှု အဲဒါတွေက အခုမှ လုပ်တုန်း ရှိသေးတယ်ဗျ။ ဥပမာ – ဟိုမှာ တိုက်ပွဲဖော်တယ်၊ ဒ်ီမှာ တိုက်ပွဲဖော်တယ်၊ ဒါတွေဟာ တနေ့နေ့ ကျရင် စုစည်းမိပြီးတော့ ပေါက်ကွဲမှု ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။” အထည်ချုပ်စက်ရုံ ၁၀၀ လောက်က ၂၅၀၀ ဈေးနဲ့ မရရင် စက်ရုံပိတ်ပြီး ထွက်မယ်ဆိုတော့ တကယ်ထွက်ရင် အမျိုးသမီးအများစုဖြစ်တဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ပြဿနာ ဂယက်ရိုက်နိုင်တယ်။ အဲဒီအကျိုးဆက် က ဘာတွေဖြစ်နိုင်မလဲ။ “အဲဒါမျိုးတွေကတော့ နည်းနည်းအသေးစိတ်ဆန်ပါတယ်။ အသေးစိတ်ဆန်တော့ ခုကတည်းက ကြိုပြောလို့ နည်းနည်းလေးတော့ စောပါသေးတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း ထွက်မယ်လို့ ပြောနေတဲ့လူတွေလည်း ကျနော်ထင်တာတော့ မထွက်လောက်ဘူး ထင်ပါတယ်။ သူတို့က မူယာမာယာတွေ ပိုများတယ်လို့ ထင်ပါ တယ်။ အနိုင်ကျင့်ချင်တာပါ အလုပ်သမားလူတန်းစားအပေါ်မှာ တတ်နိုင်သမျှ၊ ရဲဘော်လီနင်ပြောတဲ့ နွားတ ကောင်ကို သားရေနှစ်ထပ် ဆုတ်ယူချင်တယ်ဆိုတဲ့ဟာမျိုးပါ။ အတတ်နိုင်ဆုံး သူတို့က နောက်ဆုံးအခြေ အနေအထိ သူတို့ဘက်က မူလကျီလုပ်ပြီးတော့ အနိုင်ကျင့်ဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့အတွက် ဆိုလို့ရှိရင် ဗမာပြည်ထက်ဈေးပေါတဲ့၊ လုပ်အားခဈေးပေါတဲ့၊ တခြားဟာတွေ အခွင့်အရေးတွေကောင်းတဲ့ နေရာမရှိပါဘူးခင်ဗျ။ ဗမာပြည်မှာ အစိုးရက လုံးဝနီးပါး အလုပ်ရှင်တွေဘက်က အရင်းရှင်ထိပ်သီးတွေ ဘက်က၊ သူတို့ခရိုနီတွေဘက်က ရပ်တည်ပေးထားတာပါ။ အဲလိုနိုင်ငံမျိုး တခြား တကယ့်အရင်းရှင် အကြီး ဆုံးနိုင်ငံကြီးတွေမှာတောင်မှ ရှာရခက်ပါတယ် မရှိပါဘူး။ အဲတော့ သူတို့ဒါကိုလည်းသိပါတယ်၊ မသိတာ မဟုတ်ပါဘူး။” အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော် ၂ နှစ်ခန့်ကတည်းက အစိုးရ ပြောဆို လုပ်ဆောင်နေတဲ့ကိစ္စဟာ အခု ရွေးကောက်ပွဲနီးမှ ၃၆၀၀ အဆိုပြုနိုင်တာပေါ့။ ဒီဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင် လား။ နောက်ကွယ်က ၀ှက်ထားတဲ့လက်ရှိလား။ “ကျနော် ခုနကပြောခဲ့တာကို မှတ်မိမယ်ထင်ပါတယ်။ သူတို့လူထုကို အာရုံထွေပြားအောင်၊ တခုခုထဲ မြောနေ အောင် လုပ်နေတဲ့အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေနဲ့ ဆက်နေတယ်လို့ပဲ ကျနော်ယူဆပါတယ် အခုဟာက လည်းပဲ။ အခုအချိန်ကမှ ဖော်ထုတ်လာ၊ လူထုလည်း ဒါတွေထဲမြောနေအောင်။ သူတို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဖြစ်စေ၊ တခြားဟာတွေနဲ့ ပတ်သက်လို့ဖြစ်စေ သူတို့လုပ်ချင်တာတွေ လုပ်လို့ရအောင်လို့။ အားလုံးသိနေကြတာပဲ ဒီရွေးကောက်ပွဲဟာ သူတို့ ရိုးရိုးသားသား လုပ်လို့ရှိရင် ဘယ်လိုမှ သူတို့ မဲလုံလုံ လောက်လောက် မရနိုင်ဘူး။ သူတို့ မတော်မတရားတခုခုကတော့ လုပ်ကိုလုပ်ရမှာ။ အဲလိုလုပ်ဖို့ဟာတွေ အတွက် လူထုကို တနေရာတည်းမှာ မြောနေအောင် ဖန်တီးထားတယ်လို့ ကျနော်က အဲလိုထင်ပါတယ်။” ဒီဆန္ဒပြပွဲတွေကို လယ်သမား၊ အစိုးရ၀န်ထမ်း၊ ကျောင်းသား၊ မြို့နေဆင်းရဲသားတွေရဲ့ အထွေထွေ မကျေနပ်မှုတွေနဲ့ ပေါင်းစပ်ရေးအတွက် လုံးပန်းကြသင့်တယ်လို့ အန်ကယ်တို့ ပါတီကနေ တိုက်တွန်းထား တယ်။ ဒါကလေ ဆန္ဒပြပွဲတွေ ကြီးမားပြီးတော့ လူထုအုံကြွမှုကြီးဖြစ်အောင် ကွန်မြူနစ်ပါတီကနေ တိုက်တွန်း တာလားခင်ဗျာ။ “ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ ဗမာပြည်သူလူထုအနေနဲ့ မိမိကိုယ်မိမိပဲ အားကိုးစရာရှိတယ်။ တခြား ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘူး။ အားကိုးတယ်ဆိုတဲ့ နေရာမှာလည်း မိမိကိုယ်ကိုမိမိဆိုတာ တကယ့်ကို အတ္တာဟိအတ္တနောနာထော ဘယ်အဖွဲ့အစည်းကိုမှ မမျှော်ကိုးပါနဲ့။ အဲဒီသဘောမျိုးနဲ့ ကျနော်တို့ တိုက်တွန်း တာပါ။” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အတိုက်အခံပါတီကြီးက ခေါင်းဆောင်က ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး တည်ငြိမ်ဖို့ လိုတယ်လို့ ပြောဆိုထားတယ်။ အဲဒီလိုဆိုတော့ ကွန်မြူနစ်ပါတီရဲ့ တိုက်တွန်းချက်က အဲဒီ ပါတီကြီးတွေရဲ့ သဘောထားနဲ့ ဖီလာဆန့်ကျင် မဖြစ်နေဘူးလား။ “ဟုတ်ကဲ့။ ကျနော်ကတော့ ပြောချင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင် ထမင်းဝအောင် ကျွေးပါ။ အဲဒါ ပိုအရေး ကြီးတယ်ထင်ပါတယ်။ ထမင်းစားဖို့ကိစ္စဟာ ရွေးကောက်ပွဲထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ၀မ်းရေး ကို မဖြေရှင်းဘဲနဲ့ ကျန်တဲ့ဟာတွေကို လျှောက်ပြီးတော့ ပါးလှည့်နားလှည့် လုပ်နေတာ မသင့်တော်ဘူးလို့ ထင်ပါတယ်။” လွန်ခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပုဒ်မ ၄၃၆ (က) ရော၊ (ခ) ပါ တပ်မတော်သားတွေ မထောက်ခံလို့ အရပ်သားအမတ်တွေဘက်က ရှုံးနိမ့်ခဲ့ကြတာနဲ့ပတ်သက်လို့ လွှတ်တော်တွင်း ပြောဆိုချက်၊ မဲခွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုးသုံးသပ်မိသလဲ။ “ကျနော်တို့မြင်နေတာကတော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူတို့တပ်အနေနဲ့၊ စစ်အုပ်စုအနေနဲ့ လုပ်ချင်တာလုပ်လို့ရအောင် ဖန်တီးထားတဲ့ ဥပဒေတခုဖြစ်တယ်ဗျ။ အဲဒါကို ဘယ်လိုမှ ပြင်လို့မရအောင် လည်း သူတို့လုပ်ထားတာဖြစ်တယ်။ သဘောတရားအရတောင်မှ ပြောရခက်တယ်။ ပြောလေ့ရှိတာက သဘောတရားအရ ပြင်လို့ရပါတယ်၊ လက်တွေ့မှာဆိုတာမျိုး။ အဲလိုကို ပြောလို့မရနိုင်လောက်အောင် ပြင်ရခက်အောင် လုပ်ထားတာဖြစ်တယ်။ ပြင်ရခက်အောင် မဟုတ်ပါဘူး၊ တကယ့်လက်တွေ့ပဲ ပြောကြပါစို့၊ ပြင်လို့မရအောင် လုပ်ထားတဲ့ဟာကြီးပါ။ အဲဒါကို ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် မသိချင်ဟန်ဆောင်ပြီးတော့ သိပ်ရိုးအဟန်ဆောင်ပြီးတော့ အဲဒီထဲ ၀င်ဝင်ပြီးတိုးနေ၊ အင်အားတွေ ဖြုန်းတီးနေရတာတော့ မသင့်တော်ဘူး၊ မတန်ဘူးလို့ထင်တယ်။ ပေးရတဲ့တန်ဖိုးနဲ့ အဲဒီဟာနဲ့။ အထူးသဖြင့် ပေးရတဲ့တန်ဖိုးဆိုတဲ့နေရာမှာ လူထုကို သူတို့လုပ်ရမယ့် အလုပ်မလုပ်ဘဲနဲ့ အဲဒီ တခြားဟာတွေဘက် မြောနေအောင် အချိန်တွေကုန်၊ အဲဒီ ကုန်နေတဲ့အချိန်အတွင်းမှာ ဗမာပြည်မှာ စစ်တပ်နဲ့ သူ့ခရိုနီတွေက တိုင်းပြည်ကို စီးပွားရေးအရရော၊ နိုင်ငံရေးအရရော၊ လူမှုရေးအရရော အုပ်စည်းသထက် အုပ်စည်းမိလာတာ အချိန်တွေက သိပ်ကို ဆွဲသွား တယ်ဗျ။ မတန်ဘူးလို့ထင်တယ်။” သပိတ်တိုက်ပွဲတွေကနေ အုံကြွမှုဖြစ်အောင် ဆောင်ကြဉ်းပါဆိုတဲ့ ပါတီတိုက်တွန်းချက်နဲ့ ဆက်နွယ်ပြီး မြန်မာပြည်သူကို မှတ်ချက်ပြုပြောကြားပေးပါလား။ “ကျနော်ကတော့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ထူးထူးခြားခြား မပြောလိုပါဘူး။ ကျနော်တို့အနေနဲ့ ကတော့ အလုပ်သမားတွေရဲ့၊ ဗမာပြည်က အလုပ်သမားတွေရဲ့ အစဉ်အလာကိုရော၊ သူတို့ရဲ့ စွမ်းအင် ကိုရော၊ လုပ်နိုင်စွမ်း တိုက်နိုင်စွမ်းကိုရော ကျနော်တို့ လုံးဝယုံကြည်တယ်။ အဲဒါကြောင့်မို့ သူတို့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်အားကိုးစွာနဲ့ လုပ်မယ်ဆိုရင်၊ ဒါပေမယ့် လွယ်တယ်လို့ ကျနော်ပြောတာ မဟုတ်ဘူးနော်၊ ကျနော်တို့ ပေးဆပ်ရတာတွေလည်း ရှိရင်ရှိမယ်၊ စွန့်လွှတ်ရတာတွေ ရှိရင်ရှိမယ်၊ အောင်ပွဲကတော့ ခံမှာပဲ။ ကျနော်တို့ ဗမာပြည်သူလူထုတွေနဲ့ အောင်ပွဲခံမယ်ဆိုတဲ့ အကောင်းမြင်ဝါဒ ရှိဖို့လိုတယ်။ တချိန်တည်းမှာပဲ လုပ်သင့်တဲ့၊ ပေးသင့်တဲ့ စွန့်လွှတ်မှုကိုလည်း ပေးရမယ်ဆိုတဲ့ ပြင်ဆင်မှု ရှိရမယ်လို့ ကျနော်အကြံပြုချင် ပါတယ်။ DVB လူထုအုံကြွမှုကြီးဖြစ်အောင် ကွန်မြူနစ်ပါတီကနေ တိုက်တွန်းတာပါ – ဗကပ ရဲဘော်ဖိုးသံချောင်း အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၃၆၀၀ အဆိုပြုသတ်မှတ်ချက်ဟာ အလုပ်သမားသပိတ်တွေ ဖြစ်ပေါ်လာအောင် ခေါ်ယူတဲ့ အစိုးရဘက်က ဆောင်ရွက်ချက်ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက သဘောထားထုတ်ပြန်ပါတယ်။ ဒီအဆိုပြုနှုန်းထားကို အလုပ်သမားရော အလုပ်ရှင်ပါ မကျေနပ်ကြပေမယ့် အလုပ်သမားတွေဘက်က မကျေနပ်မှုဟာ တရားမျှတမှန်ကန်ပြီး ကြောင်းကျိုးဆီလျော်တယ်လို့ ဆိုပါတယ်။ လက်ရှိကုန်ဈေးနှုန်းတွေအရ ထမင်းနပ်မှန်ရေးနဲ့ မိသားစုကျန်းမာရေး၊ ပညာရေး စတဲ့အရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ အလုပ်သမားတွေဘက်က တောင်းဆိုတဲ့ ကျပ် ၄၀၀၀ နဲ့ ၆၀၀၀ အကြား နှုန်းထားဟာ မများဘူးလို့ ဆိုပါတယ်။ ပေါ်ပေါက်ဖြစ်ပွားလာနိုင်တဲ့ အလုပ်သမားသပိတ်တွေ၊ ဆန္ဒပြမှုတွေကို လယ်သမားတွေ၊ အစိုရဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ မြို့နေဆင်းရဲသားတွေရဲ့ အထွေထွေမကျေနပ်မှုတွေနဲ့ ပေါင်းစပ်ပေးနိုင်ရေးအတွက် လုံးပန်းသင့်တယ်လို့ ဆော်သြထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကို အလုပ်ရှင် (အထည်ချုပ်ပေါ့) လက်မခံဘူး၊ ၂၅၀၀ ပဲပေးမယ်။ အလုပ် သမားတွေလည်း ၄၀၀၀ ရရှိရေးအတွက် ရန်ကုန်မှာ ဆန္ဒပြကြတယ်။ ဒီဆန္ဒပြပွဲတွေဟာ ကျယ်ပြန့်သွားနိုင်သလား။ “ဟုတ်ကဲ့ ကျနော်တို့ဗမာပြည်ရဲ့အခြေအနေက၊ ဒီနေ့ရောက်နေတဲ့အခြေအနေဟာ အလုပ်သမားမှ မဟုတ်ဘူး၊ ကျောင်းသားရော၊ လယ်သမားရော ကျနော်တို့ ဗမာပြည်ရဲ့ အခြေခံကျတဲ့ လူတန်းစားတွေမှာ မကျေနပ်မှုတွေ တနေ့တခြား ပိုများပြားလာတဲ့ အခြေအနေဖြစ်တယ်။ အဲဒီတော့ သူတို့ရဲ့အဆင့်က ဘယ်လို ပြောမလဲဆိုတော့ အောင့်အီးထားလို့ မရတော့တဲ့အဆင့်။ ဒီထက်ဆက်သည်းညည်းခံရင် သေဖို့ရှိတော့တဲ့ အဆင့် အဲလောက်ထိကို ဖြစ်လာတယ်။ အဲဒါကြောင့်မို့ သူတို့က ဆက်ပြီးလုပ်ရတော့မယ့် အခြေအနေ ရောက်လာပြီ။ အဲဒါက တတိုင်းပြည်လုံးရဲ့ အခြေအနေလို့ထင်တယ်။ ဒါ ကျနော်တို့ စိတ်ကူးယဉ်မှု၊ မိမိစိတ်ဆန္ဒနဲ့ ပြောနေတာမဟုတ်ဘူးဗျ။ အဲတော့ ဒါတွေက ဆက်ပြီးဖြစ်တော့မှာဗျ အခုဟာက။ အဲဒါကို အစိုးရက လုပ်နေတဲ့ဟာကလည်း အဲဒါတွေကို အာရုံလွှဲဖို့၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲမှာမှ အဆင့်ဆင့်။ သမ္မတက ဘယ်သူဝင်မယ်၊ မ၀င်ဘူး အဲဒါမျိုးတွေနဲ့ လူထုကို အဲဒီဘက် မျောအောင် လုပ်နေတာ။ တကယ့် လူထုတွေ ခံစားနေကြရတဲ့ မေ့ပြီးတော့ တနေရာမှာ ပါနေအောင် အာရုံတွေလွှဲဖို့ လုပ်နေတာ။ ဒါပေမယ့် မရဘူးဗျ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေက။ နိုင်ငံရေးကိစ္စ ဘေးချိတ်လို့ အနည်းဆုံး ဒီ ၀မ်းရေးကိစ္စ အဲဒါနဲ့ကိုပဲ မပေါက်ကွဲလို့ မရတော့တဲ့အခြေအနေကို ရောက်မှန်းမသိ ရောက်လာပြီ။ တဖြည်းဖြည်း အဲဒီကို ရောက်လာနေတယ်လို့ပဲ ပြောရမှာပဲ။” ၁၉၈၈ ခုနှစ် သမိုင်းဝင်လူထုအုံကြွမှုကြီး ပေါ်ပေါက်လာတဲ့ အကြိုပဏာမ ဖြစ်ရပ်တွေဟာ အခုဖြစ်နေတဲ့ မကျေနပ်မှုတွေ၊ ကျပ်တည်းမှုတွေနဲ့ ဘာတွေတူညီတာရှိလဲ၊ ကွဲလွဲတာရှိလဲ။ ဘယ်လောက်နီးစပ်လဲခင်ဗျ။ “တူညီတာကတော့ ခုနက ပြောတဲ့ တိုင်းပြည်စီးပွားရေးအရ အဓိကကတော့ စီးပွားရေးချွတ်ခြုံကျလာတာပေါ့။ ဟိုတုန်းကလည်း တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းအထိ ရောက်သွားတာကိုး။ နောက်ပြီးတော့ ရာတန်တွေ၊ ငါးဆယ်တန်တွေ ကိစ္စကလည်း ဖြစ်လိုက်တော့။ အဲလိုအခါ ပြည်သူတွေ ထိန်းမနိုင်သိမ်းမရ အုံကြွပေါက်ကွဲတာ။ ဒါပေမယ့် ကျနော်တို့ သတိထားဖို့က အဲဒီ ၈၈ မတိုင်ခင်က ၇၀ ခုနှစ်များက စပြီးတော့ တိုက်ပွဲတွေ အမျိုးမျိုးပေါ်ခဲ့တယ်ဗျ ပြည်သူလူထုအကြားမှာ။ ကျောင်းသားတွေအကြားမှာ ဦးသန့်အရေး အခင်း၊ ရွှေတိဂုံအရေးအခင်း အပါအ၀င်ပေါ့။ အဲဒီဟာတွေကတည်းက လူထုက သွေးတိုးစမ်းလာတာ။ မိမိအင်အား မိမိတည်ဆောက်လာတယ်၊ လေ့ကျင့်လာတယ်။ ၈၀ ခုနှစ်ခေတ်မှာလည်း အဲဒီ အာရ်အိုင်တီမှာ လှုပ်ရှားမှုတွေ ပေါ်သေးတာပဲလေ။ အဲဒါတွေကနေ စုပြုံပြီးတော့ ၈၈ ကျတော့ ပေါက်ကွဲမှုကြီး ဖြစ်တော့ တာပဲ။ အခုလည်း အခြေအနေက ပြည်သူရဲ့ ရုပ်ဘ၀ အခြေအနေကတော့ ဟိုဟာနဲ့ သိပ်ကိုနီးနေပြီ။ ဒါပေမယ့် နိုင်ငံရေးအရ အစိုးရက လှည့်စားထားနိုင်တာလေး နည်းနည်းရှိနေလို့။ တကယ့်ရုပ်ဘ၀အခြေအနေ ကတော့ ပြည်သူလူထုက ၈၈ အခြေအနေနဲ့ ဘာမှမကွာလှပါဘူး။ အဲဒါ နောက်တခုလိုနေတာက လက်တွေ့ စမ်းသပ်မှု၊ ကိုယ့်အင်အားကိုယ် စမ်းသပ်မှုတိုက်ပွဲတွေ၊ နောက် လေ့ကျင့်မှု၊ စုစည်းမှု အဲဒါတွေက အခုမှ လုပ်တုန်း ရှိသေးတယ်ဗျ။ ဥပမာ – ဟိုမှာ တိုက်ပွဲဖော်တယ်၊ ဒ်ီမှာ တိုက်ပွဲဖော်တယ်၊ ဒါတွေဟာ တနေ့နေ့ ကျရင် စုစည်းမိပြီးတော့ ပေါက်ကွဲမှု ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။” အထည်ချုပ်စက်ရုံ ၁၀၀ လောက်က ၂၅၀၀ ဈေးနဲ့ မရရင် စက်ရုံပိတ်ပြီး ထွက်မယ်ဆိုတော့ တကယ်ထွက်ရင် အမျိုးသမီးအများစုဖြစ်တဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ပြဿနာ ဂယက်ရိုက်နိုင်တယ်။ အဲဒီအကျိုးဆက် က ဘာတွေဖြစ်နိုင်မလဲ။ “အဲဒါမျိုးတွေကတော့ နည်းနည်းအသေးစိတ်ဆန်ပါတယ်။ အသေးစိတ်ဆန်တော့ ခုကတည်းက ကြိုပြောလို့ နည်းနည်းလေးတော့ စောပါသေးတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း ထွက်မယ်လို့ ပြောနေတဲ့လူတွေလည်း ကျနော်ထင်တာတော့ မထွက်လောက်ဘူး ထင်ပါတယ်။ သူတို့က မူယာမာယာတွေ ပိုများတယ်လို့ ထင်ပါ တယ်။ အနိုင်ကျင့်ချင်တာပါ အလုပ်သမားလူတန်းစားအပေါ်မှာ တတ်နိုင်သမျှ၊ ရဲဘော်လီနင်ပြောတဲ့ နွားတ ကောင်ကို သားရေနှစ်ထပ် ဆုတ်ယူချင်တယ်ဆိုတဲ့ဟာမျိုးပါ။ အတတ်နိုင်ဆုံး သူတို့က နောက်ဆုံးအခြေ အနေအထိ သူတို့ဘက်က မူလကျီလုပ်ပြီးတော့ အနိုင်ကျင့်ဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့အတွက် ဆိုလို့ရှိရင် ဗမာပြည်ထက်ဈေးပေါတဲ့၊ လုပ်အားခဈေးပေါတဲ့၊ တခြားဟာတွေ အခွင့်အရေးတွေကောင်းတဲ့ နေရာမရှိပါဘူးခင်ဗျ။ ဗမာပြည်မှာ အစိုးရက လုံးဝနီးပါး အလုပ်ရှင်တွေဘက်က အရင်းရှင်ထိပ်သီးတွေ ဘက်က၊ သူတို့ခရိုနီတွေဘက်က ရပ်တည်ပေးထားတာပါ။ အဲလိုနိုင်ငံမျိုး တခြား တကယ့်အရင်းရှင် အကြီး ဆုံးနိုင်ငံကြီးတွေမှာတောင်မှ ရှာရခက်ပါတယ် မရှိပါဘူး။ အဲတော့ သူတို့ဒါကိုလည်းသိပါတယ်၊ မသိတာ မဟုတ်ပါဘူး။” အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော် ၂ နှစ်ခန့်ကတည်းက အစိုးရ ပြောဆို လုပ်ဆောင်နေတဲ့ကိစ္စဟာ အခု ရွေးကောက်ပွဲနီးမှ ၃၆၀၀ အဆိုပြုနိုင်တာပေါ့။ ဒီဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင် လား။ နောက်ကွယ်က ၀ှက်ထားတဲ့လက်ရှိလား။ “ကျနော် ခုနကပြောခဲ့တာကို မှတ်မိမယ်ထင်ပါတယ်။ သူတို့လူထုကို အာရုံထွေပြားအောင်၊ တခုခုထဲ မြောနေ အောင် လုပ်နေတဲ့အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေနဲ့ ဆက်နေတယ်လို့ပဲ ကျနော်ယူဆပါတယ် အခုဟာက လည်းပဲ။ အခုအချိန်ကမှ ဖော်ထုတ်လာ၊ လူထုလည်း ဒါတွေထဲမြောနေအောင်။ သူတို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဖြစ်စေ၊ တခြားဟာတွေနဲ့ ပတ်သက်လို့ဖြစ်စေ သူတို့လုပ်ချင်တာတွေ လုပ်လို့ရအောင်လို့။ အားလုံးသိနေကြတာပဲ ဒီရွေးကောက်ပွဲဟာ သူတို့ ရိုးရိုးသားသား လုပ်လို့ရှိရင် ဘယ်လိုမှ သူတို့ မဲလုံလုံ လောက်လောက် မရနိုင်ဘူး။ သူတို့ မတော်မတရားတခုခုကတော့ လုပ်ကိုလုပ်ရမှာ။ အဲလိုလုပ်ဖို့ဟာတွေ အတွက် လူထုကို တနေရာတည်းမှာ မြောနေအောင် ဖန်တီးထားတယ်လို့ ကျနော်က အဲလိုထင်ပါတယ်။” ဒီဆန္ဒပြပွဲတွေကို လယ်သမား၊ အစိုးရ၀န်ထမ်း၊ ကျောင်းသား၊ မြို့နေဆင်းရဲသားတွေရဲ့ အထွေထွေ မကျေနပ်မှုတွေနဲ့ ပေါင်းစပ်ရေးအတွက် လုံးပန်းကြသင့်တယ်လို့ အန်ကယ်တို့ ပါတီကနေ တိုက်တွန်းထား တယ်။ ဒါကလေ ဆန္ဒပြပွဲတွေ ကြီးမားပြီးတော့ လူထုအုံကြွမှုကြီးဖြစ်အောင် ကွန်မြူနစ်ပါတီကနေ တိုက်တွန်း တာလားခင်ဗျာ။ “ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ ဗမာပြည်သူလူထုအနေနဲ့ မိမိကိုယ်မိမိပဲ အားကိုးစရာရှိတယ်။ တခြား ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘူး။ အားကိုးတယ်ဆိုတဲ့ နေရာမှာလည်း မိမိကိုယ်ကိုမိမိဆိုတာ တကယ့်ကို အတ္တာဟိအတ္တနောနာထော ဘယ်အဖွဲ့အစည်းကိုမှ မမျှော်ကိုးပါနဲ့။ အဲဒီသဘောမျိုးနဲ့ ကျနော်တို့ တိုက်တွန်း တာပါ။” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အတိုက်အခံပါတီကြီးက ခေါင်းဆောင်က ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး တည်ငြိမ်ဖို့ လိုတယ်လို့ ပြောဆိုထားတယ်။ အဲဒီလိုဆိုတော့ ကွန်မြူနစ်ပါတီရဲ့ တိုက်တွန်းချက်က အဲဒီ ပါတီကြီးတွေရဲ့ သဘောထားနဲ့ ဖီလာဆန့်ကျင် မဖြစ်နေဘူးလား။ “ဟုတ်ကဲ့။ ကျနော်ကတော့ ပြောချင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင် ထမင်းဝအောင် ကျွေးပါ။ အဲဒါ ပိုအရေး ကြီးတယ်ထင်ပါတယ်။ ထမင်းစားဖို့ကိစ္စဟာ ရွေးကောက်ပွဲထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ၀မ်းရေး ကို မဖြေရှင်းဘဲနဲ့ ကျန်တဲ့ဟာတွေကို လျှောက်ပြီးတော့ ပါးလှည့်နားလှည့် လုပ်နေတာ မသင့်တော်ဘူးလို့ ထင်ပါတယ်။” လွန်ခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပုဒ်မ ၄၃၆ (က) ရော၊ (ခ) ပါ တပ်မတော်သားတွေ မထောက်ခံလို့ အရပ်သားအမတ်တွေဘက်က ရှုံးနိမ့်ခဲ့ကြတာနဲ့ပတ်သက်လို့ လွှတ်တော်တွင်း ပြောဆိုချက်၊ မဲခွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုးသုံးသပ်မိသလဲ။ “ကျနော်တို့မြင်နေတာကတော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူတို့တပ်အနေနဲ့၊ စစ်အုပ်စုအနေနဲ့ လုပ်ချင်တာလုပ်လို့ရအောင် ဖန်တီးထားတဲ့ ဥပဒေတခုဖြစ်တယ်ဗျ။ အဲဒါကို ဘယ်လိုမှ ပြင်လို့မရအောင် လည်း သူတို့လုပ်ထားတာဖြစ်တယ်။ သဘောတရားအရတောင်မှ ပြောရခက်တယ်။ ပြောလေ့ရှိတာက သဘောတရားအရ ပြင်လို့ရပါတယ်၊ လက်တွေ့မှာဆိုတာမျိုး။ အဲလိုကို ပြောလို့မရနိုင်လောက်အောင် ပြင်ရခက်အောင် လုပ်ထားတာဖြစ်တယ်။ ပြင်ရခက်အောင် မဟုတ်ပါဘူး၊ တကယ့်လက်တွေ့ပဲ ပြောကြပါစို့၊ ပြင်လို့မရအောင် လုပ်ထားတဲ့ဟာကြီးပါ။ အဲဒါကို ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် မသိချင်ဟန်ဆောင်ပြီးတော့ သိပ်ရိုးအဟန်ဆောင်ပြီးတော့ အဲဒီထဲ ၀င်ဝင်ပြီးတိုးနေ၊ အင်အားတွေ ဖြုန်းတီးနေရတာတော့ မသင့်တော်ဘူး၊ မတန်ဘူးလို့ထင်တယ်။ ပေးရတဲ့တန်ဖိုးနဲ့ အဲဒီဟာနဲ့။ အထူးသဖြင့် ပေးရတဲ့တန်ဖိုးဆိုတဲ့နေရာမှာ လူထုကို သူတို့လုပ်ရမယ့် အလုပ်မလုပ်ဘဲနဲ့ အဲဒီ တခြားဟာတွေဘက် မြောနေအောင် အချိန်တွေကုန်၊ အဲဒီ ကုန်နေတဲ့အချိန်အတွင်းမှာ ဗမာပြည်မှာ စစ်တပ်နဲ့ သူ့ခရိုနီတွေက တိုင်းပြည်ကို စီးပွားရေးအရရော၊ နိုင်ငံရေးအရရော၊ လူမှုရေးအရရော အုပ်စည်းသထက် အုပ်စည်းမိလာတာ အချိန်တွေက သိပ်ကို ဆွဲသွား တယ်ဗျ။ မတန်ဘူးလို့ထင်တယ်။” သပိတ်တိုက်ပွဲတွေကနေ အုံကြွမှုဖြစ်အောင် ဆောင်ကြဉ်းပါဆိုတဲ့ ပါတီတိုက်တွန်းချက်နဲ့ ဆက်နွယ်ပြီး မြန်မာပြည်သူကို မှတ်ချက်ပြုပြောကြားပေးပါလား။ “ကျနော်ကတော့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ထူးထူးခြားခြား မပြောလိုပါဘူး။ ကျနော်တို့အနေနဲ့ ကတော့ အလုပ်သမားတွေရဲ့၊ ဗမာပြည်က အလုပ်သမားတွေရဲ့ အစဉ်အလာကိုရော၊ သူတို့ရဲ့ စွမ်းအင် ကိုရော၊ လုပ်နိုင်စွမ်း တိုက်နိုင်စွမ်းကိုရော ကျနော်တို့ လုံးဝယုံကြည်တယ်။ အဲဒါကြောင့်မို့ သူတို့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်အားကိုးစွာနဲ့ လုပ်မယ်ဆိုရင်၊ ဒါပေမယ့် လွယ်တယ်လို့ ကျနော်ပြောတာ မဟုတ်ဘူးနော်၊ ကျနော်တို့ ပေးဆပ်ရတာတွေလည်း ရှိရင်ရှိမယ်၊ စွန့်လွှတ်ရတာတွေ ရှိရင်ရှိမယ်၊ အောင်ပွဲကတော့ ခံမှာပဲ။ ကျနော်တို့ ဗမာပြည်သူလူထုတွေနဲ့ အောင်ပွဲခံမယ်ဆိုတဲ့ အကောင်းမြင်ဝါဒ ရှိဖို့လိုတယ်။ တချိန်တည်းမှာပဲ လုပ်သင့်တဲ့၊ ပေးသင့်တဲ့ စွန့်လွှတ်မှုကိုလည်း ပေးရမယ်ဆိုတဲ့ ပြင်ဆင်မှု ရှိရမယ်လို့ ကျနော်အကြံပြုချင် ပါတယ်။ DVB

No comments: